မိဘက ကျောင်းဆရာမ ဖြစ်စေချင်ပေမယ့်  ဘေထုပ်ရောင်းပြီး တိုက်အိမ်နှင့်ဇိမ်ခံကား ပိုင်ဆိုင်လာခဲ့တဲ့ကောင်မလေး

မိဘက ကျောင်းဆရာမ ဖြစ်စေချင်ပေမယ့်  ဘေထုပ်ရောင်းပြီး တိုက်အိမ်နှင့်ဇိမ်ခံကား ပိုင်ဆိုင်လာခဲ့တဲ့ကောင်မလေး

မိဘတွေက သားသမီးတွေကို ဖြစ်စေချင်တဲ့ ဆန္ဒလေးတွေ ရှိတတ်ကြပေမယ့် တစ်ခါတစ်လေမှာ သားသမီးရဲ့ စိတ်ဆန္ဒနဲ့ ထပ်တူကျချင်မှ ကျပါလိမ့်မယ်။


ဒီလိုပါပဲ ဖိလစ်ပိုင်နိုင်ငံမှ အသက်၂၀ ကျော်အရွယ် ကောင်မလေးတစ်ယောက်က တက္ကသိုလ်ကနေဘွဲ့တစ်ခုရထားပြီး မိဘနှစ်ပါးကတော့ သူမရဲ့ရှေ့ရေးအနာဂတ်လှပဖို့ရာ ကျောင်းဆရာမအလုပ်ကို ဝင်စေချင်ခဲ့ပါတယ်။

ဒါပေမယ့် ကောင်မလေးက သူမဝါသနာပါရာ စီးပွားရေးလောကထဲကို ဝင်ရောက်လေ့လာခဲ့ပြီးနောက် ဘေထုပ်တွေမှာယူကာ ဆိုင်သေးသေးလေးဖွင့်ပြီး တဆင့်စျေးနှင့် ပြန်လည်ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။

မိန်းကလေးသည် အဝတ်အထည်ကို ကိုယ်တိုင်ဝတ်ပြကာ ဆိုင် မော်ဒယ်မလေးဖြစ်လာပြီး ရောင်းအားကလည်း ပစ္စည်းနှင့်စျေးနဲ့ကိုက်ညီတဲ့အတွက် ရောင်းကောင်းလွန်းသည့်အတွက် တဖြည်းဖြည်း အောင်မြင်လာခဲ့သည်။

သူမရဲ့ အလုပ်ကြိုးစားမှု ရလဒ်ကြောင့် နောက်ဆုံးတော့ ကောင်မလေးမှာ ဘေထုပ်ဖြန့်ဝေသူဖြစ်လာပြီး မိဘနှစ်ပါးကိုလည်း အလုပ်ကနေအနားယူခိုင်းကာသက်တောင့်သက်နေနိုင်ဖို့ တိုက်အိမ်ကြီးတစ်လုံးနှင့် ဇိမ်ခံကားတစ်စီးအား ဝယ်ယူနိုင်တဲ့ထိ အဆင်ပြေလာခဲ့ပါတယ်။

အလုပ်ဟူသမှ ဂုဏ်ရှိစွ ဆိုသလိုပဲ မိမိ ဝါသနာပါတဲ့အလုပ်ကို သေချာ စဉ်းစားရွေးချယ်ပြီး ဇွဲရှိရှိလုပ်ကိုင်ရင်တော့ အောင်မြင်မှု ရလာမှာ သေချာပါပဲ ။

Be the first to comment

Leave a Reply

Your email address will not be published.


*