ရိုက်ကွင်းကိုလာလည်တဲ့ သူငယ်ချင်းကြောင့် ရိုက်ကူးရေးဝန်ထမ်းတစ်ဦးရဲ့ စွပ်စွဲမှုကိုခံနေရတဲ့ မင်းသား Lee Ji Hoon

 

River Where The Moon Rises ကားနဲ့ နာမည်ရလာတဲ့မင်းသား Lee Ji Hoon က မင်းသမီးHan Chae Young နဲ့အတူ Sponsor ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီး ၎င်းရိုက်ကူးရေးရှိ ဝန်ထမ်းတစ်ဦးရဲ့ ဖွင့်ချမှုကြောင့် ဝေဖန်မှုအချို့နဲ့ ရင်ဆိုင်နေရပါတယ်။

YTN Star သတင်းကတော့ Lee Ji Hoon က ရုပ်ရှင်ရိုက်ကွင်းကို သူငယ်ချင်းဖြစ်သူနဲ့အတူလာရောက်ခဲ့ပြီး အဆိုပါသူငယ်ချင်းက ရိုက်ကူးရေးဝန်ထမ်းတစ်ဦးကို ဆဲဆို ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါဝန်ထမ်းအနေနဲ့ မင်းသားဟာ သူ့သူငယ်ချင်းကိုအသုံးချပြီး သူ့ကိုခြိမ်းခြောက်နေတယ်လို့ ယူဆကာ အင်တာနက်ပေါ်မှာ ပို့စ်တစ်ခုရေးခဲ့ရာမှ စတင်ခဲ့ပါတယ်။


“အဲ့ဒီလူဟာ ဂန်းစတားလား ရပ်ကွက်ထဲက လူမိုက်လားတော့ မသိပါဘူး မင်းသားတစ်ယောက်အနေနဲ့ အဲ့လိုလူကိုခေါ်လာပြီး ဝန်ထမ်းတွေကို သွယ်ဝိုက် ခြိမ်း.ခြောက်တာမျိုးကို မလုပ်သင့်ဘူးလို့ ထင်တယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အဲ့လူပြောလိုက်တာကို ကြားလိုက်တာ တစ်ယောက်တည်းမဟုတ်ဘဲ အခြားသူတွေလည်းကြာခဲ့ကြပြီး လိုအပ်ရင် သက်သေထွက်ဆိုပေးမယ်လို့ ပြောနေကြပါတယ်။

Lee Ji Hoon က သူငယ်ချင်းဖြစ်သူကို တားဖို့ကြိုးစားခဲ့တယ်လို့ ပြောပေမယ့် သူ့မျက်လုံးတွေက ကျွန်မ ကိုကြည့်ပြီး ဘာလို့ငါ့ကိုလာဆွတာလဲ လို့ပြောနေသလိုပါပဲ။ ဒီလိုခံစားရတာလဲ ကျွန်တော်/ကျွန်မတစ်ယောက်တည်းမဟုတ်ပါဘူး။ လူအများကြီးကလဲ သက်သေလုပ်ပေးမယ်လို့ပြောပါတယ်။

ရိုက်ကူးရေးပြီးဆုံးသွားတဲ့ အခါမှာ သက်သေနဲ့တကွ ပို့စ်တစ်ခုတင်ပါမယ်။ တစ်ချိန်တည်းမှာပဲ ရဲတွေဆီကအကာအကွယ်ကိုလဲ တောင်းပါမယ်။ သူရိုက်ကွင်းပေါ်မှာ ဘောင်းဘီချွတ်လိုက်တဲ့အကြောင်းကို ရေးတဲ့အခါ “me too”လှုပ်ရှားမှုလို မှတ်ချက်တွေနဲ့ ဝန်းရံပေးမယ်လို့ပြောခဲ့တဲ့သူတွေလဲ အများကြီးပါပဲ။” လို့ ရေးသားခဲ့တာပါ။


ဝန်ထမ်းဖြစ်သူရေးထားတဲ့စာထဲမှာ မင်းသားရဲ့မျက်လုံးတွေက “ငါ့ကိုဘာလို့ လာစမ်းလဲ” လို့ ပြောနေသလိုပဲလို့ ရေးသားခဲ့တာကြောင့် ဒီဟာမတိုင်ခင်မှာ ဝန်ထမ်းနဲ့ Lee Ji Hoon ကြား ကတောက်ကဆဖြစ်ခဲ့တယ်လို့ယူဆလို့ရပေမယ့် ရေးထားတဲ့စာထဲမှာတော့ တိတိကျကျ မပါပါဘူး။

Sponsor ဇာတ်လမ်းတွဲကို တာဝန်ယူထုတ်လွှင့်မယ့် iHQ Company ကတော့ “Lee Ji Hoon ရဲ့သူငယ်ချင်းဟာ Lee Ji Hoon ရဲ့မွေးနေ့ကို ဂုဏ်ပြုပေးဖို့ ရိုက်ကွင်းကိုခဏလာလည်တာဖြစ်ပြီး ရိုက်ကူးရေးဝန်ထမ်းတွေနဲ့ ကြီးကြီးမားမားပြဿနာမရှိခဲ့ပါဘူး။ ရိုက်ကူးရေးအဖွဲ့ကတစ်ဆင့် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်” လို့ ဖြေဆိုခဲ့ပါတယ်။

မင်းသား Lee Ji Hoon ရဲ့ အေဂျင်စီကတော့ ထိုသတင်းနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ဖြေရှင်းခြင်းမရှိသေးပါဘူး။

ref:popfever

Be the first to comment

Leave a Reply

Your email address will not be published.


*