USA အခြေစိုက် Talent & Sports အေဂျင်စီကြီးတစ်ခုဖြစ်တဲ့ Creative Artists Agency ( CAA)နဲ့စာချုပ်ချုပ်ဆိုလိုက်တဲ့ Squid Game မင်းသမီး Jung Ho Yeon

မော်ဒယ် မင်းသမီး Jung Ho Yeon ရဲ့အေဂျင်စီဖြစ်တဲ့ Saram Entertainment ကတာဝန်ရှိသူတစ်ဦးကလည်း “Jung Ho Yeon ရဲ့ကမ္ဘာတစ်လွှားအနုပညာလှုပ်ရှားမှုတွေအတွက် အမေရိကန်နိုင်ငံက အကြီးဆုံးအေဂျင်စီတွေထဲကတစ်ခုဖြစ်တဲ့ CAA နဲ့လက်တွဲဖို့ဆုံးဖြတ်လိုက်ပါတယ်” လို့ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့က Deadline သတင်းကတစ်ဆင့် Jung Ho Yeon က Creative Artists Agency (CAA) နဲ့စာချုပ်ချုပ်ဆိုပြီးဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Jung Ho Yeon က “Squid Game” ဇာတ်လမ်းတွဲမှာ ကမ္ဘာတစ်လွှားကပရိတ်သတ်တွေရဲ့ အားပေးမှုရရှိခဲ့သူတစ်ဦးဖြစ်ပြီး မကြာသေးခင်ကပဲ ကမ္ဘာကျော် Luxury Brand ဖြစ်တဲ့ Louis Vuitton ရဲ့ global ambassador အဖြစ် လက်ခံထားရသူလည်းဖြစ်ပါတယ်။

Creative Artists Agency ဆိုတာ အမေရိကန်နိုင်ငံအခြေစိုက် Talent & Sports အေဂျင်စီကြီးတစ်ခုဖြစ်ပြီး ရုပ်ရှင်၊ ဂီတ၊ အားကစား၊ ဂိမ်း၊ အွန်လိုင်း Concert စတဲ့နယ်ပယ်တွေမှာ Client တွေအများကြီးနဲ့ လက်တွဲလျက်ရှိတဲ့ အေဂျင်စီတစ်ခု ဖြစ်ပြီး CAA နဲ့ လက်ရှိလက်တွဲအလုပ်လုပ်နေတဲ့ ကမ္ဘာကျော်တွေထဲမှာ Brad Pitt, Tom Hanks, Beyonce, Norah Jones, Cardi B, Justin Bieber စတဲ့ နာမည်ကျော်များ ဖြစ်ပါတယ်။

 

 

ကောင်မလေးရဲ့ အောင်မြင်မှုကို ဘာနဲ့မှ  ဟန့်တားလို့မရတော့တဲ့ ခုနှစ်ပါပဲ …. ။

 

ref:allkpop

Be the first to comment

Leave a Reply

Your email address will not be published.


*