သူ့ထက်အသက်ကြီးပြီးငွေကြေးချမ်းသာတဲ့အမျိုးသမီးတယောက်က ဖခင်ထံမှတဆင့် လက်ထပ်ခွင့်တောင်းတာကို ခံနေရကြောင်းပြေပြလာတဲ့ ရဲတိုက်…

ငွေကြေးချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်က လက်ထပ်ခွင့်တောင်းတာကို ခံနေရတဲ့အကြောင်း ပြောပြလာတဲ့ သရုပ်ဆောင်ရဲတိုက်

အနုပညာလောကရဲ့ကဝေလို့တောင်ပြောလို့ရတဲ့ ရဲတိုက်ကတော့ အသက်ဝင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် အမှားတွေရှိခဲ့ပေမယ့် ပရိသတ်ရဲ့အချစ်ကိုလက်ခံနေရဆဲမင်းသားတစ်လက်ပဲဖြစ်ပါတယ်။ရဲတိုက်ကတော့ သူ့ကိုမိန်းကလေးတစ်ယောက်တင်တောင်းတဲ့ကိစ္စနဲ့ပတ်သတ်ပြီး“ကျွန်တော့်ကိုကမ်းလှမ်းတယ်ဆိုတဲ့ အမျိုးသမီးက ကျွန်တော့်ထက်အသက်ကြီးပါတယ် တောင်ပေါ်က ငွေကြေးချမ်းသာတဲ့သဘောမျိုးပါပဲ တင်တောင်းတဲ့သဘောမျိုးပါပဲ ကျွန်တော်လက်မခံပါဘူး အမျိုးသားတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က အိမ်ထောင်ပြုချင်တဲ့ကိစ္စက ဒီလိုပုံစံနဲ့ဖြစ်မြောက်မသွားသင့်ဘူးလို့ ကျွန်တော်ယူဆတယ် ကျွန်တော်တောင်းရင်သာ အမျိုးသမီးကလက်ခံမှဖြစ်မယ်”

“တင်တောင်းတဲ့ပိုက်ဆံတွေကိုကြိုက်လို့ ကျွန်တော်က သူ့ကိုယူလိုက်တယ်ဆိုတာမဖြစ်ဘူးလေ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့ ကျွန်တော်က အင်တာဗျူးတစ်ခုမှာပြောလိုက်မိတယ် ကျွန်တော်လက်ထပ်ခွင့်မတောင်းတော့ဘူး ကျွန်တော်လက်ထပ်ခွင့်တောင်းတာ ၅ခါရှိနေပြီ အငြင်းခံရတော့ ကျွန်တော်ရှက်တယ်လို့ အဲဒီ့တော့ အိမ်ထောင်ပြုဖို့စိတ်မကူတော့ဘူး ကျွန်တော်က Propose မလုပ်တော့ဘူး ကျွန်တော့်ကိုpropose လုပ်လို့ပြောလိုက်မိတဲ့နောက်ပိုင်းမှာ အဲဒီ့ကိစ္စဖြစ်လာတာဆိုတော့ တကယ်ခံလိုက်ရတော့ အဆင်မပြေပါဘူး နည်းနည်းတောင်တင်းတယ်” လို့ 8 days နဲ့အင်တာဗျူးမှာဖြေဆိုထားခဲ့ပါတယ်။

ရဲတိုက်ကတော့ သူ့အချစ်ရေးနဲ့ပတ်သတ်ပြီး”ကျွန်တော်က ယောကျ်ားတစ်ယောက် စင်ဂယ် ပရိသတ်ကသာမသိတာ ထောင်မကျခင်တုန်းက ရဲတိုက်ဘဝမှာကတည်းက ကျွန်တော့်မှာချစ်သူရည်းစားပြတ်လပ်တယ်လို့ကိုမရှိဘူး မနေတတ်ဘူးကျွန်တော်က ချစ်သူရည်းစားနဲ့အီစီကလီနေရမှ ပျော်လာပြီးအလုပ်လုပ်နိုင်တာ အဲ့တာမှလည်းအားရှိတာ ကျွန်တော့်မှာအချစ်စိတ်တဖွားဖွားပေါ်တာပေါ့ ပရိသတ်ကိုချစ်တဲ့စိတ် ပတ်ဝန်းကျင်ကိုချစ်တဲ့စိတ် ကျွန်တော့်မှာရှိပါတယ် ချစ်သူရည်းစားကိုချစ်တဲ့စိတ်နဲ့မတူဘူးလေ ၁၅၀၀လို့တောင်ပြောထားတာကိုး ၁၅၀၀အချစ်မေတ္တာကိုခန္ဓာကိုယ်ကလွှင့်ထုတ်နေရမှာသာ ကျွန်တော်ကပီပြင်တဲ့အပြုံးပြုံးနိုင်တယ်”

“ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေကလည်း ကျွန်တော့်ကိုရည်းစားထားစေချင်ကြတယ် ကျွန်တော်ရည်းစားထားရင် သူတို့လည်းပိုပျော်တယ် သူတို့ဆီလည်းပိုရောက်တယ် ကျွန်တော့်ကောင်မလေးနဲ့ဟိုအိမ်လည် ဒီအိမ်လည် ဟိုသွားဒီသွားနဲ့ သူတို့နဲ့လည်းပိုပြီးအစေးကပ်တယ် ကျွန်တော်တစ်ယောက်တည်းနေရင် သူတို့နဲ့စိမ်းသွားတော့ ကျွန်တော့်ကိုရည်းစားရှိစေချင်တယ် ကျွန်တော်ကံကောင်းတာလား ကံဆိုးတာလားမသိပါဘူးဗျာ ထောင်ကလွတ်ပြီးကတည်းကရည်းစားမရဘူး တစ်ယောက်ရတယ် ရပြီးတော့ကွဲသွားတယ် ကြည့်ရတာ ကျွန်တော့်ဘက်ကချို့ယွင်းချက်ဖြစ်ပါလိမ့်မယ် အပြင်မှာရှိတဲ့လူတွေမှာတော့ ချို့ယွင်းချက်ရှိပုံမရပါဘူး”

“ကျွန်တော်အရင်ကဆို ကျွန်တော့်ကောင်မလေးကို ပျော်အောင်ထားနိုင်တယ် ထောင်ကလွတ်ပြီးနောက်မှာတော့ ကျွန်တော့်ကောင်မလေးမှာမပျော်ရရှာဘူး ကျွန်တော့်ကြောင့်စိတ်ဆင်းရဲတာတွေဖြစ်လာတယ် ကျွန်တော့်ကြောင့်ဘေးလူစိတ်ဆင်းရဲတာကိုမဖြစ်စေချင်တဲ့သူက ချစ်သူကိုဆို ပိုဆိုးတာပေါ့ နောက်ဆုံး သူ့အတွက်လမ်းခွဲလိုက်တယ်ပေါ့”

“Relationshipတစ်ခုကိုအဆုံးသတ်ရတာမလွယ်ပါဘူး ပြဿနာမဟုတ်ရင် သဘောထားကွဲလွဲမှုတစ်စုံတစ်ရာရှိမှသာ relationship တစ်ခုကအဆုံးသတ်တာဆိုတော့ အခုလည်း အဆုံးသတ်ပြန်ပြီ ကျွန်တော့်ချို့ယွင်းချက်ပေါ့ ကျွန်တော်ပျော်အောင်မထားနိုင်လို့ ကျွန်တော့်ဆီမှာ ကောင်မလေးတွေမနေတော့ဘူးပေါ့”

“အခုခေတ်မိန်းကလေးတွေက ပိုသွက်လာတယ်တဲ့လား ကျွန်တော်မသိသေးဘူး ထောင်မကျခင်တုန်းကတော့ ကျွန်တော်relationship မှာကံကောင်းတယ် ငယ်ငယ်ကျောင်းသားဘဝမှာကတည်းက ကျွန်တော်လိုက်ရတယ်ဆိုတာ ရှားတယ် ကျွန်တော်ကြိုက်တဲ့ကောင်မလေးတွေကိုဆိုရင် ရေလာမြောင်းပေးလုပ်တာက ကျွန်တော် ရေစီးတာကသူတို့ဖြစ်နေတာ ကျွန်တော်ကြိုက်ရင် body languageနဲ့ပြတယ် သွယ်ဝိုက်ပြီးပြတယ် ကျွန်တော့်ရဲ့အာသီသကိုက ကျွန်တော်ချစ်တဲ့ ကောင်မလေးကိုချက်ချင်းရသွားမှာ မကြိုက်ဘူး သူ့ကိုပိုးပန်းရတဲ့ကာလကိုလိုချင်သေးတယ် အနည်းဆုံးတော့ ၆လလောက်လိုချင်တယ်”

