သင်လတ်တလော ဘာလုပ်ဖို့ လိုနေလဲဆိုတာ လမ်းပြပေးမယ့် မျက်လုံးများ

သင်လတ်တလော ဘာလုပ်ဖို့ လိုနေလဲဆိုတာ လမ်းပြပေးမယ့် မျက်လုံးများ

သင်လတ်တလော ကြုံတွေ့ရတဲ့ အခြေအနေကို ဘယ်လိုဖြေရှင်းသင့်လဲဆိုတာရယ်၊ အနာဂတ်အတွက် ဘာတွေ ပြင်ဆင်ထားသင့်တယ်ဆိုတာရယ်ကို အဖြေထုတ်ပေးမယ့် ပဟေဠိတစ်ခု ဖြစ်ပါတယ်။ မျက်လုံး သုံးလုံးထဲက တစ်လုံးကို ရွေးချယ်ပြီး အဖြေရှာလိုက်နော်။

သင့်လက်ရှိအခြေအနေအတွက် လမ်းပြပေးမယ့် မျက်လုံးတစ်လုံးကို ရွေးလိုက်ပါ..

အညိုရောင်ရေတံခွန်မျက်လုံး

သင်ရွေးလိုက်တာ အညိုရောင်ရေတံခွန် မျက်လုံးဆိုရင်တော့ သင်ဟာ လက်ရှိ ပစ္စုပ္ပန်ကို အာရုံစိုက်ဖို့ လိုနေတဲ့အခြေအနေဖြစ်ပါတယ်။ အနာဂတ်အတွက် တွေးပူနေတာတွေကို ရပ်ပြီး ပစ္စုပ္ပန်ကို လက်ခံလိုက်ပါ။ သင့်စိတ်တည်ငြိမ်ပြီး လက်ရှိကို အာရုံစိုက်နိုင်မှ သင်လိုချင်တဲ့ အနာဂတ်အတွက် နောက်တစ်ဆင့်ကို တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဆုံးဖြတ်ချက်ချတာတွေကို စိတ်မစောပါစေနဲ့။

ရွက်လှေမျက်လုံး

ရွက်လှေမျက်လုံးကို သင်ရွေးချယ်မိလိုက်တယ်ဆိုရင်တော့ သင့်ဘဝမှာ စည်းတွေ ဘောင်တွေ စနစ်တကျ ထားဖို့ လိုနေပြီဆိုတာ ဖော်ပြနေတာ ဖြစ်ပါတယ်။ ထားသင့် ထားထိုက်တဲ့ စည်းတွေ ထားတာဟာ ဘဝကို ပိုပြီး စနစ်တကျ ဖြစ်စေပါတယ်။ ဖြစ်ကတတ်ဆန်း စီစဉ်တာတွေ၊ ပြောဆိုတာတွေကို စွန့်လွှတ်ပြီး ဘဝအတွက် သေချာအာရုံစိုက်ဖို့ လိုနေပါပြီ။

အပြာရောင်ရေတံခွန်မျက်လုံး

အပြာရောင်ရေတံခွန်မျက်လုံးကို သင်ရွေးချယ်လိုက်တယ်ဆိုရင် သင်ဟာ မှန်ကန်တဲ့ ဘဝလမ်းကြောင်းပေါ်မှာ ရောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီသင်္ကေတကို ရလိုက်ပြီဆိုတာနဲ့ သင့်အတွက် အရာရာ အဆင်ပြေသွားတော့မယ်ဆိုတာကို အချက်ပြနေတာလည်း ဖြစ်ပါတယ်။ လက်ရှိ သင့်ဆီမှာ မေးခွန်းများစွာ ရှိကောင်း ရှိနေပါလိမ့်မယ်။ ဒါပေမယ့် စကြဝဠာကြီးက သင့်ကို ကူညီသွားပါလိမ့်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*