ခင်ပွန်းကိုပြန်ရောင်းဖို့ မယားငယ်ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ မယားကြီး

ခင်ပွန်းကိုပြန်ရောင်းဖို့ မယားငယ်ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ မယားကြီး

အိန္ဒိယနိုင်ငံက အမျိုးသမီးငယ်တစ်ဦးဟာ ဖောက်ပြန်တဲ့ ခင်ပွန်းကြောင့် အမျိုးမျိုးစိတ်ညစ်ခဲ့ရပေမယ့် သူမရဲ့ ယောက်ျားနဲ့ ဖောက်ပြန်နေတဲ့မယားငယ်က ညှိနှိုင်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အဲဒါကတော့ ခင်ပွန်းကိုပြန်ရောင်းမယ်ဆိုရင် ရူပီးသိန်း (၅၀) ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုပါ။ အဲဒီကမ်းလှမ်းမှုကို မယားကြီးဖြစ်သူက ကျေကျေနပ်နပ်လက်ခံလိုက်တယ်လို့ သိရပါတယ်။


ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ Karnataka မြိ့မှာ ဖြစ်ခဲ့တာပါ။ မယားကြီးအမည်ကတော့ Ramya လို့ သတင်းမှာဖော်ပြ ထားပါတယ်။

Ramya ဟာ ခင်ပွန်းဖောက်ပြန်တာကို သိခဲ့တာကြာပါပြီ သူမရဲ့ ခင်ပွန်းဟာ ယခင်ကအလုပ်ကနေ အိမ်ကိုပြန်မလာဘဲ သူငယ်ချင်းအိမ် လိုက်အိပ်တာလိုလို အလုပ်ကခရီးထွက်ခိုင်းလို့ ထွက်ရတာလိုလိုနဲ့ အမြဲလိုလိုအကြောင်းပြချက်ပေးပြီး အိမ်ပြန်လာလေ့မရှိပါဘူး။

အဲဒီကတည်းက သူမရဲ့ခင်ပွန်း အခြေပျက်နေပြီဆိုတာ သိခဲ့ရတာပါ။ ခင်ပွန်းဖြစ်သူဟာ ငွေကြေးချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်နေတာ ဖြစ်ပါတယ်။

ဒီလိုနဲ့သူမကို မယားငယ်ဖြစ်သူနဲ့ လက်ပူးလက်ကြပ်ဖမ်းပြီး နှစ်ဖက်အချေအတင် ငြင်းခုံခဲ့ရပါသေးတယ်။ နောက်ဆုံးတော့ ငွေချမ်းသာတဲ့အမျိူးသမီးက ညှိနှိုင်းချိန်မှာတော့ သူမကလည်း လျှောလျှောရှူရှူလက်ခံလိုက်ပါတယ်။ အကြောင်းတော့ ခင်ပွန်းကို အလကားသက်သက် ဆုံးရှုံးလိုက်ရတာထက်စာရင် ဒီလောက်ငွေအများကြီးရတာက မြတ်တယ်လို့တွေးလိုက်လို့ပါ။

ဒီငွေတွေနဲ့ Ramya ဟာ အကြွေးတွေအကုန် ဆပ်နိုင်ခဲ့ပါတယ်။သူမဟာပထမတုန်းက ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့ပေမယ့် နောက်တော့ဒီရွေးချယ်မှုကို ဆုံးဖြတ်လိုက်တာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*