လုပ်ငန်းခွင်ဝင်နေတဲ့သူဆိုတာ တစ်နေ့တာရဲ့အချိန်ကာလတစ်ဝက်ကျော်ကျော်လောက်က ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အချိန်ကုန်ဆုံးရတာမျိုးပါ။ဒီလိုကိုယ်အချိန်အများကြီးပေးရတဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောကြတဲ့အခါ ဒီအကြောင်းတွေမပြောမိအောင်တော့သတိထားဖို့လိုပါတယ်။ဘယ်လိုအကြောင်းအရာမျိုးတွေလဲ? အရင်အလုပ်နဲ့ပတ်သက်ပြီး… အရင်အလုပ်ကိုဘယ်လောက်ထိမုန်းတာ၊အရင်အလုပ်တုန်းကတော့ ဘယ်လိုဘာညာဆိုပြီးမပြောသင့်ပါဘူး။ကိုယ်မလုပ်ချင်လို့ထွက်လာတဲ့အလုပ်တစ်ခုကိုမုန်းတဲ့အကြောင်း၊မနှစ်သက်တဲ့အကြောင်း ဒီအလုပ်မှာပြောနေတာက ကိုယ်က မရင့်ကျက်သေးဘူးဆိုတာပြနေတာနဲ့အတူတူပါပဲ။ဒါက ကိုယ့်တာဝန်ကိုယ်မယူတတ်ဘူးဆိုတဲ့ဝန်ထမ်းတစ်ယောက်ပုံစံပေါက်နေပါတယ်။ နိုင်ငံရေးအမြင်ဝါဒတွေ… လူဆိုတာ တစ်ယောက်နဲ့တစ်ယောက်အမြင်ချင်းတူမှာမဟုတ်ပါဘူး။ဒီလိုအမြင်ချင်းမတူကြတာက နိုင်ငံရေးအမြင်မှာဆို ပိုပြီးဆိုးပါတယ်။အခင်မင်ပျက်သွားတဲ့အထိ အငြင်းပွားစေတာမျိုးပါ။ဒါကြောင့် ကိုယ့်နိုင်ငံရေးအမြင် ကိုယ့်ဘာသာသိမ်းထားပြီး ကိုယ်နဲ့ဆွေးနွေးမယ့်သူရှိတယ်ဆိုရင်တောင် စကားပြောတတ်ဆိုတတ်ဖို့လိုပါသေးတယ်။ ကျန်းမာရေးဆိုင်ရာကိစ္စများ… ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ပြောပြတာ၊အကြံဉာဏ်တောင်းတာ၊ဆွေးနွေးတာမျိုးမလုပ်သင့်ပါဘူး။ဘာလို့လဲဆိုတော့ […]