ဘယ်လောက်ပဲ ချစ်ပါတယ် ပြောပြောမယူသင့် လက်မထပ်သင့်တဲ့ ယောက်ျား (၈) မျိုး…

ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော မယူသင့် လက်မထပ်သင့်တဲ့ ယောက်ျား ၈ မျိုးကို ပြောပြပေးလိုက်ပါတယ်။ ဒီလိုယောကျ်ားမျိုးတွေကို လက်ထပ်ဖို့မသင်ပပါဘူးနော် …

{ လင်မွဲ }

ဘယ်လောက်ပဲ ချစ်ချစ် စီးပွားရေး အသိတရား မရှိဘူး ဆိုရင် အိမ်ထောင်ရေးဟာ ရေမရှိတဲ့ အိုင်မှာ နေရတဲ့ငါးလိုပဲ ပူလောင်ခြောက်သွေ့ လွန်းပါတယ်။ ဒါ့ကြောင့် မွဲတဲ့ ယောကျ်ား မယူလေနဲ့ …။

{ လင်နာ }

မင်္ဂလာဦးညကစလို့ ဖြစ်လိုက်တဲ့ ရောဂါကြီးသေး ပေါင်းစုံ၊ ပိုးမွေးသလို မွေးနေရမယ့် ကိုချူချာ၊ ကုလိုက်ရတဲ့ဆေး၊ ရှိသမျှ အကုန်ပြောင်။ အကျိုးစီးပွား တိုးတက်ရာ လမ်းမမြင် ဆုတ်ယုတ် ရန်သာရှိ မယူလေနဲ့အမိ …၊

{ လင်အရက်သမား(လင်သူရာကြိုက်) }

အရက်သေစာ၊ ယခုခေတ်တော့ မူးယစ်ဆေးသောက်စား မူးယစ်တတ်တဲ့ ယောကျ်ား မိတ်ကောင်းဆွေကောင်းမရှိ၊ ဂုဏ်သိက္ခာ ကင်းမဲ့၊ ကျော်စောမှုနတ္ထိ၊ စီးပွားဥစ္စာ ပျက်ပြား …၊

ကိုယ့်လက်ထဲ ရောက်မှ ပြုပြင် ပါ့မယ်၊ ကိုယ်ကိုင် တွယ်ပါ့ မယ်လို့ မတွေးနဲ့။ ကတိတွေ အထပ်ထပ်ပေးလည်း မယုံလိုက် လေနဲ့။ လျှာမှာ အရိုးမရှိ။ အလကား ခွေးမြီးကောက် ကျည်တောက် စွပ်ပဲ …။

{ လင်မိုက် (လင်ရမ်းကား) }

ထစ်ခနဲရှိ ဆဲရေး၊ ပေးစား၊ အိုးခွက်ပန်းကန် မကျန်ကုန် အောင် ရိုက်ခွဲ။ ခြေပါလက်ပါ ရမ်းကား။ ယူမိရင်မျက်ရည်နဲ့ဒူးနဲ့ ဝမ်းဆက် ဖြစ်လိမ် ့မည် …။

{ လင်ဖျင်း }

အစစအရာရာ မိန်းမကသာ ဦးဆောင်ရတယ်။ အစပိုင်းတော့ မိုက်တယ်။ ချစ်လို့ပဲ ဦးစားပေးသယောင်ယောင်၊ သာယာစရာလိုလို ဘာလိုလို။ ကိုယ်ပိုင် ရပ်တည်ချက်မရှိ။ ကိုယ်ပိုင် အစွမ်းအစမရှိ။ နွားများလို သူများခိုင်းတာ နားစွင့်ပြီး လုပ်တတ်တဲ့ ယောကျ်ား။ လင်ရုပ်သေး ဝေးဝေးကသာရှောင် …။

{ လင်ပျင်း }

သေချာတယ် ချစ်သူဘဝမှာကတည်းက ထမင်းတောင်ခွံ့ကျွေးရလိမ့်မယ်။ မိခင်စိတ်ရှိတတ်တဲ့ မိန်းကလေးတွေအဖို့ သဘောကျစရာပဲ။ ဒီလိုအစား ကြာကြာဝါးမှ ခါးမှန်းသိမယ်။ မိတ်ဆွေကောင်းမရှိ။ အပျင်းထူ အရေထွက် စီးပွားမတက် …။

{ လင်အို }

အိုတဲ့ယောကျ်ား သူများအတွက်ရော၊ မိန်းမ အတွက်ရော ဘယ်နေရာများ အသုံးတဲ့ တာရှိ သတုန်း။ သဝန်တိုတတ်တာ နှစ်ယောက်မရှိ။ သူမစွမ်းတာ သူသိတိုင်း လူတစ်ကာနဲ့ ပေးစား။ စိတ်ကိုမီးလိုပူစေတဲ့ယောကျ်ား ဝေးရာက ရှားလော့ ချစ်သမီး …။

{ လင်အလိုမပြည့် }

ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးပေး ကျေးဇူးတရားကို မသိ၊ အဆိုးအပြစ် သာ မြင်တတ်ပြောတတ်တဲ့ယောကျ်ား။ အပြုသဘော မဆောင် အပျက်သဘော၊ အဖျက်သဘော သာရှိတဲ့ ယောကျ်ား အလကားပဲ …။

လင်မွဲ လင်နာ လင်သူရာကြိုက် လင်မိုက် လင်ဖျင်း လင်ပျင်း လင်အို အလို ဖြည့် မပြည့်ဆန္ဒ ရှိတုံကလျှင် မိန်းမဟူသည် ဤရှစ်မည်ကြောင့် မကြည်မသာ အနာတရ ရှိတတ်စွရှင် …။

မာန်လည်ဆရာတော်ဘုရားကြီး( မဃဒေဝ ကျမ်းမှ ) အနာတရ = မထီမဲ့မြင် ကြိုက်ရင်လည်း ယူတော်မူ မတားလိုပါ …။(ဝဋ်ကြွေးဆပ်လိုတဲ့ သဘော )

Credit to oranginal writter

Be the first to comment

Leave a Reply

Your email address will not be published.


*