ကိုကိုးဓါတ်ပေါင်းတွေဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်

ကိုကိုးဓါတ်ပေါင်းတွေဟာ သွေးဖိအားကိုလျော့ကျစေပြီး သွေးကြောတွေရဲ့လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတယ်လို့ လတ်တလောေလေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ဒါဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးတွေပါပဲ။

ကိုကာပဲကို ချက်ပြုတ်စားသောက်တဲ့အခါ ကိုကာဓါတ်ပေါင်းတွေဟာ တစ်ခါတစ်ရံ အစာချေဖက်မှုလုပ်ငန်းစဉ်တွေကို အနှောက်အယှက်ပေးနိုင်ပါတယ်။

University Hospital Düsseldorf မှ ပါမောက္ခ၊ FLAVIOLA ရဲ့ ညွှန်ကြားရေးမှူး Dr. Malte Kelm က “ ကမ္ဘာ့လူဦးရေမှာ သက်ကြီးရွယ်အိုတွေ များလာတာနဲ့အမျှ နှလုံးရောဂါဖြစ်ပွားမှုတွေ ရုတ်တရက်နှလုံးရပ်တန့်တာတွေလည်း တိုးပွားလျက်ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်ဖို့ အစားအသောက်ရဲ့အကျိုးသက်ရောက်မှုတွေကို နားလည်ပြီး အစားအသောက်မှာ ပါဝင်တဲ့ ကိုကိုးမှုန့်ဓါတ်တွေက နှလုံးကျန်းမာရေးနဲ့ သွေးကြောတွေကို ကျန်းမာသန်စွမ်းအောင် ဘယ်လိုလုပ်ဆောင်ပေးနေတယ်ဆိုတာကို ကျွန်တော်တို့ သိချင်ပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။
အသက် ၃၅နှစ်အောက် လူငယ်၂၂ယောက်နဲ့ အသက် ၅၀နဲ့ ၈၀ကြား လူ၂၀ကို ကိုကိုးမှုန့်ပါဝင်တဲ့ အဖျော်ယမကာများကို နှစ်ပတ်အတွင်း တစ်နေ့၂ကြိမ်သောက်သုံးစေပြီး စမ်းသပ်မှုများပြုလုပ်ခဲ့ကြပါတယ်။

သွေးဖိအားကို လျော့ကျစေတဲ့ သွေးကြောတွေပိုမိုကျယ်ပြန့်လာတဲ့အတွက် လူငယ်တွေမှာ ၃၃ရာခိုင်နှုန်း ပိုမိုကောင်းမွန်တာကို တွေ့ရပြီး ကိုကိုးမှုန့်မသောက်သုံးတဲ့ လူကြီးတွေထက် ကိုကိုးမှုန့်ပါဝင်တဲ့ အဖျော်ယမကာသောက်သုံးသူ လူကြီးတွေမှာ ၃၂ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်တာကို လေ့လာတွေ့ရှိခဲ့ကြပါသတဲ့။

လေ့လာသူတွေအဆိုအရ နေ့စဉ်ကိုကိုးမှုန့်စားသုံးပါက သွေးကြောတွေအတွက် ကောင်းမွန်ပြီး သွေးဖိအားကိုလျှော့ချပေးနိုင်ကာ ကိုလက်စထရောပါဝင်မှုကိုလည်း အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နှလုံးရောဂါခံစားရခြင်းကို ၃၁ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*