သင့်ဇနီး ကိုယ်ဝန်ဆောင်သည်ကို ဂရုစိုက်သင့်သည့် အချက်များ

အမျိုးသမီး တစ်ယောက်အတွက် ကိုယ်ဝန်ဆောင် ချိန်ဟာ စိတ်လှုပ်ရှားမှုတွေ များစွာနဲ့ ပူပင် သောကတွေ ရှိနေတတ်ပြီး သူတို့ကို ပိုပြီး ဂရုတစိုက် ရှိတဲ့သူ၊ အထူးအဖြင့် ခင်ပွန်းသည်ရဲ့ ယုယ ကြင်နာမှု တွေကို ပိုလို အပ်ပါတယ်။ ကိုယ်ဝန်ဆောင် သည်တွေ အတွက် ကိုယ်ဝန်ဆောင်ချိန် ကိုးလတာ ကာလနဲ့ တချို့ အချိန်တွေမှာ ဖိစီးမှုတွေ၊ စိတ်ဒုက္ခ တွေနဲ့ ပြည့်နှက် နေတတ်ပါတယ်။

-ဇနီးသည်နဲ့ အတူ လမ်းလျှောက် ထွက်ရင်း သူ့ရင်ထဲက ပြောချင်နေတဲ့ စကားတွေကို နားထောင် ပေးပါ။ လေ့ကျင့်ခန်း ပြုလုပ်ဖို့ အတူ သွားတာမျိုး၊ ပန်းခြံထဲမှာ လမ်းလျှောက်တာ မျိုးတွေ ပြုလုပ်ပြီး နေပေးတာဟာ သင့်ဇနီး သည်ရဲ့ စိတ်ဖိစည်းမှုနဲ့ ဒုက္ခတချို့ကို ကုစားပေးရာ ရောက်ပါတယ်။ သူပြောချင်တဲ့ စကားတွေနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို နားထောင်ရင်း ကိုယ်ကလည်း လိုက်လျှော ပြောဆိုပေးပါ။

– ကိုယ်ဝန်ဆောင် ချိန်မှာ အမျိုးသမီး တစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တွေက အစ ပြောင်းလဲ မှုတွေ ရှိလာပြီး တချို့ ကိုယ်ဝန်ဆောင် သည်တွေမှာ ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ တခြား ရောဂါတွေ ပါ ဖြစ်တတ်တဲ့ အတွက် အထူး ဂရုစိုက်ပေးဖို့ လိုပါတယ်။

၁။ကိုယ်ဝန်ဆောင် တာနဲ့ ဆရာဝန်နဲ့ တစ်ခါတည်း အပ်ပြီး ဆရာဝန်က ကိုယ်ဝန်ဆောင် သည်ရဲ့ အခြေ အနေနဲ့ ပုံစံကို ကြည့်ပြီး လိုအပ်တဲ့ ညွှန်ကြား မှုတွေ ပေးမှာ ဖြစ်တဲ့အတွက် အဲဒီ ညွှန်ကြားမှုတွေကို အတိ အကျ လိုက်နာ ပြုလုပ်ပါ။

၂။ ကိုယ်ဝန်ဆောင် အတွက် လိုအပ်တဲ့ အစားအစာနဲ့ အာဟာရတွေကို ဂရုစိုက် ကျွေးမွေးပါ။ လိုအပ်တဲ့ အာဟာရဆိုရာမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်နဲ့ ရေကို လုံလောက်စွာ ရရှိစေဖို့ လိုပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ် ကြွယ်ဝတဲ့ အစားအစာ စတာတွေက လည်း ကလေးငယ် အတွက် အကျိုးရှိစေတာ ကြောင့် ဖြည့်စွက် ကျွေးမွေး သင့်ပါတယ်။

၃။ကိုယ်ဝန်ဆောင်နေချိန်မှာ အရက်နဲ့ ဆေးလိပ် သောက်သုံးခြင်းကို လုံးဝ မပြုလုပ်ဖို့နဲ့ သင်ကိုယ်တိုင်က လည်း ကိုယ်ဝန်ဆောင်သည်ရဲ့ ဘေးမှာ ဆေးလိပ် မသောက်သင့်ပါ။

၄။လမ်းလျှောက်တာနဲ့ ရေကူးတာလိုမျိုး ပုံမှန် လေ့ကျင့်ခန်းတွေ ပြုလုပ် နိုင်အောင် ဂရုစိုက် ပြောဆိုပေးပါ။ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်တာဟာ ကြွက်သားကို ဖွံ့ဖြိုးစေပြီး ကလေးမွေးရ၊ ဖွားရလည်း လွယ်ကူ စေနိုင်ပါ တယ်။

၅။သင့်ဇနီးဟာ လုပ်ငန်းခွင် ဝင်နေရသူဆိုရင် သင့်ဇနီးသည် အလုပ်နားတဲ့ ရက်တွေမှာ သီချင်း နားထောင် တာမျိုး၊ ရယ်စရာ ဟာသဇာတ်ကား ကြည့်တာမျိုးတွေ ပြုလုပ်ပြီး အပန်းဖြေ နိုင်အောင် စီစဉ်ပေးပါ။ ဒါမှမ ဟုတ် ဇနီးသည်နဲ့အတူ အချိန်ဖြုန်းတာမျိုး၊ မီးဖိုချောင် အတူဝင်တာ မျိုးတွေ ပြုလုပ်ပါ။

၆။နားလည်မှုနဲ့ အတူ ချစ်ခင်ကြင်နာပါ။ ဒါဟာ အရေးပါတဲ့ အချက်တစ်ခု ပါပဲ။ သင့်ဇနီးမှာ ဖြစ်ပေါ်နေတဲ့ စိတ်မချမ်းမြေ့မှု တွေကို သင်ကိုယ်တိုင်ကသာ အကောင်းဆုံး ဖြေရှင်း ပေးနိုင်မှာပါ။ နှစ်သိမ့်ပေးပါ။ ဒါဟာ သင့်ဇနီးအတွက် အကောင်းဆုံး အားဆေး တစ်လက် ဖြစ်စေမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*