ကလေးအလောင်း(၄၀၀)ကျော်တွေ့ရှိခဲ့တဲ့ စကော့တလန်ကမိဘမဲ့ကလေးဂေဟာရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေသမိုင်းကြောင်း

ကလေးအလောင်း(၄၀၀)ကျော်တွေ့ရှိခဲ့တဲ့ စကော့တလန်ကမိဘမဲ့ကလေးဂေဟာရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေသမိုင်းကြောင်း

လွန်ခဲ့တဲ့ သက္ကရာဇ် 1864 ခုနှစ်အတွင်းက စတင်လည်ပတ်ခဲ့တဲ့ မိဘမဲ့ကလေးများ ဂေဟာတစ်ခုရဲ့ ခြံဝင်းအတွင်းမှာ ကလေအလောင်းပေါင်း 400 ကျော် တွေ့ရှိခဲ့မှုအပေါ် သတင်းမီဒီယာတွေက စိတ်ဝင်စားနေကြပါတယ်။ ဂေဟာရဲ့ အမည်ကတော့ Smyllum Park Orphanage ဖြစ်ပြီး၊ လန်ကာရှိုင်းယားပြည်နယ်မှာ တည်ရှိတယ်လို့ Metro က ဆိုပါတယ်။

 

အဆိုပါ ဂေဟာနဲ့ မနီးမဝေးမှာ St Mary’s Cemetery သင်္ချိုင်းလည်းတည်ရှိနေပြီး၊ ဒီများပြားလှတဲ့ အလောင်းတွေ့ရှိမှုကတော့ သင်္ချိုင်းမြေလို့ သတ်မှတ်ထားခြင်းမရှိတဲ့ မြေအောက်က တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 1864 ခုနှစ်မှာ Smyllum Park Orphanage ကို Daughters of Charity of St Vincent de Paul အမည်ရ ပရဟိတအဖွဲ့က စတင် လည်ပတ်ခဲ့တာပါ။

ဒီဂေဟာကို 1864 ခုနှစ်မှ 1981 ခုနှစ်အထိ နှစ်ပေါင်း 120 နီးပါး လည်ပတ်ခဲ့ပြီး၊ မိဘမဲ့ကလေးပေါင်း 10000 ကျော် စောင့်ရှောက်ခဲ့တယ်လို့ သိရပါတယ်။ ဒေသအုပ်ချုပ်ရေးဝန်ကြီးဟောင်းဖြစ်တဲ့ Jack McConnell က ဒီတွေ့ရှိမှုဟာ အလွန်ခြောက်ခြားစရာ ကောင်းပြီး၊ ကလေးတွေဟာ ယင်းခေတ်က ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့အတူ သေပွဲဝင်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

Jack က ” နှစ်ပေါင်းများစွာ အသံတိတ်ခဲ့ပြီးနောက်မှာတော့ ဒီတွေ့ရှိမှု နောက်ကွယ်မှာ ကလေးတွေ ဘာဖြစ်ခဲ့တယ်ဆိုတာကို ကျနော်တို့ ဖော်ထုတ်ဖို့လိုပါတယ် ဒါက လိမ်လို့မရတဲ့ သမိုင်းဖြစ်လာမှာပါ “လို့ ပြောခဲ့ပါတယ်။ Scottish Child Abuse Inquiry အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာတော့ Smyllum Park Orphanage အကြောင်းကို ဖော်ပြထားရာမှာ ကလေးတွေ ထောင်နဲ့ချီ ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Daughters of Charity of St Vincent de Paul အဖွဲ့ရဲ့ ဆက်ခံသူတွေကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်တဲ့အခါမှာတော့ သူတို့က ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ ပတ်သက်လို့ မည်သည့် သဲလွန်စမျှ မတွေ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။ အဆိုပါအဖွဲ့ဟာ အခုအချိန်ထိ တည်ရှိနေဆဲမို့ အရပ်ဘက်ပညာရှင်တွေနဲ့ လာမည့် 11 လပိုင်းမှာ ကြားနာမှုတွေအတွက် စွဲချက်တင်ခံရဖွယ် ရှိနေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*