အရမ်းလှပတဲ့သူမရဲ့ရုပ်ရည်ကြောင့် စိတ်ဝင်စားမှုခံနေရတဲ့ ‘Squid Game’ ထဲက မင်းသမီး Lee Yoo Mi

‘Squid Game’ ထဲမှာတော့ ပေစုတ်စုတ် ကောင်မလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lee Yoo Mi ကတော့ ဇာတ်လမ်းထဲကနဲ့မတူပဲ အရမ်းလှပတဲ့သူမရဲ့ရုပ်ရည်ကြောင့် လူတွေ စိတ်ဝင်စားမှုခံနေရပါတယ်။

Followers တွေက မင်းသမီးLee Yoo Mi IG ပေါ်က သူမရဲ့ပုံတွေကို အရမ်းစိတ်ဝင်စားမှု နေခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့ ‘Squid Game’ ထဲကအစိမ်းရောင်ဝတ်စုံနဲ့ ပေစုတ်လေး သူမက မထင်မှတ်ရလောက်အောင်အရမ်းကိုလှတဲ့သူတစ်ယောက်ဖြစ်နေလို့ပါပဲ။

Lee Yoo Mi မှာBusan International Film Festival အတွက်ပြင်ဆင်ထားတဲ့ သူမရဲ့ပုံများကိုတင်ပေးခဲ့ပါသေးတယ်။Lee Yoo Mi ဟာ အနက်ရောင်dress နဲ့ ဆံပင်ကိုအနောက်မှာ လှပစွာထုံးဖါဲ့ထားခဲ့ပြီး မျက်နှာအမူအရာဘာမှမလုပ်ပြတာတောင်သူမပုံကအရမ်းကိုတောက်ပနေခဲ့ပါတယ်။

သူမရဲ့ပြေပြစ်ပီးလှပတဲ့အသားအရည်နဲ့ပေါ်လွင်ထင်ရှားတဲ့မျက်နှာပုံစံတို့ကြောင့်အရုပ်မလေးနဲ့တောင်တူတယ်ဆိုပီးFan တွေမှတ်ချက်ပြုခဲ့ပါတယ်။Lee Yoo Mi ဟာကမ္ဘာမှာအရမ်းနာမည်ကြီးနေတဲ့ ‘Squid Game’ မှာပါဝင်ပီးနောက်အရမ်းနာမည်ကြီးလာခဲ့ပါတယ်။

နာမည်ကျော်ကြားလာပီးနောက်Fan တွေနဲ့netizen တွေကသူမနောက်ထပ်သရုပ်ဆောင်မဲ့character တွေအပေါ်စောင့်ကြည့်နေကြပါတယ်။အရမ်းကိုချစ်ဖို့ကောင်းပီးလှပတဲ့သူမရဲ့ပုံတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။

 

ref:Allkpop

Be the first to comment

Leave a Reply

Your email address will not be published.


*