အိမ်တွင်းမှာ မထားသင့်တဲ့ ကံဆိုးစေတဲ့ အရာ (၆) မျိုး(ဒါတွေ ရှိနေရင် အမြန်ဆုံး ဖယ်ရှားလိုက်ပါနော်)

အိမ်တွင်းမှာ မထားသင့်တဲ့ ကံဆိုးစေတဲ့ အရာ (၆) မျိုး(ဒါတွေ ရှိနေရင် အမြန်ဆုံး ဖယ်ရှားလိုက်ပါနော်)

ကြိုးစားရုန်းကန်နေတဲ့ကြားက အိမ်ရဲ့စီးပွားရေးတွေ ကျဆင်းနေတယိလို့ ထင်ပါသလား။ ရှေးယခင်ကတည်းက ယနေ့တိုင် အကျုံးဝင်နေသေးတဲ့ ဓလေ့ထုံးစံတွေကို မေ့ပစ်လို့တော့ မရပါဘူးနော်။

ဒီအရာတွေကတော့ အိမ်ထဲမှာ မထားသင့်တဲ့ ကံဆိုးစေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒီအရာတွေကြောင့်ချည်းပဲ ကံဆိုးနေတယ်လို့ မဆိုလိုပါဘူးနော်။ ဒီအရာတွေကြောင့် ပိုကံဆိုးသွားနိုင်ပါတယ်။

ကံကောင်းခြင်းတွေကို ပိတ်စေနိုင်တယ်လို့ပဲ ဆိုလိုပါတယ်။ သင်ကံဆိုးနေတယ်လို့ ခံစားနေရတဲ့အခါ ဒီအရာတွေကို အိမ်ထဲမှာ၊ အခန်းထဲမှာ ထားမိလားဆိုတာ ပြန်စစ်ဆေးကြည့်သင့်ပါတယ်နော်။

(၁) လှုပ်ကုလားထိုင်

ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ လှုပ်ကုလားထိုင်က ဘယ်သူမှလည်းမထိုင်ဘဲ လှုပ်နေမယ်ဆိုရင် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါနော်။ လေတိုက်နေလို့ပါဆိုပြီးဘယ်လိုပဲ ဖြည့်တွေးသော်လည်း စိတ်ထဲတော့ စနိုးစနှောင့် ဖြစ်တတ်ကြတာပါဘဲ။

ဒါကြောင့် ခုနောက်ပိုင်းမှာ လှုပ်ခုံတွေကို မသုံးကြတော့တာ ပါနော်။ အိုင်းရစ်ရှ် သမိုင်းကြောင်းအရ ဘယ်သူမှမထိုင်တဲ့ လှုပ်ကုလားထိုင်ဟာ မကောင်းတဲ့ ဝိညာဉ်တွေ လာထိုင်ဖို့ ဖိတ်ခေါ်နေသလိုပါဘဲ လို့ ဆိုပါတယ်နော်။

(၂) ပျက်စီးနေတဲ့နာရီ၊ ရပ်တန့်နေတဲ့နာရီ

ပျက်စီးကျိုးပဲ့နေတဲ့ ပစ္စည်းတွေ အိမ်ထဲမှာ မထားကောင်းဘူးဆိုတာတော့ အားလုံး လက်ခံပြီးသား ဖြစ်မှာပါနော်။ ထို့ပြင် ပျက်စီးရပ်တန့်နေတဲ့ နာရီဟာ မကောင်းတဲ့နိမိတ်တွေ ဖြစ်စေတယ်လို့လည်း အယူအဆရှိပါတယ်နော်။

အချိန်ကို ညွှန်ပြတဲ့ အရာတွေဟာ အမြဲတမ်း အလုပ်လုပ်နေရမှာပါ။ အဲလိုမဟုတ်ပဲ ရပ်တန့်နေမယ်ဆိုရင် အသုံးပြုတဲ့သူတွေရဲ့ ဘဝတိုးတက်မှုလည်း ပိတ်ဆို့ရပ်တန့်သွားတတ်ပါတယ်နော်။

