ဆေးဖက်ဝင် ရှားစောင်းလက်ပတ်သုပ်နည်

ရှားစောင်းလက်ပတ်စားရင် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

၁။ သွေးတွင်းသကြားဓာတ်ပမာဏကိုလျှော့ချပေးခြင်း

လူနဲ့ တိရစ္ဆာန်တွေမှာ လေ့လာထားတဲ့ လေ့လာမှုတွေမှာ ရှားစောင်းလက်ပတ်စားသုံးခြင်းကသွေးတွင်းသကြားဓာတ်ပမာဏကိုလျှော့ချပေးကြောင်း သိရပါတယ်။

သွေးတွင်း သကြားဓာတ်ကို အဓိက ထိန်းချုပ်ပေးတဲ့ အင်ဆူလင်ရဲ့ sensitivity ကို ကောင်းစေလို့ ဒီအာနိသင်ကို ရရှိတယ်လို့ဆိုပါတယ်။

၂။ ရောင်ရမ်းမှုကို သက်သာစေခြင်း

ခန္ဓာကိုယ်တွင်းက ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ အရာတွေကို တားဆီးပေးတာမို့ အရောင်ကျစေတဲ့ အာနိသင်ရှိပါတယ်။

၃။ သွားကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

သွား

ရှားစောင်းလက်ပတ်ကို ဖျော်ကာ ပလုတ်ကျင်းခြင်းကသွားချေးကပ်ခြင်းကို လျှော့ချပေးပါတယ်။ပါးစပ်ထဲက အနာတွေကို လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။

၄။ မှတ်ဉာဏ်အားကောင်းစေခြင်း

စိတ်ဓာတ်ကျခြင်းကို သက်သာစေပြီး မှတ်ဉာဏ်အားကို ကောင်းစေပါတယ်။

၅။ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ ပေါများခြင်း

ဓာတ်တိုးဆန့်ကျင်ဓာတ်တွေပေါကြွယ်ဝတာမို့ အိုမင်းခြင်းကို တားဆီးနိုင်ပါတယ်။

၆။အစာအိမ်၊အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေခြင်း

ရှားစောင်းလက်ပတ်ဖျော်ရည်ကို အစာသောက်သုံးခြင်းအားဖြင့် အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တာ၊ဝမ်းချုပ်တာ၊လေပွတာ၊လေချဉ်တက်တာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ရှားစောင်းလက်ပတ်က အစားစားချင်စိတ်ကို အားပေးတာမို့ ဝိတ်တက်လိုသူတွေ မကြရခဏ မှီဝဲသင့်ပါတယ်။

၇။ခန္ဓာကိုယ်မှအဆိပ်တွေကို ဖယ်ရှားပေးခြင်း

ရှားစောင်းလက်ပတ်က ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ Detox တစ်မျိုးပါပဲ။

ရှားစာင်းလက်ပတ်စားသုံးခြင်းရဲ့ ဆိုးကျိုးများ

ရှားစာင်းလက်ပတ်ကို လှီးလိုက်ရင်ထွက်လာတဲ့ အဝါရောင် အစေးက ဆိုးကျိုးဖြစ်ပေါ်စေတာပါ။ဒီအဝါရောင်အစေး အနည်းငယ်စားသုံးရုံနဲ့ ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ဒီအဝါရောင်အစေးတွေက ကြွက်သား ကျုံ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ ရှောင်သင့်ပါတယ်။ကိုယ်ဝန် ပျက်ကျတတ်ပါတယ်။

ရှားစောင်းလက်ပတ်ကို နေ့စဉ် ကြာရှည်စွာ တရားလွန် စားသုံးတဲ့အခါ အစာအိမ်နာတာ၊ကျောက်ကပ်ထိခိုက်တာ၊နှလုံးခုန်မမှန်တာ၊ကြွက်သားအားနည်းတာတွေ ဖြစ်နိုင်ပါတယ်။ဒါကြောင့် နေ့စဉ် အများကြီးမစားသင့်ပါဘူး။

ဆီးချိုဆေး၊ကျောက်ကပ်ဆေး၊နှလုံးဆေးတွေ သောက်နေရင် ရှားစောင်းလက်ပတ်ကို အများကြီး မစားသင့်ပါဘူး။ဆေးရဲ့ ဆိုးကျိုးတွေကို ပိုဆိုးစေပါတယ်။အူလှုပ်ရှားလွန်ရောဂါရှိသူ၊ဝမ်းခဏခဏလျှောတတ်သူတွေကတော့ မစားသင့်ပါဘူး။

ရှားစောင်းလက်ပတ်သုပ်နည်း

၁။ရှားစောင်း လက်ပတ် သုပ်ဖို့

မကြီးလွန်းတဲ့ အနေတော် သို့ အသေး ရှားစောင်းလက်ပတ်ကို ရွေးပါ။

၂။ဘေးက ဆူးတွေ သင်(ဖယ်)ပါ။

၃။အခါးသက်သာစေဖို့ ရေသေချာဆေးပါ။(ရေနွေးနဲ့ ခဏစိမ်လည်း ရပါတယ်)

၄။ပါးပါးလှီးပါ။

၅။နှမ်းဆီ – မြေပဲထောင်း – ခရမ်းချဉ်သီး -ကြက်သွန်နီ-ဆား -အရသာမှုန့်-ပုဇွန်ခြောက်မှုန့် -သံပုရာရည်ညှစ် ထည့်နယ်ကာသုပ်ပါ။

၆။ပကြက်သွန်နီ/ဖြူဆီချက် ဖြူးကာအလှဆင်ပါ။

၇။ကြက်သွန်ဖြူ ခွာထည့်ပါ။

၈။ဆေးဖက်ဝင် အသုပ်တစ်ပွဲကို ရရှိပါပြီ။

ဟမ်စိုင်း(ဆေး-မန်း)

Be the first to comment

Leave a Reply

Your email address will not be published.


*