2021 မကုန်ခင်မှာ အမိုက်စားပုံစံနှင့် Comeback အဖြစ် ပြန်လာဖို့ စီစဉ်နေပြီဖြစ်တဲ့ BLACKPINK

 

SEN Media ကနေပြီးတော့ ယခုနှစ် YG Entertainment ရဲ့ဝင်ငွေနှင့် ပတ်သက်ပြီး Korea Investments & Securities ရဲ့ သုံးသပ်ချက်များ ပါဝင်တဲ့သတင်းတစ်ပုဒ်ကို ထုတ်ပြန်ခဲ့ပြီး BLACKPINK အဖွဲ့ရဲ့ Comeback သတင်းကိုပါ အရိပ်အမြွက် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။


Korea Investments & Securities ရဲ့ ဖော်ပြချက်အရ YG Entertainment ရဲ့ဝင်ငွေဟာ ၂၀၂၁ ရဲ့ စတုတ္ထမြောက် သုံးလပတ်တွင် BLACKPINK ရဲ့ comeback နှင့်အတူ သိသိသာသာ တိုးတက်သွားဖို့ ရှိတယ်လို့ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ BLACKPINK ဟာ သူတို့ရဲ့First Full Album “THE ALBUM” ကို နောက်ဆုံး ဖြန့်ချီထားခဲ့တာ ဖြစ်ပြီး အားလုံးကတော့ သူတို့ရဲ့ COMEBACK ကို မျှော်လင့်တကြီးဖြစ်နေကြပါတယ်။


BLACKPINK အတွက် COMEBACKဖြစ်ဖို့ ကြန့်ကြာနေတဲ့အကြောင်းတွေထဲက တစ်ခုကတော့ အဖွဲ့ဝင် နှစ်ဦးအတွက် Solo Albumများ ထုတ်‌ပေးနေတာကြောင့်လို့ ယူဆချက်လည်း ရှိနေပါတယ်။ Rosé ရဲ့ album“ R” ဟာ ဒီနှစ်မတ်လတွင် ထွက်ရှိခဲ့ပြီး Lisa ရဲ့“ LALISA” album က ဒီနှစ် စက်တင်ဘာလက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒထွက်ခဲ့သမျှ BLACKPINK အဖွဲ့ဝင်များရဲ့ SOLO ကလည်း အောင်မြင်ခဲ့တာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


ဒီသတင်းကို ကြားကြပြီးနောက် Twitter တွင် “BLACKPINK COMEBACK” ဆိုတာက world wide Trending ထိပါ ဖြစ်ခဲ့ပါတယ်။ အမဲပန်းတို့ ထုံးစံအတိုင်း ပန်းပန်လျက်ပါပဲ COMEBACK လည်း အောင်မြင်ပါစေ ။

Be the first to comment

Leave a Reply

Your email address will not be published.


*