LGBT ချစ်သူများ ကြည့်ရန် အကောင်းဆုံး K-Drama လောက Lesbian ရုပ်ရှင် (၁၅) ကား

ကိုရီးယားဒရာမာများတွင် လိင်တူချစ်သူများအကြောင်း ဇာတ်လမ်းလေးတွေက အပိုင်းအစတစ်ခု သို့မဟုတ် မထင်မရှားသာဖော်ပြခဲ့ကြပေမယ့် ယခုတော့ ကိုရီးယားသည် LGBT အသားပေး ဒရာမာများနှင့်ရုပ်ရှင်များကိုရိုက်ကူးတင်ဆက်လာခဲ့ကြပါပြီ ။ ဒါကြောင့် လိင်တူချစ်သူသို့မဟုတ် လိင်တူချစ်ကြိုက်ဇာတ်လမ်းတွဲများကို နှစ်သက်သူများအတွက် Bahuonline မှ တကူးတက စုစည်းတင်ဆက်ပေးချင်ပါတယ် ။ ထုံးစံအတိုင်း ဇာတ်လမ်းအသွားအလာနဲ့ ထုတ်လုပ်ရိုက်ကူးမှုကတော့ ကိုးရီးယားအနုပညာအသိုင်းအဝန်းကဆိုတော့ အထူးပြောစရာမလိုတော့ပါဘူး ။ ကဲ ဘာဇာတ်ကားလေးတွေလည်းဆိုတာ ကြည့်လိုက်ကြရအောင်နော် ။

Handmaiden

ဂျပန်ခေတ်တွင် Sook Hee သည်သူမ၏ ဦးလေးမှတဆင့် ကျေးလက်တွင်နေထိုင်သောဂျပန်အမွေဆက်ခံ Hideko အားအစေခံရန် အစေခံအဖြစ်သွားရောက်ခဲ့သည်။ သို့သော်လျှိုဝှက်ချက်များစွာနဲ့ Sook Hee သည် Hideko ကို ချစ်မိသွားတဲ့ဇာတ်လမ်းဖြစ်ပါတယ် ။ဇာတ်အိမ်အလွန်ခိုင်မာပြီး ဇာတ်ညွှန်းကောင်းလွန်းတာကြောင့် နာမည်ကြီးခဲ့သော ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မကြည့်ရသေးသူတွေအတွက် ဇာတ်လမ်းကို spoil မလုပ်တော့ပါဘူးနော် ။ ၁၈+ ၆ခန်းများ ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ရန်မသင့်တော်ပါ ။

Don’t Say Sorry

Choi Yeon အကြောင်း ကျောင်းမှာကောလဟာလတွေရှိခဲ့တယ်။ ကောလဟာလများကသူမသည်လိင်တူချစ်သူတစ်ဦး ဖြစ်ကြောင်းဝေဖန်ပြောနေကြသော်လည်း သူမက တကယ်ဂရုမစိုက်ပါ။ Ha-gyeong နှင့်သူမ ရင်းနှီးမှုကြားမှာလည်း သူပျော်မွေ့လာတယ် ။ သူမနဲ့ပတ်သက်တဲ့ကောလဟာလတွေက အမှန်ဖြစ်ကောင်းဖြစ်နိုင်သလားဆိုတာ ကြည့်ရမယ့်ဇာတ်လမ်းလေးပါ။

Boss in Love

 

Se Young ကတော့ လုပ်ငန်းခွင်မှာ အချိန်ပိုအလုပ်လုပ်ရလေ့ရှိသူပါ။ သူမ၏ချစ်သူ Hye Mi က သူမထံလာရောက်လည်ပတ်ပြီးသူမ၏အလုပ်ခွင်တွင်ချိန်းတွေ့ င်္တကြပါသေးတယ်။ ။ ဒါပေမယ့် ၀န်ထမ်းအသစ် Joo Ah ကသူတို့ရဲ့ဆက်ဆံရေးကိုတုန်လှုပ်သွားစေခဲ့ပါတယ်။ မိန်းကလေးချင်း အချစ်ကိုမှ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးအဖြစ် ကြည့်ရမှာပါ

Perfect One-Night Stand

ပျော်ပျော်ပါးပါးနေတတ်ပြီး အပျော်ရှာနေတဲ့ Ji Hye ကပြီးပြည့်စုံတဲ့ညတစ်ညကိုတွေ့ဖို့မျှော်လင့်တယ်။ သို့သော် အပျော်အပါးကိစ္စဆိုတာ သူမ မျှော်လင့်ထားသလို ထင်သလောက် မလွယ်ကူတဲ့အရာအဖြစ် ကြုံလာရတဲ့အခါ
ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမယ့်ကားလေးပါ။

