သရက်သီးကို ဆေးမှည့်၊သဘာဝမှည့် ရွေးဝယ်နည်းနဲ့ ကျန်းမာရေးကောင်းကျိူးများ

ဆေးမှည့်လား သဘာဝမှည့်တာလား

ဆေးနဲ့မှည့်တဲ့ သရက်သီးတွေဟာ အဝါတစ်ရောင်တည်းရှိပြီး အရောင်ကလည်း ညီပြီး ဝင်းနေပါတယ်။ အသားမှာပါ အဝါရောင်သမ်းနေတတ်ပြီး နည်းနည်းလည်း ပိုမာနေတတ်ပါတယ်။ ခါးသက်သက် အရသာလည်းရှိတဲ့အပြင် အနံ့ကလည်း သိပ်မမွှေးပါဘူး။

သဘာဝအတိုင်းမှည့်တဲ့ သရက်သီးကတော့ လိမ္မော်ရောင်၊ အနီရောင်၊ အစိမ်းရောင် အစရှိတဲ့ အရောင်စုံသမ်းပါတယ်။အသားကလည်း အဝါရောင်ရင့်ပြီး အနီရောင်လည်း ရှိတတ်ပါတယ်။ အသီးက နူးညံ့ပြီး သဘာဝအတိုင်း အရမ်းချိုပါတယ်။ အနံ့ကလည်း အရမ်းကိုမွှေးပါတယ်။

ဆေးနဲ့ပြုပြင်ထားတဲ့ အသီးတွေကို စားမိရင် ကင်ဆာရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မျက်စိနာ၊ အရေပြားယားယံတာတို့အပြင် မှတ်ဉာဏ် ပျောက်ဆုံး မေ့လျော့တာတွေကိုပါ ခံစားရတတ်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်း ရင့်မှည့်တဲ့ သရက်သီးတွေကိုသာ ရွေးချယ်ဝယ်ယူပါ။

ဝယ်လာပြီးရင်လည်း ဆားရေထဲမှာ မိနစ်နှစ်ဆယ်ကနေ နာရီဝက်ခန့် စိမ်ပေးပြီးတော့ ရေသန့်ထဲမှာ ၁၅ မိနစ် ခန့် ထပ်စိမ်ပြီးမှ စားသောက်ပေးရင်တော့ ကပ်ငြိနေနိုင်တဲ့ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေဩဇာတွေကိုပါ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ နေလင်း

ခုလို ချိန်မှာသရက်သီမှည့် များလှိုင်လှိုင် ရရှိနေ ပြီ မို့ ရာသီစာ သရက်သီးမျည်ူ အားစားသုံးခြင်းဖြင့်ရ ရှိ စေနိုင်တဲ့ ကျန်းမာရေးကောင်းကျိူ းများ

၁- ခန္တာကိုယ် အားကောင်းစေနိုင်ပါတယ်။

၂- ကင်ဆာရောဂါကို တိုက်ထုတ်နိုင်ပါတယ်။

၃ – အရေပြားကို သန် ့စင်စေပါတယ်။

၄ -ကိုလက်စရောကို ထိန်းပေးနိုင်ပါတယ်။

၅- အဆီကို ကျဆင်းစေပါတယ်

၆ -ဆီးချိုရောဂါကို ကျဆင်းစေပါတယ်။

၇- ကျောက်ကပ် ကျောက်တည်မှုကို လျှော့ချပေးနိုင်တယ်။

၈- အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

၉- အစာကျေညက်မှုကို ကူညီပေးနိုင်ပါတယ်။

၁၀ – အပူရှပ်တာကို သက်သာစေပါတယ်။

၁၁ -မှတ်ညဏ်အားကောင်းစေတယ်။

၁၂- ခန္တာကိုယ် အတွက် သန် ့စင်မှု အားကောင်းစေပါတယ်။

၁၃- အမျိုးသမီးများအတွက် သံဓာတ် ကြွယ်ဝစွာပါဝင်တယ်။

၁၄ – ကာမအားကောင်းစေပါတယ်။ ဟု ဆေးကျမ်းများတွင် ပြဆိုထားပါသည်

Be the first to comment

Leave a Reply

Your email address will not be published.


*