ချွေးပေါက်ကျယ်နေတာတွေအတွက် သဘာဝနည်းလမ်းကောင်းများ

မျက်နှာပေါ်မှာ ချွေးပေါက်တွေ ကျယ်နေပြီဆိုတာနဲ့ နောက်ဆက်တွဲအနေနဲ့ ရိုးရိုးဝက်ခြံ၊ဆားဝက်ခြံတွေ များလာပါတယ်။အထူးသဖြင့် အဆီပြန်တတ်တဲ့ သူမျိုးဆိုရင် ပိုဆိုးပါတယ်။ချွေးပေါက်ကျယ်တဲ့ ပြဿနာကို အချိန်မီ မဖြေ ရှင်းဘူးဆိုရင်တော့ မျက်နှာပေါ်မှာ ဆားဝက်ခြံတွေ၊အပေါက်တွေပိုများ လာပါလိမ့်မယ်။ဒီနည်းလမ်းတွေ သုံးပြီး အလွယ် တကူဖြေရှင်းလို့ရပါတယ်။


(၁)ရေခဲ
ရေခဲဟာ ချွေးပေါက်ကျယ်တဲ့ ပြဿနာကို ဖြေရှင်းရာမှာ အမှန်တကယ်ထိရောက် တဲ့ အရာတစ်ခုပါ။အလွယ်တကူလည်း ရနိုင်သလို အသုံးပြုရတာလည်း အရမ်းကို လွယ်ကူပါတယ်။အသုံးပြုပုံကတော့ ရေခဲတုံးအသေးလေးတွေကို အဝတ်သန့်သန့်တစ်ခုနဲ့ထုပ်ပါ။ပြီးရင်တော့ မျက်နှာမှာ(၁၅)စက္ကန့်(သို့)စက္ကန့်(၃၀)လောက်ကြာအောင်ထားပေးပါ။ဒီနည်းကိုနေ့စဉ်အသုံးပြုပေးပါ။မကြာခဏအသုံးပြုပေးခြင်းအားဖြင့် ကျယ်နေတဲ့ချွေးပေါက်တွေကို ကျဉ်းသွားစေပြီး မိတ်ကပ်လိမ်းရာမှာ သိသိသာသာအဆင်ပြေလာပါလိမ့်မယ်။ရေခဲတုံးနဲ့မ ကပ်ချင်ရင်လည်း ရေခဲရေနဲ့မျက်နှာသစ်ပေးတာတွေ လုပ်လို့ရပါတယ်။

(၂)ကြက်ဥအကာ

ကြက်ဥဟာ အလှအပအတွက် ဆေးတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ကြက်ဥကို သုံးပြီး မျက်နှာနဲ့ဆံပင်ကို ပေါင်းတင်တာတွေလုပ်လို့ ရပါတယ်။ဒါ့အပြင်ချွေးေ ပါက်ကျယ်နေတာတွေကို ကျဉ်းအောင် လုပ်ပေးနိုင်ကာ၊မျက်နှာပေါ်ကအဆီတွေ ကိုလည်း ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။အသုံးပြုပုံကတော့ ကြက်ဥအကာ ကို မျက်နှာပေါ်မှာ လိမ်းပေးပါ။ခြောက်သွားတဲ့ အထိထားပေး ရမှာဖြစ်ပါတယ် ။ပြီး ရင်တော့ မျက်နှာကို ဆေးချပေးရမှာပါ။ပိုထိရောက်ချင်တယ်ဆိုရင်တော့ ကြက်ဥအကာကို လိမ်းထားတဲ့ အချိန်မှာ အပေါ်ကနေတစ်ရှူးလေးနဲ့ပါ အုပ်ထား၊ကပ်ထားပေးပါ။ဒီနည်းကို တစ်ပတ်မှာ တစ်ကြိမ်(သို့)နှစ်ကြိမ် ေ လာက် ပြုလုပ်ပေးရုံနဲ့ ချွေးပေါက်ကျယ်တဲ့ ပြဿနာကို အလွယ်လေးဖြေရှင်း လို့ရပါတယ်။

(၃)သကြား

သကြားကိုလည်း သုံးလို့ရပါတယ်။သကြားလက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊သံပရို(သို့)သံပရာ အရည် နှစ်စက်(သို့) သုံးစက်ေ လာက်ကို ရောပြီး မွှေပါ။မျက်နှာပေါ်မှာ စက္ကန့်(၂၀)ဒါမှမဟုတ် (၃၀)ေ လာက် ကြာအောင် ထားပြီး နောက် ရေအေးနဲ့ဆေးချပါ။တစ်ပတ်မှာ နှစ်ကြိမ်လောက်နဲ့ တစ်လ၊နှစ်လလောက် လုပ်ပေးရုံနဲ့ သိသိသာသာအကျိုးခံစားရမှာပါ။


၄)မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါဟာလည်း အကောင်းဆုံး မျက်နှာချေးချွတ်ဆေးတစ်မျိုး လို့ပြောလို့ရပါတယ်။မျက်နှာပေါ်မှာရှိတဲ့ အဆီနဲ့ အညစ်အကြေးတွေကို အလွယ်တကူဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ဒါ့အပြင် အရေပြားရဲ့ pH evel ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ကြက်သီးနွေးရုံလောက် နွေးတဲ့ရေနဲ့ ရောပါ။ပြီးရင် သမအောင်နယ်ပြီး မျက်နှာေ ပါ်မှာ လိမ်းပေးပါ။ခြောက်သွားရင်တော့ ရေေ အးနဲ့ပြန်ဆေးချပါ။ ဒီနည်းကို တစ်ပတ်မှာ လေး၊ငါးရက်လောက် လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*