ကလေး ၁၀ မွှာပူးကို ကမ္ဘာ့စံချိန်ချိုးပြီး အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ အာဂအမျိုးသမီး

 

ကမ္ဘာပေါ်မှာ ၁၀ မွှာပူးမွေးတဲ့ ဖြစ်ရပ်ဆိုတာ အလွန်ရှားပါးပါတယ်။ ဒီစံချိန်ကို တောင်အာဖရိကအမျိုးသမီး
Gosiame Thamara Sithole ကတော့ ကမ္ဘာ့စံချိန်ကို ချိုးပြီး ၁၀ မြွှာပူးကို တစ်ကြိမ်တည်းနဲ့ မွေးဖွား
လိုက်ပါတယ်။
ဆရာဝန်က သူ့ကို ၆ မြွှာပူးမွေးလောက်တယ်လို့ပြောတော့ Gosiame တစ်ယောက်အရမ်းကို အံ့ဩသွားခဲ့ပါတယ်။ နောက်ပိုင်း အာထရာစောင်းရိုက်ကြည့်တဲ့အခါ ကလေး ၈ ယောက်ကိုမြင်ခဲ့ရပါတယ်။

 

ဒါပေမဲ့ တကယ်တမ်းတော့ သူက ၁၀ မြွှာပူးကိုယ်ဝန်ကို ဆောင်ထားခဲ့ရတာ ဖြစ်နေပါတယ်။

ကလေးတွေ မွေးလာတဲ့အခါ ယောကျ်ားလေး ၇ ယောက်၊ မိန်းကလေး ၃ ယောက်ဖြစ်တာကြောင့် သူ့ရဲ့ခင်ပွန်းက စကားတောင်မပြောနိုင်ဘဲ အရမ်းဝမ်းသာနေခဲ့ပါတယ်။ ကလေး ၁၀ ယောက်လုံးကို ဗိုက်ခွဲမွေးတယ်လို့ IOL က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ကလေး ၅ ယောက်ကို သဘာဝအတိုင်းမွေးပြီး ကျန်ကလေး ၅ ယောက်ကို ဗိုက်ခွဲမွေးတယ်လို့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။Ms Gosiame က ၁၀ မြွာပူးကိုယ်ဝန်ကို သဘာဝအတိုင်း ရရှိခဲ့တာဖြစ်ပါတယ်။

ဂင်းနစ်မှတ်တမ်းအဖွဲကြီးကတော့ Ms Gosiame ကို လိုက်ရှာနေကြပါတယ်။ BBC ရဲ့ပြောကြားချက်အရ ၂၀၀၉ ခုနှစ်မှာအမျိုးသမီးတစ်ယောက်က ကလေး ၈ ယောက်မွေးပြီး ကမ္ဘာ့စံချိန် ချိူးခဲ့တာပါ။ Ms Gosiame ကတော့ သူ့ရဲ့စံချိန်ကို ချိုးပြီး ကလေး ၁၀ ယောက်မွေးဖွားနိုင်ခဲ့ပါပြီ။Ms Gosiame မှာ အသက် ၆ နှစ်အရွယ် အမွှာနှစ်ယောက်လည်း ရှိပါသေးတယ်။ ၁၀ မွှာပူးကိုယ်ဝန်ကို ၂၉ ပတ်မှာ မွေးဖွားခဲ့တာပါ။

Ms Gosiame က ကိုယ်ဝန်ဆောင်ခါစမှာ ခက်ခဲပင်ပန်းခဲ့ပါတယ်။ကလေးတွေ ကျန်းကျန်းမာမာ မမွေးလာမှာကို စိုးရိမ်ပြီး အိပ်မရတဲ့ညပေါင်းတွေလည်း မနည်းခဲ့ပါဘူး။ကလေးတွေ ဗိုက်ထဲမှာ အဆင်ပြေပါ့မလား၊ အသက်ရှင်ပါ့မလား၊ တစ်ပေါင်းတစ်စည်းတည်း ထွက်လာပါ့မလားဆိုတဲ့ အတွေးတွေကို ထပ်ခါထပ်ခါ တွေးနေမိတယ်လို့ Ms Gosiame ကပြောပါတယ်။ နောက်ဆုံးတော့ ကလေးတွေက ကျန်းကျန်းမာမာနဲ့ မွေးဖွားလာလို့ ဘုရားသခင်ကို ကျေးဇူးနေပြီး ပျော်ရွှင်နေကြပါတယ်။

 

 

Ref:bbc

Be the first to comment

Leave a Reply

Your email address will not be published.


*