Life is Peachy

Yoon Ji-woo သည်ခါးပိုက်နှိုက် Kang Ji-woo နှင့် အတူ ဟန်ဆောင်သေကြောင်းကြံစည်ရန်ကြံစည်ခဲ့သည်။ ဒါပေမယ့် သူမကို စုံထောက် Min-yong က ဖမ်းဆုပ်ကာ လည်ပင်းကိုဆုပ်ကိုင်ထားသည်ကိုတွေ့လိုက်ရချိန်မှာတော့ မှင်သက်ကာ သူမကိုချစ်မိသွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

Ordinary Family


Su Young သည်သူမ၏ချစ်သူ Young Mi နှင့်အတူ ခရီးထွက်ဖို့ ပထမဆုံးအားလပ်ရက်ကိုစီစဉ်ခဲ့ပါတယ်။ သို့သော်သူမထွက်ခွာမီ တစ်ရက်အလိုမှာ သူမ၏အဖေသည်ဆေးရုံတက်လိုက်ရသည်ကိုသခဲ့ရတယ်။ သူမကသူမ၏မိသားစုအတွက် ချစ်သူနှင့်အတူ လည်ပတ်ရန် အားလပ်ရက်ခရီးကို ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့ပြီးနောက် ဘာတွေဇြစ်လာမလဲဆိုတာ ကြည့်ရမယ့်ကားလေးပါ။

 

Our Love Story

Yoon Joo ဟာ သူမရဲ့နောက်ဆုံးပရောဂျက်အတွက် အလုပ်လုပ်နေတဲ့အနုပညာကျောင်းသူတစ်ယောက်ပါ။ လိုအပ်တဲ့ပစ္စည်းများရှာဖွေနေစဉ် သူမက junk ဆိုင်တစ်ဆိုင်ကို သွားရောက်ရင်း Ji Soo နဲ့ မတော်တဆ တွေ့ဆုံခဲ့ရပါတယ်။ ဒီကနဦး တွေ့ဆုံမှုအပြီးမှာ သူမဟာကောင်မလေးကို စွဲလမ်းနေတာကိုတွေ့ရှိပြီးနောက်ဆုံးမှာ သူတို့ချိန်းတွေ့ခဲ့တယ်။ ထို့နောက် သူမက မိန်းကလေးချင်း ချစ်ကြိုက် ချိန်းတွေတာကို ယောက်ျားများနှင့်ချိန်းတွေ့ခြင်းထက် အလွန်စိတ်လှုပ်ရှားစရာကောင်းတာ သိရှိလက်ခံလိုက်ရပါတယ်။

 

Am I The Only One With Butterflies?


Jung Ah သည်ကုမ္ပဏီတစ်ခုမှ အသစ်ခန့် ၀န်ထမ်းအဆင့်ဖြစ်သည်။ သူမကတော့ အလုပ်ကိုသာကြိုးစားသင့်သော်လည်း သိပ်မကြာသေးခင် သူမမန်နေဂျာ Lee Ji Won အပေါ်ချစ်ခြင်းမေတ္တာဖြစ်လာသည့်အခါ အရာအားလုံးက ရှုပ်ထွေးလာခဲ့ပါတယ်။

 

Between The Seasons

Hae Soo ဟာ သူမဘ၀ကို ပြန်လည်စတင်ရန် သိပ်မကြာသေးခင် အခြားမြို့တစ်မြို့သို့ပြောင်းရွှေ့ခဲ့သည်။ သူမဟာ ကဖေးတစ်ခုဖွင့်ပြီးနောက် Ye Jin အမည်ရှိ အထက်တန်းကျောင်းက ကောင်မလေးတစ်ယောက်ဟာ သူ့ဆိုင်ကို မကြာခဏ ရောက်လာတတ်ပါတယ်။ သူမဆီ မကြာခဏဆို သလိုရောက်လာတတ်သူလေးက Hae Soo ကို crush နေသူဖြစ်လာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

 

