သက်သက်လွတ်စားခြင်းဟာ ဝိတ်ချဖို့ အကောင်းဆုံးနည်းလမ်းဖြစ်

ကာဗွန်ဟိုက်ဒြိတ် အများအပြားပါဝင်သော အချိုစာများကို ရှောင်ကြဉ်ပါ။ ပရိုတင်းပမာဏ များသော အစာများကို စားသုံးပါ။ ဒါတွေဟာ ပေါ်ပြူလာ အဖြစ်ဆုံး ဝိတ်ချတဲ့ အစီအစဉ်တွေ ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သိပ္ပံပညာရှင်တွေဟာ ဝိတ်ချဖို့ အကောင်းဆုံး နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲဒါကတော့ တိရိစ္ဆာန်အသားတွေအားလုံးကို မစားတော့ပဲ သက်သက်လွတ် အသီးအရွက်များသာ စားသုံးခြင်း ပါပဲ။

လေ့လာမှုတစ်ခုက ပြသခဲ့တာကတော့ အသီးအရွက်တွေပဲစားသုံးပြီး ဝိတ်ချနေသူတွေဟာ အခြား ဝိတ်ချနည်း တွေသုံးပြီး ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေသူတွေထက် ပိုမို ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာတာကို တွေ့ခဲ့ရပါတယ်။

အသား ၊ ငါး များနဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ခဲ့သူတွေဟာ အသီးအရွက်မစားတဲ့လူတွေထက် ၅ပေါင် (၂.၅ကီလိုဂရမ်) အလေးချိန်လျော့ကျသွားခဲ့ပါတယ်။ အသားတစ်ခုပဲ ရှောင်ကြဉ်ပြီး နို့ထွက်ပစ္စည်းတွေကို မရှောင်ကြဉ်တဲ့ အသားလွတ်သမားတွေသည်ပင် အသီးအရွက်မစားသူတွေထက် ၃ ပေါင် ( ၁.၄ ကီလိုဂရမ် ) ကိုယ်အလေးချိန်လျော့ကျသွားခဲ့ပါတယ်။

ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ထိုင်ဝမ်နိုင်ငံ ဆေးရုံ က Ru-Ti Huang ဆိုသူ သုတေသီ က သက်သက်လွတ်စားသုံးသူတွေအတွက် သိသိသာသာ ဝိတ်ကျသွားစေတာကတော့ ကောက်ပဲသီးနှံများ ၊ သစ်သီးဝလံများနဲ့ အသီးအရွက်တွေကို စားသုံးခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ကောက်ပဲသီးနှံတွေနဲ့ ဟင်းသီးဟင်းရွက် တွေဟာ များသောအားဖြင့် Glycemic Index နည်းတဲ့အတွက် သွေးထဲမှာ သကြားဓါတ်တွေ ကို ဖြစ်ပေါ်စေခြင်းမရှိပါဘူး။ သစ်သီးတွေဟာ ဖိုက်ဘာ ၊ အန်တီအောက်စီဒန့် ၊ သတ္တု နဲ့ အန္တရာယ်မဖြစ်စေနိုင်တဲ့ အပင်ငယ်တွေမှာ သဘာဝအားဖြင့်တွေ့ရတတ်တဲ့ ဓါတုဗေဒ ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ကောက်ပဲ သီးနှံတွေမှာတော့ ဖိုက်ဘာ ပမာဏ များစွာပါဝင်ပါတယ်။

ထို ကြွယ်ဝလှတဲ့ ပါဝင်ပစ္စည်းတွေဟာ အစားအစာတွေ အစာအိမ်ထဲက ထွက်ခွာသွားတဲ့ အရှိန်ကို ကြန့်ကြာစေပြီး ကောင်းမွန်တဲ့ အစာချေဖျက်ခြင်းကို သေချာစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ အစားအစာ တွေ အူလမ်းကြောင်းတစ်ယောက် ရွေ့လျားနေစဉ်မှာလည်း လုံလောက်တဲ့ အာဟာရ တွေကို စုပ်ယူထားနိုင်စွမ်းရှိပါတယ်။

ပြီးခဲ့တဲ့ လေ့လာမှု ပေါင်းများစွာကလည်း ဖိုက်ဘာ ဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ကြောင့် ရှာဖွေတွေ့ရှိခဲ့ကြပြီးပါပြီ။ ဒီလေ့လာမှုကိုတော့ အထွေထွေခန္ဓာကိုယ်တွင်းဆေးပညာ ဆိုတဲ့ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*