မင်္ဂလာဆောင်ဓာတ်ပုံ ရိုက်ထားပြီး လနဲ့ချီပြီး စောင့်ဆိုင်းပေးခဲ့ပေမယ့် လာမရွေးခဲ့လို့ စိတ်တိုတိုနဲ့ ရိုက်ချိုးပစ်ခဲ့သော ဆိုင်ရှင်

 

ဗီယက်နမ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် လက်ထပ်ပြီးသွား၍ မင်္ဂလာစုံတွဲဓာတ်ပုံအား ဆိုင်တစ်ဆိုင်တွင် ဘောင်လေးလုပ်ပြီး ပုံကြီးချဲ့ခိုင်းကာ ပွဲအပြီးတွင် လာရွေးမယ်ဆိုပြီး ဂတိစကားခံခဲ့သည်။

 

ထို့နောက် ဆိုင်ပိုင်ရှင်လည်း သူတို့ဇနီးမောင်နှံလာရွေးသည့်ချိန်တွင် ချက်ချင်းရအောင်ဆိုပြီး အချိန်မှီ ကြိုးစားပြီးတော့ အကောင်းဆုံးနဲ့ အလှဆုံးဖြစ်အောင် လုပ်ဆောင်ပေးခဲ့သော်လည်း ချိန်းထားသည့်ရက်တွင် ရောက်မလာခဲ့ပေ။

 

ဆိုင်ရှင်အမျိုးသမီးလည်း ကြင်စဦးဇနီးမောင်နှံဖြစ်သည့်အတွက် အလုပ်တွေရှုပ်နေလို့နေမှာဆိုပြီး နားလည်ပေးကာ တစ်ရက်ပြီးတစ်ရက် စောင့်ဆိုင်းပေးခဲ့သော်လည်း လနှင့်ချီပင်ကြာသွားတယ် ထိုဇနီးမောင်နှံမှာ စာမလာသတင်းမကြားပဲ ဓာတ်ပုံအား လာမရွေးခဲ့သည့်အတွက် စိတ်တိုတိုနဲ့ ပေါက်ဆိန်ကိုယူပြီး မင်္ဂလာစုံတွဲဓာတ်ပုံအား ရိုက်ချိုးဖျတ်ခဲ့ကာ ထင်းစိုက်ပစ်ခဲ့သည်။

 

ကံဆိုးစွာဖြင့် ထိုဇနီးမောင်နှံမှာ လက်ထပ်ပြီး ရက်ပိုင်းလောက်မှာပဲ ရန်ဖြစ်စကားများကြရင်း ကွာရှင်းပြတ်စဲသည်ထိ ဖြစ်ခဲ့ကြောင်း သိခဲ့ရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*