ကိုယ်ဝန်ရှိနေစဥ် နိုက်ကလပ်တက် အရက်သောက်ခဲ့တယ်လို့ သတင်းတွေထွက်နေတဲ့ Kim Seon Hoရဲ့ရည်းစားဟောင်းဆိုတာ

လတ်တလော K Industry မှာသာမက နိုင်ငံတကာမှာ ဟော့အဖြစ်ဆုံး သတင်းတစ်ပုဒ်ကတော့ မင်းသား Kim Seon Ho ဟာ ရည်းစားဟောင်း ကို ဖိအားပေးကာ ကိုယ်ဝန်ဖျက်ချခိုင်းကာ စိတ်ဖိစီးမှုများစွာ ပေးခဲ့တာကြောင့် ပုံမှန် ပါဝင်နေတဲ့ ရုပ်သံနဲ့ ဇာတ်လမ်းတွေ အင်တာဗျူးတွေထိပါ ဖျက်သိမ်းခံရကာ နာမည်ဆိုးထွက်လာတဲ့သတင်းပဲဖြစ်ပါတယ်။

ဒါကြောင့် မင်းသားကို ချစ်တဲ့ ပရိသတ်အများကြီးကလည်း Kim Seon Ho ရဲ့ ရည်းစားဟောင်းဟာ ဘယ်သူလဲ ။ ဘယ်လိုပက်သက်ခဲ့ကြတာလဲဆိုတာ သိချင်ခဲ့ကြပါတယ်။ မင်းသား Kim Seon Ho. ရဲ့ ရည်းစားဟောင်းဆိုသူဟာ ဖြစ်တဲ့ မိုးလေဝသသတင်း တင်ဆက်သူ Choi Young-ah ဖြစ်ပြီး 1985 ခုနှစ် ဒီဇင်ဘာလတွင် မွေးဖွားခဲ့ပြီး ယခုနှစ်တွင် အသက် 37 နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးဆိုတာ ဖော်ပြလာခဲ့ကြပါတယ်။

သူမက နိုင်ငံခြားဘာသာလေ့လာရေး တက္ကသိုလ်မှ ပြင်သစ်ဘာသာနှင့် ဘွဲ့ရခဲ့ပြီး 2009 ခုနှစ်မှာ YTN နှင့် KBS အတွက် မိုးလေဝသခန့်မှန်းချက် တင်ဆက်သူအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူမဟာ 4 နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ KBS မှ 2013 ခုနှစ် ဧပြီလတွင် နှုတ်ထွက်ခဲ့ပြီး Samwon Garden ဥက္ကဋ္ဌ Park Soo-nam ရဲ့သားဖြစ်သူ SG Dine Hill ရဲ့စီအီးအို Park Young-sik (စီးပွားရေးလုပ်ငန်းရှင်) နှင့် လက်ထပ်ခဲ့ပါတယ်။

ဒါပေမယ့် လက်ထပ်ပြီး 17 ရက်အကြာမှာ ကွာရှင်းပြတ်စဲခဲ့ကြတာ ဖြစ်ပြီး သူတို့ကွာရှင်းရတဲ့ အကြောင်းရင်းကိုတော့ မသိရပါဘူး။ အရပ် 170 စင်တီမီတာရှိပြီး သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်အလှနှင့် အားလုံးရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့သူဖြစ်ကြောင်း ဆိုကြပါတယ်။

 

ကွာရှင်းပြီးနောက် အလှအပ ဖက်ရှင်ရှော့ပင်းမောလ်တစ်ခုကို Instagram နှင့် Blog တွေမှာဖွင့်ခဲ့ပြီး Choi Young-ah shopping mall I.M ဆိုပြီး အလုပ် လုပ်ဆောင်နေခဲ့ပါတယ်။ ယခုမူ စာမျက်နှာအားလုံးကို ဖျက်ပစ်လိုက်ပြီး Instagram ကိုလည်း private ပြောင်းထားလိုက်ပါတယ်။

မင်းသား Kim Seon Ho ဘက်နဲ့ အေဂျင်စီဘက်က တရားဝင် ထုတ်ပြန်စာ တောင်းပန်စာများ ထုတ်ခဲ့ပြီးနောက်မှာတော့ သူမက သူတို့နှစ်ဦးကြား နာလည်မှု အပြည့်အ၀မရခဲ့ဟန်တူကြောင်းနဲ့ မင်းသားက သူမကို ကောင်းမွန်စွာ တောင်းပန်ပြီးစီးကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဂယက်တွေထသွားပြီးနောက်ပိုင်း သူမအကြောင်းတွေလည်း လိုင်းပေါ်မှာ ပလူပျံအောင် ထွက်လာခဲ့ပါတယ် ။ ပွေရှုပ်တတ်သူ အရက်သောက်တာကို နှစ်သက်ကာ ပါတီပေးရတာ ပါတီပွဲတွေ တက်ရတာ နှစ်သက်သူဖြစ်ပါတယ်။ မင်းသားနဲ့ ကိုယ်ဝန်ရစဉ်တုန်းကလည်း အရက်သောက်ခဲ့တာကြောင့် ကလေးထိခိုက်မှာစိုးလို့ ဖျက်ချခိုင်းခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့ကြပါတယ်။ ဒီလိုရေးသားချက်တွေပေါ်လာပြီး နောက်ဆက်တွဲမှာတော့ သူမက ရှေ့နေအဖွဲ့ဖွဲ့ စည်းလိုက်ပြီး သူမအကြောင်း မဟုတ်မမှန်ရေးသားဖော်ပြသူမှန်သမျှကို ဥပဒေအရအရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပြန်ပါတယ်။

 

 

Ref:allkpop

Be the first to comment

Leave a Reply

Your email address will not be published.


*