ရည်းစားဟောင်းကို ဖိအားပေးကိုယ်ဝန်ဖျက်ချခိုင်းတယ်ဆိုတဲ့ သတင်းကြောင့် Kim Seon Ho နဲ့ ကြော်ငြာထားသော ဓာတ်ပုံ နှင့်ဗီဒီယိုများကို ဖြုတ်ချခဲ့တဲ့လုပ်ငန်းများ

ရည်းစားဟောင်းကို ဖိအားပေး ကိုယ်ဝန်ဖျက်ချခိုင်းကာ တာဝန်ယူမှ မရှိခဲ့ဘူးဆိုတဲ့ အငြင်းပွားဖွယ် သတင်းကြောင့် ‘Domino’s Pizza’ တံဆိပ်သည် သရုပ်ဆောင် Kim Seonho နဲ့ ကြော်ငြာထားတဲ့ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ၎င်းတို့ရဲ့ တရားဝင် page တွေကနေ ဖျက်သိမ်းလိုက်ပြီပဲ ဖြစ်ပါတယ်။


အတည်ပြုထားခြင်း မရှိသေးသော်လည်း မင်းသား Kim Seonho နဲ့ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာများ အပြီးမှာ ‘Domino’s Pizza’ က Kim Seonho ပါဝင်ထားသောကြော်ငြာများအားလုံးကို ချက်ချင်း ဖယ်ရှားပစ်ခဲ့တာ ဖြစ်ပါတယ်။ Domino’s Pizza အတွက် Kim Seonho ရဲ့ကြော်ငြာတွေကို တရားဝင်ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကနေပါ ဖျက်ချလိုက်တာပဲ ဖြစ်ပါတယ်။

လက်ရှိနာမည်ကြီး သရုပ်ဆောင် မင်းသား K ဆိုသူက ရည်းစားဟောင်းကို ကိုယ်ဝန်ရစေခဲ့တာအပြင် ဖိအားပေး ကိုယ်ဝန်ဖျက်ချခိုင်းခြင်း တာဝန်မယူခြင်း ဖိအားပေး ခြိမ်းလြောက်ခြင်း ပြုလုပ်ခဲ့တယ်ဆိုပြီး သတင်းထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

K ဟာ ဘယ်သူလဲဆိုတာ ထုတ်ဖော်မပြောပေမယ့် အားလုံးက Kim Seo Ho ဖြစ်ကြောင်း ယူဆခဲ့ကြပြီးနောက် ခုလို ဖြုတ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ မင်းသားရဲ့ အေဂျင်ဆီကိုလည်း တရားဝင် ထုတ်ပြန်ချက် ထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။


ဗူးပေါ်ဖရုံဆင့်ဆိုသလိုပဲ မင်းသားနဲ့ အလုပ်လုပ်ထားတဲ့ Canon Korea လည်း instagram မှာ Kim Seon Hoနဲ့တွဲရိုက်ထားတဲ့ကြော်ငြာတွေကို ဖြုတ်ပစ်မှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။
နောက်ထပ် Food Bucket ဆိုတဲ့ အမှတ်တံဆိပ်ကလည်း Kim Seonho နဲ့ကြော်ငြာတွေကို ချက်ခြင်း ဖြုတ်ချပစ်ခဲ့ပါတယ်။


ဗူးပေါ်ဖရုံဆင့်ဆိုသလိုပဲ မင်းသားနဲ့ အလုပ်လုပ်ထားတဲ့ Canon Korea လည်း instagram မှာ Kim Seon Hoနဲ့တွဲရိုက်ထားတဲ့ကြော်ငြာတွေကို ဖြုတ်ပစ်မှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။


လက်ရှိမှာတော့ Kim Seonho နှင့် SALT Entertainment ဘက်က ဖြစ်ပွားနေသောအငြင်းပွားမှု ကို တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

 

Ref: Celebtempo

Be the first to comment

Leave a Reply

Your email address will not be published.


*