အစာကို တစွတ်စွတ် စားတတ်တဲ့ အကျင့်ပျောက်လိုသလား

အစာကို တစွတ်စွတ် စားတတ်တဲ့ အကျင့်ပျောက်လိုသလား တချို့လူတွေမှာ အစားအသောက်ကို ပါးစပ်နဲ့ မပြတ် တဇွတ်ဇွတ် စားချင်နေတတ် ကြပါတယ်။

အဲဒီ အကျင့်ကြောင့် ခန္ဓာကိုယ်က ရှိသင့်တာထက် ပိုဝလာ တတ်ပါတယ်။ ဒါက အစားအသောက်ရဲ့ အနံ့ကို ရရှိလေလေ၊ အစာစားချင်စိတ်ကို တွန်းအားပေးတဲ့ ဆာလောင်မှု ဟော်မုန်းတွေ ထွက်ရှိ လာလေလေ ကြောင့်ပဲ ဖြစ်ပါတယ်။ အစာအစားချင်စိတ် ပြင်းပြနေရင် အောက်ပါအချက်တွေကို လိုက်နာပါ။

၁) စပျစ်သီး စားပါ

ထမင်းစားချိန် တစ်ချိန်နဲ့ တစ်ချိန် ကြား ဗိုက်ဆာနေရင် စပျစ်သီးစားပေးပါ က သုံးလအကြာမှာ သုံး ဒသမ ခြောက် ပေါင်နီးပါး လျော့ကျသွားကြောင်း အာဟာရနဲ့ ဇီဝရုပ် ဖြစ်ပျက်မှုအကြောင်း လေ့ လာမှုတစ်ရပ်အရ သိရပါတယ်။

၂) အာလူးပြုတ် စားပါ

အာလူးမှာပါဝင်တဲ့ ကစီဓာတ်ဟာ အစာစားချင်စိတ်ကို လျော့ကျစေတဲ့ အ စွမ်းအာနိသင်ပါဝင်နေပါတယ်။ အာလူး ကို ချေဖျက်နေစဉ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းထဲ ကြာကြာရှိနေတာကြောင့် ဆာလောင်တဲ့ စိတ်လျော့ပါးတာဖြစ်ပါ တယ်။ အာလူးပြုတ်ကို ရှာလကာရည်နဲ့ သုပ်ပြီး ထမင်းနဲ့အတူ စားပါ။

၃) ချွေးထွက်အောင် လှုပ်ရှားပါ

အေရိုးဗစ် လေ့ကျင့်ခန်းတွေဖြစ်တဲ့ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့ လှုပ်ရှားမှုတွေကို ချွေးထွက်တဲ့ အထိ လုပ်ဆောင်ပေးတာက ခန္ဓာကိုယ်ထဲမှာ ဆာလောင်မှုကို ချိုးနှိမ်ပေးတဲ့ ဟော်မုန်း ထွက်စေပြီး ဆာလောင်စေတဲ့ Ghrelin ဟော်မုန်း ထွက်နှုန်း နည်းစေပါတယ်။ ဒါကြောင့် အစာစားချင်စိတ် လျော့ကျအောင် တစ်နေ့မှာ တစ်နာရီခန့် ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှားပေးပါ။

၄) နံနက်စာမှာ ပရိုတင်းဓာတ်ပါဝင် အောင်စားပါ

လူအများစုဟာ နံနက်စာကို ဖြစ်သလို စားတတ်တဲ့ အကျင့်ရှိပါတယ်။ တကယ်တော့ နံနက်စာကို ပရိုတင်းဓာတ် ပါဝင်အောင် စားပေးမှသာ ဗိုက်ပြည့်ပြီး တစ်နေ့လုံး ဗိုက်ဆာတာနည်းနေမှာပါ။ နံနက်စာမှာ ပဲ ဒါမှမဟုတ် အသား တစ်မျိုး ပါအောင်စားပါ။

၅) သကြားမပါသော ပီကေ ဝါးပါ

ပီကေဝါးတာက ဦးနှောက်နဲ့ ဆက်သွယ်ထားတဲ့ မေးရိုးရှိ နာ့ဗ်ကြောကို လှုံ့ ဆော်ပေးတဲ့အတွက် အာသာပြေမှုကိုဖြစ် ပေါ်စေပါတယ်။ သကြားမပါတဲ့ ပီကေကို ဝါးပေးရင် အချိန် တစ်နာရီကြာတိုင်း ၁၁ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

ကြယ်စင် – Good Health

Be the first to comment

Leave a Reply

Your email address will not be published.


*