
“လူကိုခင်လျှင် ပိုက်ဆံမချေးပါနဲ့ ” ဆိုတဲ့စကား ကြားဖူးကြမှာပါ။
တချို့တွေကျတော့လည်း ဒီလောက်ရင်းနီးကြတဲ့သူတွေ အချင်းချင်းမှ မကူညီရင် ဘယ်သူ့ကို ကူညီမှာလဲဆိုပြီး တွေးကောင်းတွေးဖူးကြပါလိမ့်မယ်။
ရင်းနီးတဲ့သူတစ်ယောက်ကို ငွေချေးပေးရတာ လွယ်ပါတယ်။ သို့ပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိနိုင်တယ်ဆိုတာ သတိ ပြုမိစေလိုပါတယ်။
၁။ ပထမတော့ သူ့အခက်အခဲ ပြေလည်သွားလို့ သူငယ်ချင်းကလည်း တော်တော်လေး ကျေးဇူးတင်သွားမှာပါ။
၂။ သင်ကိုယ်တိုင်လည်း သူများကိုကူညီလိုက်ရလို့ ကျေနပ်မဆုံးဖြစ်နေမှာပါ။
၃။ သို့သော်လည်း ဒီချေးငွေအပေါ်ကနေ ဘာကိုမှ မျှော်လင့်လို့ မရပါဘူး။ (ဥပမာ-အတိုးငွေပေါ့။)
၄။ အချိန်နည်းနည်း ကြာလာရင်တော့ ကိုယ်လည်း ဝယ်ချင်၊လုပ်ချင်တာလေးတွေနဲ့ ငွေပြန်လို လာနိုင်ပါတယ်။
၅။ ကိုယ် တကယ်လိုအပ်လာတဲ့ အချိန်ဆိုတာ ရှိလာမှာပါ။ ဥပမာ-မိသားစုအတွက် ငွေအရမ်းလိုနေတာမျိုး၊ ဆေးစစ်ဖို့ငွေလိုအပ်တာမျိုး၊ စတာတွေပေါ့။
၆။ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်တာကြောင့် သူ့ဘက်ကလည်း ငွေပြန်ပေးရမယ့်ရက်ကို ရက်ရွှေ့ဆိုင်းတာမျိုး၊ အခြားအသုံးစားရိတ်တွေကို သုံးပစ်တာမျိုးတွေ ရှိလာမှာပါ။ ပြန်ပေးတဲ့အခါမှာလည်း ကိုယ်ချေးလိုက်တုန်းကလို မဟုတ်ပဲ တရစ်စီ ပြန်ပေးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
၇။ တဖက်က ငွေချေးတဲ့ သူငယ်ချင်းလည်း ဒီလိုလွယ်လွယ်ရမှန်း သိလာတဲ့အခါ ငွေလိုတဲ့အခါ ကိုယ့်အားကိုယ်မကိုးဘဲ အလွယ်လမ်းတွေ လိုက်လာပါလိမ့်မယ်။
၈။ အချိန်ကြာလာတာနဲ့အမျှ နှစ်ဦးကြား သဘောထားကွဲလွဲတာ၊ အထင်အမြင်လွဲတာတွေ ဖြစ်လာနိုင်ပါတယ်။
၉။ သူငယ်ချင်းက ကိုယ့်အပေါ် ငွေကြေးအရကြောတယ် ဆိုပြီး သင်သူ့ကို စတင် အမြင်စောင်း လာနိုင်ပါတယ်။
၁၀။ တစ်ကယ်တော့ သူငယ်ချင်းတွေ အကူအညီ လိုအပ်နေချိန်မှာ ငွေးကြေးအကူအညီထက် အခြားအရေးကြီးပြီး အခြေခံကြတဲ့ အချက်တွေ အများကြီး နဲ့ ကူညီလို့ရပါတယ်။ ဥပမာ- ညစာအတွက် ငါးတစ်ကောင်သွားပေးခြင်းထက် ငါးမျှားတဲ့နည်းလမ်းကို ပြောပြလိုက်မယ်ဆို သူအတွက် နောက်ထပ် ညစာပေါင်းများစွာ အတွက် ဖူလုံသွားနိုင်တယ်လေ။ အလားတူပါပဲ။
လွယ်လွယ်နဲ့ ငွေထုတ်ပေးလိုက်တာထက် ဝင်ငွေကောင်းကောင်းရနိုင်မယ့် နည်းလမ်းတွေ၊ ငွေကိုစီစစ်သုံးတတ်ဖို့တွေ ငွေစုဆောင်း
တဲ့နည်းတွေ ပြောပြလိုက်မယ်ဆို သူ့အတွက်လည်း ရေရှည်အကျိုးရှိစေမှာပါ။
ဒါ့အပြင် ကိုယ်တိုင်လည်း ငွေချေးခြင်းနောက်ကွယ်ကဆိုးကျိုးတွေမခံ စားရတော့ပါဘူး။
Leave a Reply