ပရိတ်သတ်တယောက်ရဲ့ ကောမန့်တခုကြောင့် “လင်မယားကွဲစေချင်တာလား?” လို့ ဒဲ့မေးလိုက်တဲ့ ပိုင်ဖြိုးသု

မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းအပြည့်ရှိပြီး ထူးချွန်ထက်မြက်သူလေးဖြစ်လို့ ပရိသတ်တွေကလည်း အားပေးချစ်ခင်ကြတာ ဖြစ်ပါတယ် ။

ပိုင်ဖြိုးသုက ဗီဒီယိုဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့စိတ်ဝင်တစားအားပေးမှုကိုရရှိခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့လည်း လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပိုင်ဖြိုးသုက “မီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း ပရိသတ်တွေရင်ထဲမှာ စွဲစွဲမြဲမြဲ နေရာယူခဲ့သေးတာ ဖြစ်ပါတယ် ။

အိမ်ထောင်ရှင်မလေးဖြစ်တဲ့ ပိုင်ဖြိုးသုက နှစ်အတော်ကြာလက်တွဲခဲ့တဲ့ သူမရဲ့ချစ်သူ ဒါရိုက်တာဏကြီးနဲ့ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကိုလည်း အတူတကွလုပ်ကိုင်တတ်ကြတဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံက အရမ်းကို လိုက်ဖက်တင့်တယ်ကြတဲ့စုံတွဲလေးပဲ ဖြစ်ပါတယ် ။

ဒီနေ့မှာတော့ ပိုင်ဖြိုးသုက ဝေဖန်သူတစ်ယောက်ရဲ့စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

ပိုင်ဖြိုးသုက သူမတို့စုံတွဲရဲ့ပုံအောက်မှာ လက်ထပ်လက်စွပ်ဝတ်တာ၊မဝတ်တာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့သူကို ပြန်ရှင်းပြခဲ့ရတာပဲ ဖြစ်ပါတယ် ။ ပိုင်ဖြိုးသုက “လက်ထပ်လက်စွပ်က ကြာကြာဝတ်ရင် အရာထင်ပါတယ်

သရုပ်ဆောင်ဆိုတာ ကျရာဇာတ်ရုပ် သရုပ်ဆောင်ရတာမို့ Wedding Ring အရာကြီးလက်မှာထင်လို့ မရဘူးရှင့် လက်ထပ်တုန်းကလည်း တစ်တိုင်းပြည်လုံးသိအောင် ကြေညာပြီး လက်ထပ်ထားတာပဲလေနော် Wedding Ring လေးချွတ်ထားတာနဲ့ပဲ ကျွန်မကခိုးပြီး အပျိုဟန်ဆောင်လို့မှမရတာပဲဟာကို ” ဆိုပြီး ပြန်လည်တုံ့ပြန်စကားဆိုခဲ့တာ ဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*