ငရုပ်သီးအနှစ်ပြုလုပ်ဖို့ ခြေထောက်နှင့်နင်းသိပ်နေတဲ့ ဗီဒီယိုတစ်ခုကြောင့် စားသုံးသူတွေအကုန်လုံး တုန်လှုပ်သွားခဲ့ရ

လူတော်တော်များများ ကြိုက်နှစ်သက်ကြသောအစားအစာများတွင် ငရုပ်သီးအနှစ်သည် အဓိကအစားအစာပင်ဖြစ်လာခဲ့သည်။

ငရုပ်သီးအနှစ်များကို ပြုလုပ်သည့် ပုံစံတစ်ခုဟာ လိုင်းပေါ်တွင်ပျံနှံလာခဲ့ပြီးနောက်တွင် ဟော့ပေါ့မြေအိုးတို့ကို ကြိုက်နှစ်သက်လှသော စားသုံးသူတွေအကြားတွင် အတော်လေးရေပန်းစားနေခဲ့ပါတယ်။

ဟင်းလျာတစ်ခုတွင် သန့်ရှင်းသပ်ရပ်မှုကို အဓိကဦးစားပေသည်ဟုဆိုသိုသော်လည်း ယခုငရုပ်သီးအနှစ်ပြုလုပ်ပုံဟာ အခြားအဆပလာများကို ရောစပ်ပြီး ငရုပ်သီးကို နှပ်ရာတွင် ခြေထောက်ဖြင့် နင်းသိပ်ပြီး ပြုလုပ်နေတာဖြစ်ပါတယ်။

 

ထိုသို့ပြုလုပ်ပုံကြောင့် လူအများဟာ အထင်လွဲရန်အတွက် လိုင်းပေါ်တင်ခဲ့တာလား သို့မဟုတ် အမှန်တကယ်ပြုလုပ်တာလားဆိုပြီး ဝေခွဲမရဖြစ်နေခဲ့ပါတယ်။

 

အကောင့် L.N ကနေ တဆင့် လူတွေစိတ်ရှုပ်စေတဲ့ငရုတ်သီးတောင့်ကိုခြေဗလာနဲ့ပြုလုပ်ထားတဲ့ ဗွီဒီယို ကလစ်တစ်ခုရဲ့ အစိတ်အပိုင်းကိုတင်လိုက်ပါတယ်။ အဲဒီထဲမှာ အမျိုးသမီးက ခြေထောက်များနှင့် ငရုတ်သီးလို့ ယူဆရတဲ့အရာတွေကို ခြေဖြင့်နင်းနေသည်ကိုတွေ့မြင်နိုင်ပါတယ် ။ ဒီလုပ်ရပ်ကို မြင်ပြီးနောက် စာဖတ်သူတွေက မှတ်ချက်များစွာပေးခဲ့ပါတယ်။

ဒါဟာ ငရုပ်သီးအမှန်တကယ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ စားစရာဆိုတာတော့ မှန်ကန်နေတာပဲ ။ ဒီဟာကို ကြိတ်တာထောင်းတာနယ်တာတွေက တခြား သုံးလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ် လုပ်လို့မရဘူးလား
ညစ်ပတ်လိုက်တာ
စားသုံးသူတွေကို မလေးစားဘူး
စိတ်တိုတယ် ငါလည်း ငရုပ်သီးကြိုက်တယ်
သန့်ရှင်းမှုမရှိတဲ့ ဒီလုပ်ရပ်ကို သက်ဆိုင်ရာကို တိုင်သင့်တယ်

စသည့် မှတ်ချက်များကို ရေးသားခဲ့ကြပါတယ်

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*