မကောင်းတဲ့ ကိုယ်သင်းနံ့တွေကိုဖယ်ရှားပေးနိုင်မယ့် နည်းလမ်းတွေ

ပူအိုက်လာတဲ့ ရာသီဥတုမှာ ချွေးတွေအထွက်များပြီး အနံ့ဆိုးတွေထွက်လို့ လူကြားထဲသွားရတာရှက်နေရပြီလား။ ခရမ်းချဉ်သီး ၊ ဂေါ်ဖီ (သို့) ကော်ဖီတို့က ချွေးနံ့ဆိုးတွေကို ပြင်းထန်စေပါတယ်။ ဒါပေမယ့် ဒီအနံ့တွေကို လျော့ကျစေတဲ့ နည်းလမ်းလေးတွေရှိပါတယ်။ ဒီနည်းလမ်းတွေနဲ့ဆို နေ့တိုင်း ယုံကြည်မှုရှိရှိ နေနိုင်ပြီပေါ့။

အုန်းဆီ

အုန်းဆီဟာ ကိုယ်သင်းရနံ့ကောင်းစေဖို့ အသင့်တော်ဆုံးထုတ်ကုန်ပါပဲ။ ဘတ်တီးရီးယား ကြီးထွားမှုကို လျော့ကျစေပြီး အနံ့ဆိုးတွေကိုလည်း ပျောက်ကင်းစေပါတယ်။ ချွေးထွက်တာကတော့ ပျောက်သွားမှာမဟုတ်ပါဘူး။ ရေမချိုးခင် ဂျိုင်းအသားရည်ကို အုန်းဆီလေးပွတ်ပေးပါ။ ရေချိုးပြီး အချိန်တော်ကြာတဲ့ထိအနံ့ဆိုးထွက်ခြင်းတွေ ကင်းဝေးနေမှာဖြစ်ပါတယ်။

လီမွန်သီး


ဂျိုင်းချွေးနံ့ထွက်ခြင်းကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တာ လီမွန်သီးပါ။ အုန်းသီးလိုပဲ သူလည်း ဆိုးဝါးတဲ့ ဘတ်တီးရီးယားတွေကြောင့်ဖြစ်တဲ့ မကောင်းတဲ့အနံ့တွေကို ထိန်းပေးနိုင်ပါတယ်။ မနက်ပိုင်းကို လီမွန်ရည်လေး တစ်ခွက်သောက်ပေးပါ။ သင့်ရဲ့ဗိုက်သားအဆီတွေကိုလည်း ကျစေပြီး တစ်ရှူးတွေကို ထိန်းညှိပေးနိုင်ပါတယ်။ နောက်ထပ်နည်းလမ်းကတော့ လီမွန်သီးနဲ့ ဂျိုင်းအသားရည်ကိုပွတ်ပေးပြီး အခြောက်ခံပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

Wheatgrass

Wheatgrass ဖျော်ရည်ကိုသောက်ပေးမယ်ဆို ပရိုတိန်း ၊ ဗီတာမင် စီ၊ B12 ၊ B6 နဲ့ folic acid တို့ကိုပြည့်ပြည့်ဝဝရရှိမှာဖြစ်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းကိုလည်း လျော့ချပေးနိုင်ပါတယ်။ သူ့ကို တစ်နေ့ 40g ထိစားပေးနိုင်ပါတယ်။ အမှုန့်ဆိုရင်တော့ 3g လောက်စားပေးပါ။

 

နံနံပင်

နံနံပင်ဟာ မီးဖိုချောင်သုံး ဟင်းရွက်ဖြစ်တဲ့အပြင် ခန္ဓာကိုယ်အနံ့ကိုလည်း ထိန်းပေးနိုင်ပါတယ်။ သူ့မှာ chlorophyll များစွာပါဝင်တဲ့အတွက် ကိုယ်သင်းနံ့ကောင်းကို ထုတ်လွှင့်ပေးနိုင်ပါတယ်။ ဒီအရွက်ဟာ ခန္ဓာကိုယ်ရှိမကောင်းတဲ့ ပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါသေးတယ်။

Green tea


Green tea မှာ organic acids နဲ့ tannin ပါဝင်ပါတယ်။ ဒါကြောင့် ဘတ်တီးရီးယား ပိုးမွှားတွေကြီးထွားမှုနှုန်းကိုကာကွယ်ပေးပြီး အနံ့ဆိုးတွေလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ သူက ခြေထောက်၊ ခန္ဓာကိုယ်နဲ့ ပါးစပ်က အနံ့ဆိုးတွေကိုတောင် ပျောက်ကင်းစေပါတယ်။ Green tea နေ့တိုင်းသောက်ပေးမယ်ဆို ကောင်းတဲ့ရလဒ်ထွက်လာမှာပါ။ ချွေးထွက်တာ သက်သာစေပြီး ခန္ဓာကိုယ်သွယ်လျလှပစေကာ ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*