၂၄ ပစ ္စည်း နေ့စဉ် ရွတ်ဖတ်ပူဇော်ခြင်းကြာင့် အသက်ဘေး မှ (၂ )ကြိမ် လွတ်မြောက်ခဲ့ သူ

ကျွန်တော်ေ န တဲ့ ရွာလေးကတော့… မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာ လေးပဲ ဖြစ်ပါတယ် ။ ယောဒေသက ပေါ့… ရွာ လေး သဘာဝအရ…အားလုံးဟာ တောင်သူလုပ်ငန်းကိုပဲ အမှီပြု လုပ်ကိုင်ကြတာပါ ။

သီတင်းကျွတ်လထဲမှာဆိုရင် ပဲသီးနှံကို စိုက်ပျိုး ကြပါတယ် ။ တစ်နေ့တော့…ကျွန်တော့်အဖေနဲ့ အတူ ပဲခင်းထွန်ဖို့ တောတက် လာကြပါတယ် ။ ကျွန်တော်တို့ရဲ့ အခင်း ( ယာ) ဟာ…မြစ်သာမြစ်ရဲ့ အရှေ့ဘက် ကမ်း ခပ်ဝေးဝေး မှာ ရှိပါ တယ် ။ ကျွန်တော်တို့အခင်းကို ဘယ်ဘက် ညာဘက် ချောက်နှစ်ခု ဆုံပြီးနေ တာမို့ အခြားသော အခင်းများနဲ့ နဲနဲ လှမ်းနေပါတယ် ။အခင်းနဲ့ ရွာနဲ့ကဝေးတော့ ညအိပ်ရတာပေါ့…နေ့ဘက် ပဲခင်းထွန်ယက်ပြီး ညဘက် ရောက်ရင် အဖေက အမြဲတမ်း ဖယောင်းတိုင်ထွန်းပြီး ဘုရားရှိခိုး မေတ္တာပို့ အမျှဝေတယ် ။ တစ်ခါ တလေ သနပ်ခါး ရနံ့တွေ ချောက်ထဲကနေ လွင့်တက်လာ တတ်တယ် ။ အဖေကတော့… ဥစ္စာစောင့် ရှိမယ် ထင်တယ်လို့ ပြောတာပါပဲ ။ တစ်နေ့တော့… အဖေက ပြောတယ် ….သားရေ…ဆန်ကုန်တော့မှာမို့ အဖေ ရွာပြန်ပြီး ဆန်သွားယူလိုက်ဦးမယ်နော် ။ မင်းတစ်ယောက်ထဲ ညအိပ်ရဲတယ်မို့လား တဲ့။

ကျွန်တော်ကလည်း ကြောက်စိတ်မရှိတဲ့ အတွက်….ဟုတ် အိပ် ရဲ ပါ တယ်၊ အဖေ လို့ ဖြေ လိုက်တာပေါ့… အမှန်တကယ်လည်း ကြောက်စိတ် မရှိပါ ။ အခြောက်မခံရဘူးတော့…ခြောက်တယ်ဆိုတာ စိတ်ထင်လို့ ဖြစ်တာပါလို့ ယူဆထားတယ် ။ အဲဒီညတော့ စောစော စားပြီး ဘုရားရှိခိုးလိုက်တယ်။ ဒါပေမဲ့… အမျှမဝေလိုက်မိဘူး။ အရင်နေ့ညက စောစော အိပ်ပျော်ပြီး ဒီနေ့ညကျမှ ဘယ်လိုဖြစ်မှန်း မသိဘူး။ ည( ၁ )နာရီအထိ အိပ်မပျော်ပဲ ကြောင်တောင်တောင် ဖြစ်နေတယ် ။ တစ်ယောက်ထဲ ဆိုတော့ စိတ်ထဲမှာ ဘာလိုလို ဖြစ်နေ တာပေါ့…တောင်ဘက် က လည်း ချောက် ၊ မြောက်ဘက် ကလည်း ချောက် ဆိုတော့ ရေစပ်စပ် စီးသံလေးတွေ အတိုင်းသား ကြားနေရတယ် ။

