ကမ္ဘာမှာ ကာကွယ်ဆေး ပေါ်လာပေမယ့် စိတ်ရှည်ရှည် စောင့်ရဦးမယ့် မြန်မာနိုင်ငံ

အမေရိကန်မှာ ဘိုင်ဒန် အနိုင်ရပြီးနောက် မြင့်တက်လာတဲ့ အမေရိကန်ရှယ်ယာဈေးကွက်ဟာ မနေ့က Pfizer က ကိုဗစ် ကာကွယ်ဆေး ရလဒ်ထွက်လာပြီးနောက် တရှိန်ထိုး မြင့်တက်လာပါတယ်။ ဒီဆေးဟာ လူ ၁၀၀ မှာ ၉၄ ယောက်ထိ ကာကွယ်ပေးနိုင်လို့ ဆိုပါတယ်။ အစက ၃၄ ယောက်ထိ စမ်းသပ်ပီးချိန်မှာ သုံးသပ်ပီး ကြေညာဖို့ လုပ်ခဲ့ပေမယ့် FDA က တားထားလို့ အခု နောက်ထပ် ၂ လစောင့်ပီးမှ ကြေညာတာဖြစ်ပါတယ်။ ဒီဆေးဟာ ၂ ကြိမ် ထိုးရမယ်လို့ သိရပီး ဒီနှစ်ကုန်မှာ အလုံးရေ သန်း ၅၀ ထုတ်လုပ်မှာပါ။ လူပေါင်း ၂၅ သန်းကို ထိုးပေးမယ်လို့ သိရပါတယ်။

ဒါပေမယ့် အသက်ကြီးပိုင်းတွေ အပါအဝင် တချို့တွေမှာ ဘယ်လိုဖြစ်နိုင်သလဲဆိုတာ တွက်ဆရဦးမှာဖြစ်ပါတယ်။ ဆေးက ဘယ်လောက်ကြာကြာ ခံနိုင်ရည်ကို ပေးစွမ်းမလဲ။ ဘယ်လိုအဆင့်ထိ ကာကွယ်ပေးမလဲ အစရှိတာတွေကလဲ မေးခွန်းထုတ်နေဆဲပါ။ ဆေးရဲ့ ဈေးနှုန်းအနေအထားနဲ့ ထုတ်လုပ်မှုတွေအရ အမေရိကန်ပြည်သူတွေ အားလုံး ထိုးနှံရဖို့တောင် လများစွာ ကြာမြင့်ဦးမယ်လို့ သိရပါတယ်။

ဒါကြောင့် သမ္မတအသစ်ဖြစ်လာသူ ဘိုင်ဒန်က Mask တပ်ဖို့နဲ့ ခွာခွာနေကြဖို့ တိုက်တွန်းထားပါတယ်။ ကျနော်တို့ တိုင်းပြည်ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သုံးမယ့်ဆေးကိုပဲ ရရှိမှာဖြစ်ပီး ဘယ်အချိန်ရမယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

AIM inspects vials and ampules for particulates in liquid and container defects.

အခုချိန်မှာတော့ Mask တပ် လက်ဆေး ခွာခွာနေကြဖို့ လိုနေဆဲဖြစ်ပီး အမေရိကန်မှာ ကာကွယ်ဆေး တရားဝင် စထိုးတာနဲ့ ကမ္ဘာ့စီးပွားရေး နလန်ထမှုက တပြိုင်နက် စတင်ပါလိမ့်မယ်။ နောက်နှစ်မှာ စီးပွားရေးအကြပ်အတည်းတွေက တကမ္ဘာလုံး စတင်ရုန်းထွက်တဲ့အခါ ကျနော်တို့ တိုင်းပြည်လဲ လိုက်ပါ ရုန်းထွက်နိုင်ဖို့ လိုပါတယ်။ အားမွေးထားကြပါစို့။

Nay Thway

Be the first to comment

Leave a Reply

Your email address will not be published.


*