မင်္ဂလာဆောင် ဓာတ်ပုံရိုက်ကူးစဉ် ကောင်မလေးက ပို့စ်မပေးတတ်သဖြင့် စကားများရင်း ရိုက်ကွင်းမှာတင် ကွဲပြဲသွားကြတဲ့ စုံတွဲ

လူသားတို့သည် လက်ထပ်ထိမ်းမြားကြပြီဆိုကတည်းက တစ်ယောက်အကြောင်း တစ်ယောက်ပိုနားလည်ပြီး နှစ်ဦးလုံးရဲ့ဆက်ဆံရေးကို ပိုခိုင်မြဲစေခြင်းဖြစ်သည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် အခြားသော မင်္ဂလာစုံတွဲတွေလို ဝတ်စုံအရောင်တူမဟုတ်ပဲ သတို့သားမှာ သူကြိုက်တဲ့အရောင်ကို သူရွေးချယ်ဝတ်ကာ သတို့သမီးမှာလည်း သူကြိုက်နှစ်သက်သည့် အရောင်ကိုသာ ရွေးချယ်ဝတ်ဆင်ခဲ့သည်။

ထို့ကြောင့် သူတို့ဇနီးမောင်နှံနှစ်ဦးသည် အရောင်ကွဲနေခြင်းဖြင့် အမြင်တစ်မျိုးဖြစ်နေသည့်အပြင် မင်္ဂလာဓာတ်ပုံရိုက်သည့်အခါမှာလည်း တည့်တည့်ရှူရှူမရှိပဲ စကားများရန်ဖြစ်ခဲ့ကြသေးသည်။

သူတို့နှစ်ဦးသည် မင်္ဂလာဓာတ်ပုံရိုက်ရာတွင် သတို့သမီးလေးမှာ ရှက်နေခဲ့ပြီး သတို့သားက ပိုစ့်ပေးနည်းတွေ သင်ပေးခဲ့သော်လည်း လိုက်မလုပ်ချင်ခဲ့၍ စိတ်မရှည်တော့ပဲ သတို့သမီးကို ရိုက်မနေတော့နဲ့ဆိုပြီး တွန်းထုတ်ပစ်ခဲ့သည်။

သတို့သမီးလည်း တဖန်ပြန်လည် စိတ်ဆိုးကာ နှစ်ယောက်သား ဓာတ်ပုံဆရာရဲ့ရှေ့တွင် စကားများရန်ဖြစ်ကြကာ တစ်ယောက်နှင့်တစ်ယောက်မလျှော့ကြသည့်အဆုံး မင်္ဂလာဓာတ်ပုံရိုက်လို့မပြီးခင်မှာပဲ လမ်းခွဲပြတ်စဲခဲ့ကြတော့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*