မရမ်းသီးသနပ်လုပ်နည်း

အချစ်တို့ရေ….

မရမ်းသီး သနပ်လေး လုပ်နည်း သိတဲ့သူတွေ ရှိသလို မသိတဲ့သူတွေအတွက်.. အိမ်မှာ လုပ်တဲ့ လုပ်နည်းလေး ပြောပြပေးလိုက်ပါတယ်ရှင်….

တနှစ် စာပတ်လုံး အထားခံသော နည်းလေးပါ…

အရင်ဆုံး..မရမ်းသီးများကို ရေစိမ်ထားပါ ပြီးရင် လိုသလိုလေး တုံး ပါ

အစေ့များ ထုတ်ပြီး..ရေ သန့်စင်အောင်ဆေးပါ

ရေဆေးထားသော မရမ်းသီးများကို ဆား ဖြင့် နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ..(ဆားကို မနည်းစေချင်သလို များလွန်းရင်လဲ အရမ်းငံနေပ့မယ် နည်းရင်လဲ စားမကောင်းပါဘူး)

နာရီဝက် ဆားဖြင့် နှပ်ထားသော မရမ်းသီးများကို အပေါက်ပါသော ဇကာကုံးများဖြင့် နေလှန်းပါ ၂ နာ ရီလောက်ပါပဲ…

ဇကာအပေါက်ပါမှ မရမ်းသီးမှာ ရှိသော အဖန်ရည်များ ထွက်ကုန်မှာပါ နေ အကြာကြီး ပြရင်လဲ မရမ်းသီး အသားများက မာသွားလို့ စားမကောင်းပါဘူးရှင်

၂ နာရီပြည့်ရင် နေပြထားသော မရမ်းသီး များကို ဇလားကြီးကြီးထဲ ထည့်ပါ…

ထို့နောက်…အစပ်ကြိုက်က..ငရုပ်သီး.အရှည်မှုန့်ကို မရမ်းသီး အနည်းအများကိုကြည့်ပြီး ထည့်ပါ သီးစုံ မဆလာ..(ကုလားလေး မဆလာလဲရပါတယ်) များများထည့်ပါ…

ကြက်သွန်ဖြူ အခွံနွှာပီး ထည့်ပါ ဆီကို…မရမ်းသီး အချိန်အဆ ကို ကြည့်ပီး များများကျိုပါရှင် ပိုရင်လဲ ပြန်သုံးလို့ရတာမို့ ပိုကျိုမိတာ မမှားပါဘူး

မရမ်းသီးကို ဆီမြုတ်အောင် ထည့်ရမှာမို့ပါရှင် ဆီကို မီးအေးအေးနဲ့ ကောင်းကောင်းကျိုပစ်ပါ…

ဒါမှ မရမ်းသီးသနပ် အထားခံမှာမို့ပါ… ဆီမကျက်ရင် ဆီစိမ်းစော်နံပြီး..မရမ်းသီးပျက်သွားပါတယ် ကျိုထားသော ဆီ… ကို အအေးခံပါ

ဆီအပူ ထည့်လို့ မရပါဘူးရှင်

ဆီက်ို ဖြစ်နိုင်ရင် မရမ်းသီး ခွဲနေတဲ့အချိန်ထဲက ကျိုထားရင် ပိုပြီး ကောင်းပါတယ် ဒါမှ ဆီအအေးခံတာ အချိန်ကြာကြာရမှာပါ….ဆီ လုံးဝ အေးပြီဆိုမှ ခုန ပြောပြထားတဲ့ ဇလားထဲသို့ ဆီကို လောင်းထည့်ပါ

ဇွန်းသန့်သန့် ဒါမှမဟုတ် ယောင်းမ ဖြင့် မွှေပေးပါသမအောင် မိမိ ထည့်လိုသော ဘူးထဲသို့ မရမ်းသီးသနပ်များ ထည့်ပြီး လိုတဲ့အချိန် ဇွန်း သန့်သန့်ဖြင့် လိုသလောက် ယူစားလို့ရပါပီရှင်….

အိအိလေးနဲ့ ချဉ်စပ်လေးမို့ ပဲဟင်း သီးစုံဟင်း အသားဟင်း ဘာနဲ့စားစား ထမင်းမြိန်စေပါတယ်…..ရှင်

မရမ်းသီး နေရာမှာ အခု သရက်သီးတွေ ပေါနေတော့ သရက်သီး ကို လုပ်လဲ ရပါတယ်နော်

မှတ်ချက်။(အချိုမှုန့် လုံးဝ မထည့်ရပါဘူးနော် )

လေးစားစွာဖြင့်ခရက်ဒစ် ကြွေ

Be the first to comment

Leave a Reply

Your email address will not be published.


*