အများအမြင်မှာ ပိန်တယ်လို့ထင်အောင် ဝတ်စားနည်း

ပျိုမေတို့ရေ ဒီတခါတော့ အစားလည်းမလျှော့နိုင် ၀၀ကစ်ကစ်ဖြစ်နေတဲ့ ကိုယ့် bodyကိုလည်းမကျေနပ်နိုင်ဖြစ်နေကြတဲ့ မိန်းကလေးတွေအတွက် အများအမြင်မှာ ပိန်တယ်လို့ထင်ရအောင် အသုံးဝင်မယ့်နည်းလမ်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
(၁)ကိုယ်ပိုင် ဒီဇိုင်နာထားပါ


ဝမှန်းသိသာစေတဲ့ ကိုယ့်ရဲ့ခါးအနေအထားကို အဆင်ပြေဆုံးချုပ်ပေးနိုင်မယ့် ဒီဇိုင်နာ၊အပ်ချုပ်ဆရာရှိဖို့လိုပါတယ်။ ready made အဝတ်အစားထက် ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားအတိုင်း ချုပ်ထားတဲ့အဝတ်အစားမျိုးကိုပဲဝတ်သင့်ပါတယ်။ ဒါကြောင့် အမြဲတမ်းအတွက် ကိုယ်ပိုင်ဒီဇိုင်နာထားဖို့တိုက်တွန်းခြင်းဖြစ်ပါတယ်။

(၂)Jeans ဝတ်ပါ

ဂျင်းနဲ့ မလိုက်တဲ့သူမရှိသလောက်ပါပဲ။ခန္ဓာကိုယ် ကောက်ကြောင်းကို ခဏမေ့ထားလိုက်ပါ။ခန္ဓာကိုယ် ဝနေလို့ သာမန် ဝတ်နေကျဒီဇိုင်းတွေကနေ ရုန်းမထွက်နိုင်ဖြစ်နေတဲ့ သင့်အနေနဲ့ ဂျင်းရဲ့ စတိုင်အသစ်ကြောင့် ပိန်တယ်လို့ ထင်ရမှာပါ။ အထူးသတိထားရမှာက ဂျင်းကို အရောင်ရင့်၊အရောင်ငြိမ်တာမျိုးကို ရွေးချယ်ဝတ်ဖို့လိုသလို ဇစ်တွေရှုပ်ယှက်ခတ်နေတဲ့ ဒီဇိုင်းမျိုးမရွေးချယ်မိဖို့တော့လိုပါတယ်။

(၃)ပိုင်ဆိုင်မှုကို ကျေနပ်စွာလက်ခံပါ

ဝတဲ့သူတွေက သာမန်မိန်းကလေးတစ်ယောက်ရှိသင့်တဲ့အနေတော် အချိုးအစားထက် ပိုများနေပေမယ့်လည်း တစ်ဖက်က ကြည့်ရင် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ဆိုရမှာပါ။ခန္ဓာကိုယ် ကောက်ကြောင်းတွေမှာ သိသာထင်ရှားတဲ့ အချိုးအစားရှိနေ တာပါ။ဒါက တနည်းအားဖြင့် အားသာချက်ပါ။ဒီလိုအားသာချက်ကိုလက်ခံလိုက်ရင်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့် ရှိလာမှာဖြစ်သလို လေ့ကျင့်ခန်းလုပ်ခြင်း၊ သင့်တင့်မျှတတဲ့ နေထိုင်မှုပုံစံတွေကိုလိုက်နာဖို့လည်း တွန်းအားဖြစ်လာစေမှာ ပါ။

အဝတ်အစားဒီဇိုင်းရွေးချယ်တဲ့အခါ စာလုံးဒီဇိုင်းပါတာတွေကိုရှောင်ပါ။စာလုံးတွေပါတဲ့ အဝတ်အစားဒီဇိုင်းတွေက သင့်ကို ပိုပြီးဝတယ်လို့ ထင်ဟပ်စေပါတယ်။အဲဒီအစား အစင်းဒီဇိုင်းတွေက ၀ တဲ့ခန္ဓာကိုယ်တွေအတွက် သင့်တော့်ပါတယ်။

(၅)အသားအရေကို ဂရုစိုက်ပါ

ခန္ဓာကိုယ်က ၀ နေလို့ ကိုယ့်ကိုယ်မကျေမနပ်ဖြစ်တာမျိုးခံစားနေရပါသလား။ဒါဆိုရင်တော့ အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေအပြင် အသားအရေကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ဝတဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ ခန္ဓာကိုယ်ကောက်ကြောင်း အချိုးအစားတွေကို ရှိသင့်တာထက်ပိုပြီး ပိုင်ဆိုင်ထားလို့ ဆွဲဆောင်မှုပိုရှိတယ်လို့ဆိုနိုင်တယ်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီး ပါပြီ။ဒါကြောင့် ဒီလို ကောက်ကြောင်းတွေကို ဝံ့ဝံ့ကြွားကြွားလေးရှိနေစေဖို့ သင့်ခန္ဓာကိုယ်ရဲ့တောက်ပမှုကို ဂရုစိုက်ဖို့လို ပါတယ်။စိုပြည်ဝင်းလက်တဲ့အသားအရေကြောင့် သင့်ပုံစံက ဝနေမှန်းမသိသာစေတော့ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*