( ၂ )နာရီထိုးပြီးတဲ့ အချိန်မှာတော့… အိပ်မက် လိုလို တကယ်လိုလို နဲ့ ခြေရင်းက တဲတိုင်လုံးထဲမှ မဲမဲသတ္တဝါကြီး တစ်ကောင် ထွက်လာပြီး ကျွန်တော့်လည်ပင်းကို ညှစ်တော့ တာပဲ ။ ရုန်းလို့မရ အော်လို့မရဖြစ်နေတော့… ကျွန်တော်လည်း သမ္ဗုဒ္ဓေရွတ်တယ် ။ ဒါပေမဲ့ မလွှတ် ဘူး ။ ဘုရားဂုဏ်တော် ထပ်ရွတ်တယ်။ ဒါလည်း သူက ဆက် ညှစ်တုန်းပဲ။ နောက်ဆုံးကြံရာမရတော့…( ၂၄ )ပစ္စည်းကို အာရုံ စူးစိုက်ပြီး ဖြေးဖြေး ချင်း ရွတ် လိုက် တယ်။ အဲဒီ အခါ ကြမှ အဲဒီ အကောင်ကြီးက အဲဒါကို မရွတ်နဲ့ လို့ အော် ပြီး တား တယ်။ ကျွန်တော် လည်း သူ ကြောက်မှန်း သိတော့ မနားပဲ ဆက်ရွတ် တာပေါ့… နောက်တော့ အဲဒီအကောင်ကြီးဟာ သူလာရာ တဲတိုင်ကြီးထဲ ပြန်ဝင်သွားတယ်။

ကျွန်တော်လည်း ဖယောင်းတိုင်ထွန်းပြီး မအိပ်တော့ပဲ မိုးလင်းသည် အထိ နေလိုက်တော့တယ်။ ကျွန်တော့်စိတ်ထဲမှာ ( ၂၄ )ပစ္စည်းဟာ…ကျွန်တော့်ရဲ့ အသက်သခင်ကျေးဇူးရှင်လို့ပဲ ယူဆလိုက်တယ်။ ( ၂၄ )ပစ္စည်းသာ မကယ်ခဲ့ရင်… အဲဒီညက ကျွန်တော့်အသက်ပါသွားမှာ သေချာတယ်။ လည်ပင်းညှစ်ထားတာ တကယ် ခံရခက်တာဗျ။ အဲဒီအချိန် ကစပြီး ယခုအချိန်ထိ ( ၂၄ )ပစ္စည်းကို အမြဲရွတ်ပါတော့တယ်။ နောက်တစ်ကြိမ်ကတော့…မန္တလေးမှာနေတဲ့ အချိန်ပါ။ ၁၃၇၆-ခုနှစ် သင်္ကြန်တုန်း ကပေါ့… မေမြို့အတက်မှာ ကားမှောက်တယ်။ ( ၃ )ယောက်တောင် ဆုံးသွားတယ်လေ။ ကျွန်တော်နဲ့ အတူ ယှဉ်ပြီးစီးတဲ့ ကောင်လေးက ပွဲချင်းပြီး ဆုံးသွားတယ်။

သူက ပက်လက်ကျတာဆိုတော့… ခေါင်းက အောက်ကကျောက်တုံးနဲ့ ဆောင့်မိပြီး ဆုံး သွားတာ။ ကျွန်တော်က မှောက်ရက် ကျတာ ဆိုတော့… အောက်က ကျောက်တုံး နဲ့ ထိ ပြီး မျက်နှာ စုတ်ပြတ် သတ် သွား တယ် ။ ရုတ်တရက် တော့ သတိမေ့ သွားတာပေါ့…ကိုယ့်ကိုယ်ကို ဘယ်သူမှန်း ဘယ်ကလာမှန်း ကိုယ့်နာမည်ကိုယ်တောင် မမှတ်မိဘူး။

ဒါပေမဲ့… အံ့သြစရာကောင်းတာက (၂၄ )ပစ္စည်းကျတော့ မမေ့ဘူးဗျာ။ကျွန်တော်လည်း အာရုံစုစည်းပြီး ရွတ်လိုက်တော့ ချက်ချင်း ကိုယ့်ကိုယ်ကို သတိရ လာတယ်။ ( ၂၄ )ပစ္စည်းကို ယုံကြည်တော့ မျက်နှာ စုတ်ပြတ် သွားပေမဲ့ ဆရာဝန်နဲ့ချုပ်ပြီး မကြာမီ အမာရွတ်တောင် မကျန်အောင် ပျောက်ကင်းသွားပါတယ်။ ( ၂၄ )ပစ္စည်းဟာ ဒုတိယအကြိမ် ကျွန်တော့် အသက်နဲ့ ရုပ်အဆင်းကို ကယ်လိုက်တာ ပါပဲ။ ကျွန်တော်ကတော့…( ၂၄ )ပစ္စည်း ကို အကြွင်းမဲ့ ယုံကြည်ထားလိုက်ပါပြီ။

Credit : အရှင်ပုည( ဝကုန်း )

Be the first to comment

Leave a Reply

Your email address will not be published.


*