ငယ်စဉ်ကလို ခင်ပွန်း၏ အချစ်ကို ပြန်လိုချင်သောကြောင့် မျက်နှာခွဲစိတ်ပြောင်းလဲခဲ့ပေမယ့် ခင်ပွန်းသည်မှ အိမ်ပေါ်ကမောင်းချလိုက်တာ ခံခဲ့ရသည့် အမျိုးသမီးရဲ့အဖြစ်

တစ်ခါတစ်ရံ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမြင်သာမရှိတဲ့အခါ တစ်ဦးနဲ့နစ်ဦး အထင်အမြင်ကွဲလွဲတတ်တာ သဘာ၀လို ဖြစ်တတ်ပါတယ်။

 

ယခုလည်း ခင်ပွန်းရဲ့အချစ်တွေကို ငယ်ငယ်တုန်းကလိုပြန်လိုချင်လို့ မျက်နှာကိုပြောင်းလဲခဲ့ရာမှ အချစ်မခံရသည့်အပြင် ခင်ပွန်းသည်၏နေအိမ်မှ မောင်းထုတ်ခြင်းကို ခံခဲ့ရသည့် ၅၉နှစ်အရွယ်အမျိုးသမီးရဲ့ အဖြစ်ကို ဖော်ပြချင်ပါတယ်။ တရုတ်နိုင်ငံ Zhejiangပြည်နယ် Hangzhouမြို့မှ Shenဆိုသည် အသက်၅၉နှစ်အရွယ်အမျိုးသမီးတစ်ဦး၏ အဖြစ်ကတော့ ကြေကွဲစရာဖြစ်ခဲ့ပါတယ်။

အမျိုးသမီးဟာ မျက်နှာများကို ခွဲစိတ်ပြုပြင်ပေးသည့်ဆေးရုံတစ်ခုမှ ဝန်းထမ်းဆရာမ၏ အသက်၁၀နှစ်လောက်ပိုငယ်စေမည်ဆိုသည့်စကားကို ယုံကြည်ကာ ယွမ်၂၅၀၀၀၀ ပေးပြီး ပြုပြင်ခဲ့တာဖြစ်ပါတယ်။


ခင်ပွန်းကအရင်ရည်စားဘဝတုန်းကလို ပြန်ချစ်ကာ ကျေနပ်စေမည့်ဟု မျှော်လင့်ခဲ့သော်လည်း ခင်ပွန်းသည်ကတော့ ပိုက်ဆံကို အလကားဖြုန်တီးသည်ဟုဆိုကာ နေအိမ်မှ မောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မိသားစုချင်း လင်မယားချင်း ချစ်သူချင်း တစ်ခုခုကို လုပ်တော့မယ်ဆိုရင် ပွင့်လင်း မြင်သာစွာ သူ့အမြင် ကိုယ့်အမြင်ကို ပွင့်လင်းစွာ ပြောပြ အကြံညဏ်ယူ ကာ ဖလှယ်သင့်တယ်လို့ ယူဆပါတယ် ။

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*