ငရုတ်ချဉ် ၊ ကြက်သွန်ချဉ် ၊ ငရုတ် ကြက်သွန်ချဉ် လုပ်နည်းစုံ

ငရုတ်ချဉ် ၊ ကြက်သွန်ချဉ် ၊ ငရုတ် ကြက်သွန်ချဉ် ကျမအိမ်မှာ အဆင်သင့် အမြဲလုပ်ထားတတ်တဲ့ အိမ်လုပ်ချဉ် လေးတွေကို

စားချင်တဲ့ သူများအတွက် တင်ပေးလိုက် တယ်နော် ။……… ပါဝင် ပစ္စည်းများ …….

၁ ။ ကြက်သွန်ဖြူ ဥတစ်လုံး ( အခွံနွှာထားပါ ) ……. ၂ ။ ငရုတ်တောင့် ရှည် ( ခပ်ထူထူ လှီးထားပါ )……..

၃ ။ ရှာလကာရည်……၄ ။ ငံပြာရည်………. ၅ ။ ဟင်းခပ်မှုန့် ( မထည့်လဲရ )

ပထမဆုံး ရှာလကာရည်, ငံပြာရည်, ဟင်းခပ်မှုန့် တို့ကို ပန်းကန်လုံး တစ်လုံးထဲ ထည့်ပြီး မိမိစိတ်ကြိုက် အရသာ အချို, အငံစပ်ပါ ။

ဟင်းခပ်မှုန့် ကတော့ မိမိအကြိုက် အနည်း အများ ထည့်ပါ ။

မကြိုက်ရင် မထည့်လဲ ရပါတယ် ။ အချဉ်ဓါတ် ထိန်းဖို့ ကျမကတော့ ထည့်ပါတယ် ။ ပီးတော့မှ ငရုတ်, ကြက်သွန်

ထည့်ထားတဲ့ ပုလင်းထဲ ကန်တော့လေးနဲ့ လောင်းထည့်လိုက် ရုံပါပဲ ။

၎င်းနောက် ဖန်ပုလင်းကို လေလုံအောင် ပိတ်ထားပါ ။ ၃ ရက်ဆို စ စားလို့ရပါပြီ ။ ချဉ်ချဉ်လေး စားချင် ရင်တော့ တစ်ပတ်ထိ ထားပါ ။

မိမိစိတ်ကြိုက် အချဉ်အရသာ ရပြီဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ ။

ကြာလေ အချဉ်စူးလေ ဖြစ်ပြီး လုပ်ရတာလဲ လွယ်ကူတာမို့ ဖြစ်နိုင်ရင် တော့ တစ်ခါလုပ်, တစ်ခါစားပဲ ကောင်းပါတယ် ။

ထမင်းပေါင်း,ထမင်းကြော် ,ကြာဇံကြော် ,ကြက်ကင် ဘာပဲ လုပ်စားစား အိမ်လုပ်ချဉ် ရှိတော့ အဆင်သင့် စားရုံပါပဲ ။

Hot Pot နဲ့ စားရင်တော့ ခုစိမ်ထားတဲ့ အိမ်လုပ်ချဉ် ထဲကို သကြား ထပ်ထည့်ပီး စားပါတယ် ။ အရောင်ပါတဲ့ဲ အချဉ်တွေထက်

အိမ်လုပ်ချဉ် ကို ပိုကြိုက်ပါတယ် ။ ကော်ဗူးက ကြာရင် ကော်နံ့ ထွက်တတ်တာမို့ ပုလင်းနဲ့ စိမ်တာက ပိုကောင်း ပါတယ်

။ ခုလို စိမ်ထားတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထဲကို အရသာ စိမ့်ဝင်နေပီး ပိုစားကောင်းပါတယ် ။

ကင်းမွန် ငံပြာရည် ထည့်ထည့်, ဗမာငံပြာရည် ထည့်ထည့် ရပါတယ် ။ ရေမရောရပါဘူး ။ သက်သက်လွတ် သမားများကတော့

ဆားနဲ့ စိမ်လို့ ရပေမယ့် အချဉ်စူးလွန်းတာကြောင့် ကင်းမွန် ငံပြာရည်နဲ့က ပိုစား ကောင်းပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*