Family Plan


တစ်နေ့မှာ အထက်တန်းကျောင်းကကောင်မလေးနှစ်ယောက်က သူတို့နှစ်ယောက်စလုံးနဲ့ တူတဲ့ကလေးတစ်ယောက် မွေးဖို့အစီအစဉ်တစ်ခုစဉ်းစားခဲ့မိကြပါတယ်။ ကိုးနှစ်အကြာမှတော့ သူတို့နှစ်ယောက်ကြားမှာ အမှန်တကယ် စီစဉ်ခဲ့သလို ဖြစ်လာခဲ့တာလားဆိုတာ ကြည့်ရမယ့် ဇာတ်ကားလေးပါ ။

 

Fantasy of the Girls

Seon-Hwa သည်သူမ၏သူငယ်ချင်းရဲ့ audition တစ်ခုအတွက် ပြဇာတ်မှာ ကူညီပေးနေသူပါ။ ဒါပေမယ့် Soo-yeon ကသူမကိုတွေ့ပြီး Romeo & Juliet မှာ Juliet မှာ သင်သရုပ်ဆောင်ပေးဖို့ တောင်းဆိုလာခဲ့တယ်။ သူနှင့်တွဲဖက်သရုပ်ဆောင်မည့်သူသည် မိန်းကလေးတိုင်း၏ အိမ်မက်ကောင်လေးဖြစ်သော်လည်း သူမသရုပ်ဆောင်သည့်ဇာတ်ကောင်ကိုပဲ ပိုပြီး စတင်ချစ်မိခဲ့သူပါ။

 

Lily Fever

သူမရဲ့ပတ်စ်ပို့ကို ဒေါသတကြီးရှာဖွေနေတဲ့ Kim Kyung Ju ဟာ သူမသူငယ်ချင်းအိမ်ကို သွားရောက်ပြီးရှာဖွေခဲ့တယ်။ သူမရဲ့သူငယ်ချင်းက အပြင်ကိုထွက်ဖို့ ြ့င်ဆင်နေပေမယ့် သူမကို ရှာဖွေဖို့ အိမ်ထဲဖိတ်ခေါ်ခဲ့ပါတယ်။ အိမ်ဧည့်သည်အား သတိထားဖို့ သတိပေးခဲ့ပေမယ့် အိမ်ခန်းအတွင်းရောက်ရှိချိန်မှာ သူမ၏ကမ္ဘာကြီးကိုဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တဲ့ မိန်းကလေး Se Se နှင့်တွေ့ဆုံခဲ့ပါတော့တယ်။

 

Moonlit Winter

ဆောင်းလလယ် နှင်းတွေဖုံးနေတဲ့ ရွာလေးမှာ အမေနှင့်သမီး နှစ်ယောက်တည်းအတူတကွနေထိုင်ကြပါတယ်။ တစ်နေ့မှာ သမီးလေးကသူ့အမေလိပ်စာဆီ လိပ်မူထားတဲ့ စာတစ်စောင်တွေ့ခဲ့ပြီးနောက် သူမအမေရဲ့ ပျောက်ဆုံး ဖုံးကွယ်သွားတဲ့အချစ်နဲ့ပတ်သက်လို့ သိလာရပါတယ်။

Out of Breath

သူမဟာ သူမရဲ့လိင်ပိုင်းဆိုင်ရာနှစ်သက်မှုအကြောင်း လူတွေသိမှာကြောက်တဲ့အတွက် Ha Eun ရဲ့ရည်းစားကသူမနဲ့လမ်းခွဲခဲ့ပါတယ်။ သူမရဲ့သူငယ်ချင်းက သူမကို Min Seo နဲ့တွေ့ဆုံတဲ့နေရာမှာ သူမရဲ့နှလုံးသားကိုကုစားဖို့ချိန်းတွေ့တဲ့ app တစ်ခုမှာချိတ်ဖို့သူမကိုအားပေးသည်။ Ha Eun ဟာသူမရဲ့ရည်းစားဟောင်းနဲ့ဘယ်တော့မှမလုပ်နိုင်ခဲ့တဲ့အရာတွေအားလုံးကိုအတူတကွလုပ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။

Afraid Of

Hyun Ah က မိန်းကလေးချင်းကိုပဲ ချစ်တတ်တဲ့ သူမရဲ့ခံစားချက်တွေကိုဖုံးကွယ်ထားတဲ့ lesbian တစ်ယောက်ပါ။ ဒါပေမယ့်အတန်းဖော်တစ်ယောက်နဲ့သူမချစ်ကြိုက်မိတဲ့အခါ အရာအားလုံးကစပြီးပြောင်းလဲလာတယ်။ ရှေ့ဆက်ဖို့သူမရဲ့ကြောက်ရွံ့မှုကိုကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရမယ့်ဇာတ်ကားလေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*