အစောက သိခဲ့ရင် နှစ်ခွဖြစ်လို့ဆိုပြီး ညှပ်ချခဲ့ရတဲ့ ဆံပင် တစ်ထွာကျော်ကို နှမျောနေရတော့မှာ မဟုတ်ဘူး

“ကိုယ့်ကိုယ်ကိုယ် သဘောအကျဆုံးက ဆံပင်ပဲ”ဆေးနည်းတစ်ခု လုပ်ကြည့်တာ ၂ ကြိမ်တည်းနဲ့ သိသာတယ်။အစောက သိခဲ့ရင် နှစ်ခွဖြစ်လို့ဆိုပြီး ညှပ်ချခဲ့ရတဲ့ ဆံပင် တစ်ထွာကျော်ကို နှမျောနေရတော့မှာ မဟုတ်ဘူး။ရှားစောင်းလက်ပတ် ၂ ချပ်လောက်ရှာ ဘေးအစွန်းနှဖက်ကို လှီးချ ပြီးတော့ အနေတော်တုံး။

အုန်းဆီ စစ်စစ်ကို မီးဖိုပေါ်တင် ပူလာရင် စောစောကတုံးထားတဲ့ ရှားစောင်း တုံးတွေထည့်။

ပြီးရင်မွှေ အရောင် ပြောင်းလာရင် ဇကာနဲ့စစ် ဆီပဲယူထား။ကြက်သွန်နီကို ထောင်း ဒါမှမဟုတ် blender နဲ့ကြိတ် ရေစစ်အသေးနဲ့စစ် ညှစ်ချ အရည်ပဲယူ။ပြီးရင် စောစောကဆီထဲ ကြက်သွန်နီ အရည်ထည့်။ပြီးရင် ဦးရေပြားကို နှိပ်ပြီး ရွှဲရွှဲလိမ်းပေး ခနထုံးထား။မိနစ် ၂၀ လောက်နေရင် ခေါင်းလျှော်ချလိုက် ဆံပင်ခြောက်တာနဲ့ ကိုယ့်ဆံသားနဲ့ အရသာကိုက ထူးနေမယ်။ခု ၂ ခါပဲ ရှိသေးတယ် ဆံပင် မငြိတော့ဘူး။ ထူသိပ်သိပ် ပြန်ဖြစ်လာသလို ခံစားရတယ်။၂ ခွနဲ့ ကျွတ်တာ သိသိသာသာ လျော့သွားပြီ။ လုပ်ကြည့်ကြပါ အစ်မ ညီမတို့။

ဆီနဲ့ ကြက်သွန် ဆတူမရောနဲ့နော် ဆီ ၁၀ သားမှ ကြက်သွန်အရည် ဟင်းခပ်ဇွန်းနဲ့ ၂ ဇွန်း ပြည့်ပြည့်ပဲထည့်တာ။

Be the first to comment

Leave a Reply

Your email address will not be published.


*