အစားအစာနဲ့ပတ်သက်ပြီး လူတစ်ချို့လက်ခံယုံကြည်ထားတဲ့ ထူးခြားတဲ့အယူအဆများ

ကမ္ဘာတစ်ဝန်းလုံးအနှံ့မှာ အစားအသောက်နဲ့ပတ်သက်ပြီး ထူးဆန်းတဲ့ယူဆချက်တွေရှိနေတယ်ဆိုတာ သိရဲ့လား? မိသားစုအဘိုးအဘွားတွေတစ်ခါတစ်ရံ ပြောကြတာ သင်ကြားဖူးချင်ကြားဖူးပါလိမ့်မယ်။ဘယ်လိုထူးဆန်းတဲ့ယူဆချက်တွေလဲဆိုရင်

ကြက်ဥ

ကြက်ဥနဲ့ပတ်သက်တဲ့ ထူးဆန်းတဲ့အယူအဆကတော့ တကယ်လု့ိ သင်ဟာ ကြက်ဥတစ်လုံးခွဲလိုက်လို့ အထဲမှာ အနှစ်နှစ်ခုပါနေရင် သင်ဟာအမြွာလေးမွေးမယ်ဆိုတဲ့ ယူဆချက်ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ ကြက်ဥတစ်လုံး မတော်တဆကွဲသွားတဲ့အခါ ကြက်ဥခွံရော အနှစ်ရောပါတစ်ခါတည်းခလောက်မွှေပစ်ရမယ်ဆိုတဲ့အချက်ပါ။

ကြက်သား

အာရှမှာတော့ ကြက်သားနဲ့ပတ်သက်တဲ့အယူသည်းမှုတွေ၊အယူအဆတွေများစွာရှိပါတယ်။ကိုရီးယားမှာဆိုရင် အမျိုးသမီးတွေဟာ သူတို့ယောကျ်ားအတွက် ကြက်တောင်ပံကြော်တင်မက တစ်ခြားအတောင်ပံ ဘာမှမကြော်ကျွေးရပါဘူးတဲ့။တကယ်လို့ကြော်ကျွေးခဲ့ရင် အမျိုးသားတွေက သူတို့ဇနီးကိုထားခဲ့တတ်တယ်လို့အယူအဆရှိပါတယ်။

ကြက်သွန်ဖြူ

 

ကြက်သွန်ဖြူက မကောင်းဆိုးဝါးတွေရန်ကနေ ကာကွယ်ပေးနိုင်တယ်လို့ယူဆချက်ရှိပါတယ်။ကြက်သွန်ဖြူအနည်းငယ်ကို အိတ်ထဲ အမြဲဆောင်ထည့်သွားမယ်ဆိုရင် မကောင်းဆိုးဝါးတွေ၊နတ်ဆိုးတွေ အနားမကပ်နိုင်ဘူးလို့သိရပါတယ်။မွေးကင်းစကလေးငယ်လေးကို နတ်ဆိုးဝိညာဉ်ဆိုးတွေရန်က ကင်းဝေးစေချင်ရင် အခန်းထဲမှာ ကြက်သွန်ဖြူထည့်ထားသင့်တယ်ဆိုတဲ့အယူအဆလည်းရှိပါတယ်။

လက်ဖက်ရည်

လက်ဖက်ရည်နဲ့ပတ်သက်တဲ့ထူးဆန်းတဲ့အယူအဆကတော့ တကယ်လို့ သင်ဟာ လက်ဖက်ရည်သောက်ပြီး အောက်ခြေမှာ မပျော်သေးတဲ့သကြားခဲကိုတွေ့ခဲ့မယ်ဆိုရင် ဒါက သင့်ကိုတစ်ယောက်ယောက်ကချစ်နေတာပါတဲ့။ပြီးတော့ လက်ဖက်ရည်ထဲကို သကြားမထည့်ခင် နို့အရင်မထည့်သင့်ပါဘူးတဲ့။ထည့်ခဲ့ရင် သင်က အချစ်ကို ဘယ်တော့မှရှာတွေ့မှာမဟုတ်ဘူးလို့ အယူအဆရှိပါတယ်။

ပေါင်မုန့်

ပေါင်မုန့်နဲ့ပတ်သက်တဲ့ အယူအဆချက်တစ်ခုကတော့ ပေါင်မုန့်လှီးလိုက်လို့ အထဲမှာအပေါက်ဖြစ်နေတာ တွေ့ရင် ကံမကောင်းဘူးဆိုတဲ့အချက်ပါပဲ။ပြီးတော့ သင်က လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး အယူသည်းသူတစ်ယောက်ဆိုရင် ပန်းကန်ထဲမှာ နောက်ဆုံးကျန်တဲ့ကိတ်မုန့်၊ဘီစကစ်၊ပေါင်မုန့်ချပ်ကို ဘယ်တော့မှမယူစားသင့်ပါဘူးတဲ့။ယူခဲ့ရင် သင်က ချစ်သူ၊ခင်ပွန်းမရနိုင်ဘူးလို့ ယုံကြည်ထားကြပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီအခွံတွေကို ကြမ်းပြင်ပေါ်မှာပစ်ချထားတာဟာ ကံကောင်းခြင်းတွေကို အဝေးကိုလွှင့်ပစ်သလိုဖြစ်နေတယ်ဆိုပြီး ယုံကြည်ထားကြပါတယ်။နောက်တစ်ခုက ဆုံးဖြတ်ချက်တွေေ၀ဝါးနေတဲ့အခါ ကြက်သွန်နီတစ်လုံးချင်းစီမှာ အမှတ်အသားလေးတွေလုပ်ထားပါ။ပထမဆုံးအညှောင့်ပေါက်လာတဲ့ကြက်သွန်နီက သင့်ရဲ့ အဖြေပါပဲတဲ့။

ဒီအချက်လေးတွေကတော့ ကမ္ဘာတစ်ဝန်းလုံးက လူတစ်ချို့လက်ခံယုံကြည်ထားတဲ့ အစားအသောက်အယူအဆတွေပဲဖြစ်ပါတယ်။

Ref:health24.com

Be the first to comment

Leave a Reply

Your email address will not be published.


*