“ကျွန်တော်ကံကောင်းတာက ကျွန်တော်သဘောကျတဲ့ကောင်မလေးတွေကျွန်တော့်အနားရောက်လာရင် သူတို့ကလည်း ကျွန်တော့်ကိုစိတ်ဝင်စားတယ် ကျွန်တော်ကြိုက်နေပြီဆိုတာကိုသိတာနဲ့ ရည်းစားမရှိဘူးကြိုက်လို့အဆင်ပြေတယ်ဆိုရင် ကျွန်တော်ကယောကျ်ားလေးပီပီ ပဲလေးပေးလိုက်ရုံနဲ့ ကျွန်တော့်အနားကိုရောက်လာတယ် ကျွန်တော့်ကိုချစ်စကားပြောတယ် ကျွန်တော်ကအဖြေပေးလိုက်တယ် ဒါပဲကျွန်တော်ကဂျီးများတယ် ယောကျ်ားပီပီ ကောင်မလေးတွေဆိုရင် ချောမှလှမှ ဆွဲဆောင်မှုရှိမှကြိုက်တယ် နီးစပ်ရုံနဲ့ရည်းစားမဖြစ်တတ်ဘူးပေါ့” လို့ ပွင့်ပွင့်လင်းလင်းဆိုခဲ့ပါတယ် သူ့ကိုတင်တောင်းတယ်ဆိုတဲ့အကြောင့်နဲ့ပတ်သတ်ပြီး ရဲတိုက်က

“သူကနယ်ကပါ တောင်ကြီးကပါ မိဘတွေဆွေမျိုးတွေဘက်ကပါ ကျွန်တော့်မိဘတွေကကျွန်တော့်ကိုအမွေဖြတ်လိုက်ကြပြီ တောင်ပေါ်ပြန်သွားကြပြီ ကျွန်တော့်မှာအမေလည်းမရှိတော့ဘူးအဖေပဲရှိတော့တယ် အဖေကလည်းဒီအရွယ်သားတစ်ယောက်ကိုနောက်ဆံတင်းစရာမရှိတော့တဲ့အတွက် တောင်ပေါ်ပြန်သွားကြတယ် ညီတွေရော ဆွေမျိုးတွေရောဆိုတော့ ကျွန်တော်ဒီမှာတစ်ယောက်တည်းဖြစ်နေတာမြင်လို့ သူတို့ကအိမ်ထောင်ပြုစေချင်ကြတယ် ကျွန်တော်ကလည်း အိမ်ထောင်ပြုတာကို ဘယ်သူ့တိုက်တွန်းချက်မှ မပါစေချင်ဘူး ကျွန်တော့်ဆုံးဖြတ်ချက်ပဲဖြစ်စေချင်တယ်”

“ကျွန်တော့်ကောင်မလေးကိုတောင် မောင်လက်ထပ်ကြရအောင်လို့အရင်မပြောစေချင်ဘူး ကောင်မလေးကိုချစ်တဲ့စကားမပြောခင် ငါကတော့ လူပျိုကြီးလုပ်မှာ လက်မထပ်ဘူး ချစ်သူရည်းစားတစ်ယောက်နဲ့ ၉နှစ်၁၀နှစ်ကြာတွဲရပါစေ တွဲမယ် ဒါပေမဲ့ ချစ်သူရည်းစားတစ်တွဲက ၉နှစ်ကျော် ၁၀နှစ်ခံလိမ်မယ်လို့ ငါမထင်ဘူး ငါတွဲကြည့်မယ် တကယ်မခံဘူးလေ ၁၀နှစ်မပြောနဲ့ ၅နှစ်ခံတဲ့ Relationship တောင်မရှိဘူး အဲဒီ့တော့ ကျွန်တော်အိမ်ထောင်မပြုတာ မှန်တာပေါ့”

“ဒါမျိုးကိုရိုင်းရိုင်းစိုင်းစိုင်းလည်းမတုံ့ပြန်ချင်ဘူး လိုလိုလားလားလည်းလက်မခံနိုင်ဘူး အဖြေပေးရတာမျိုးလည်းမလုပ်ချင်တော့ ဒီအတိုင်းထားထားတာ ဒါက ကျွန်တော့်အဖေကနေတစ်ဆင့်ရောက်လာတာပေါ့ ကျွန်တော်မချစ်တဲ့မိန်းမကိုကျွန်တော်လက်မထပ်နိုင်ပါဘူး ဒီကိစ္စကတော့ ဒီအင်တာဗျူးကနေ ပြီးသွားပြီပေါ့ ကိုယ်တိုင်လက်ထပ်ခွင့်တောင်းရင်လည်း စိန်လက်စွပ်မပါပါဘူး စိန်လက်စွပ်ပါမှလက်ထပ်မယ်ဆိုတဲ့မိန်းမကိုလည်း ကျွန်တော်မလိုချင်ပါဘူး” လို့ သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောခဲ့တာပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*