အထာကျကျ နဲ့ လစ်မစ်များများ သောက်နိုင်တဲ့ ကိုးရီးယား အမျိုးသားအနုပညာရှင်များ

 

ကိုးရီးယား အနုပညာရှင်တွေရဲ့ အယ်လ်ကိုဟော လယ်ဗယ်ကို ပရိသတ်တိုင်း သိချင်ကြတာပါပဲ ။ ထင်ထားတာထက် ပိုပြီါး သောက်နိုင်တဲ့ အနုပညာရှင်တွေရှိသလို အနည်းငယ်ပဲသောက်ပြီးမှောက်သွားတဲ့သူတွေလည်းရှိပါတယ်။ ဒီတစ်ခါ တော်ရုံ လစ်မစ်နဲ့ ဘာမှမဖြစ်ပဲအများကြီးသောက်နိုင်တဲ့ အမျိုးသား အနုပညာရှင်တွေကို ဖော်ပြပေးချင်ပါတယ်။သူတို့ဟာ လူတွေထင်ထားတာထက်ကို soju သောက်နိုင်ကြပါတယ်တဲ့။

Ahn Bo Hyun

 

လတ်တလော Yumi”s Cell ကားထဲက မင်းသား Ahn Bohyun က soju ၄၊၅ပုလင်းထိသောက်နိုင်တယ်လို့အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။ အတူတူသောက်နေတဲ့အချိန်မှာ အိမ်ကိုစောကြီးပြန်သွားတတ်တဲ့သူကို မကြိုက်ပါဘူးလို့လည်းပြောခဲ့ပါသေးတယ်။

Kang Haneul

မင်းသား Kang Haneul ကတော့ “soju ကို(၄)ပုလင်းလောက်ထိသောက်နိုင်ပါတယ်တဲ့။သူကတော့ ဒီအကြောင်းကိုတစ်ခါမှကြွားဝါပီးမပြောဖူးပါဘူး။Soju ကောင်းကောင်းသောက်နိုင်တယ်လို့ကြွားဝါတာဟာမိုက်မဲမှုတစ်ခုပဲလို့ထင်လို့ပါ။အရမ်းကြိုက်တဲ့ ရုပ်ရှင် ကြည့်နေတဲ့အချိန်မျိုးမှာ သောက်ရတာကြိုက်ပါတယ်” လို့လည်း ပြောဖူးပါတယ်။

UP10TION’s Kim Wooseok

Kim Wooseok ကလည်း soju ကို(၄)ပုလင်းနဲ့အထက်သောက်နိုင်တယ်လို့ ဆိုပါတယ် ။သူ့ရဲ့အဖွဲထဲမှာ အကောင်းဆုံးသောက်နိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Kang Daniel

Kang Daniel က သူဟာsoju ကို၅၊၆ပုလင်းထိသောက်နိုင်တယ်လို့ပြောခဲ့ဖူးပါတယ်။

Kang Dongwon

Kang Dongwon ကတော့ soju (၅)ပုလင်းဝန်းကျင်ထိ သောက်နိုင်ပါတယ်တဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*