(၃) ကန္တာရစူးပင်

Cactus ပင်လေးတွေကို အလှထားတတ်တဲ့သူတွေ အတွက်တော့ သတင်းဆိုးပါနော်။ ရှေးလူကြီးတွေရဲ့ ယုံကြည်မှုအရ အစူးပါတဲ့ အပင်တွေဟာ မကောင်းတဲ့ နိမိတ်တွေကို ဆွဲဆောင်တယ်လို့ ဆိုပါတယ်နော်။ ကန္တာရ စူးပင်မှမဟုတ်ပါဘူး။ နှင်းဆီအပါအဝင် စူးပါတဲ့

ဘယ်အပင်မဆို အိမ်ထဲမှာ ထားရင် အိမ်ကိုရော၊ သင့်ရဲ့အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေးကိုပါ အနှောင့်အယှက်ဖြစ်စေတတ်ပါတယိနော်။

(၄) ဖွင့်ထားတဲ့ထီး

ရှေးလူကြီးတွေ ပြောတာတော့ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့လုပ်ထားတဲ့ ဘယ်ပစ္စည်းကိုမဆို အိမ်ထဲ ယူဆောင်လာခြင်းဟာ အိမ်ကိုစောင့်ရှောက်နေတဲ့ အိမ်စောင့်နတ်ကို မရိုသေရာကျတယ် လို့ ဆိုပါတယ်။ အိမ်စောင့်နတ်တွေက အိမ်ကို စောင့်ရှောက်တာ

မလုံလောက်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်လို့ပါနော်။ အဲဒီအခါ အိမ်စောင့်နတ်က စိတ်တိုပြီးတော့ အိမ်ကိုမစောင့်ရှောက်တော့ရင် အိမ်ထဲကို ကံဆိုးခြင်းတွေ ဝင်လာနိုင်တာ ဖြစ်ပါတယ်။

(၅) ခြောက်သွေ့သေဆုံးနေသောအပင်

အိမ်မှာ ကံကောင်းခြင်းတွေနဲ့ လှုပ်ရှားသက်ဝင်နေစေချင်တယ်ဆိုရင်တော့ အိမ်ထဲမှာ သေဆုံးနေတဲ့အပင်တွေ၊ ခြောက်သွေ့နေတဲ့အပင်တွေကို ဒီတိုင်း ပစ်မထားပါနဲ့နော်။ သေနေတဲ့ အရာတွေ အိမ်ထဲထားတာက မကောင်းတဲ့

စွမ်းအင်တွေကို စုတ်ယူနေသလိုပါပဲ။ ဒါ့အပြင် သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တွေ အိမ်ထဲမှာ ပြန့်ကျဲထားတာက အိမ်ကိုနေချင်စရာ မကောင်းစေပါဘူးနော်။

(၆) ဒိတ်အောက်နေတဲ့ ပြက္ခဒိန်

ရပ်တန့်နေတဲ့နာရီနဲ့ အလားတူစွာပဲ နှစ်ကုန်ပြီး ဒိတ်အောက်သွားပြီဖြစ်တဲ့ ပြက္ခဒိန်တွေကို ဆက်လက်ချိတ်ဆွဲ ထားတာကလည်း ကံကောင်းခြင်းတွေဝင်လာဖို့ ပိတ်ဆို့စေတတ်ပါတယ်။ အချိန်နဲ့ ပတ်သက်တဲ့ ဘယ်ပစ္စည်းကိုမဆို

မှားယွင်းကျိုးပျက်နေတဲ့အတိုင်း အသုံးပြုတာက အိမ်လာဘ်တိတ်ပြီး အသက်တောင် တိုနိုင်တယ်လို့ရှေးလူကြီးတွေက ဆိုကြတာဘဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*