အမေရိကန်၊ ယူကရိန်း၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့မှာ Jimin Land အဖြစ်သို့ ပြောင်းလဲသွားစေခဲ့တဲ့ BTS အဖွဲဝင် Jimin ရဲ့အစွမ်း

အမေရိကန်၊ ယူကရိန်း၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့မှာ Jimin Land အဖြစ်သို့ ပြောင်းလဲသွားစေခဲ့တဲ့ BTS အဖွဲဝင် Jimin ရဲ့အစွမ်း

 

Jimin fanbase တွေဖြစ်တဲ့ @ALLFORJIMIN_KOR နှင့် @parkjamjam_kr တို့ပူးပေါင်းကာ Jimin ရဲ့ 27 နှစ်ပြည့် မွေးနေ့အတွက် project တစ်ခုပြုလုပ်မယ့်အကြောင်း စက်တင်ဘာလ 16 ရက်နေ့တုန်းက ကြေညာခဲ့ပါတယ်။

 

 

BTS အဖွဲ့ဝင် Jimin ရဲ့ မွေးနေ့အတွက် ပရောဂျက်ပေါင်း 500 ကျော်ဖြင့် နေရာတိုင်းမှာ ပရိတ်သတ်များအတွက် ပျော်ရွှင်စရာ ပွဲတော်များနှင့် ပြည့်နှက်နေခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်၊ ယူကရိန်း၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့မှာ Jimin Land အဖြစ်သို့ ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

ဒီနှစ်အတွက် တောင်ကိုးရီးယား Konkuk တက္ကသိုလ်အနီး နေရာကို ‘My Serendipity’ ပန်းခြံအဖြစ် ပြုလုပ်မှာရဖြစ်ပြီး အဲဒီနေရာကတော့ ကမ္ဘာပေါ်တွင် အကြီးဆုံး ကွန်တိန်နာ pop-up စျေးဝယ်ကုန်တိုက်ကြီးလည်း ဖြစ်ပါတယ်။

အဲဒီကုန်တိုက်ဟာဆိုရင် 5,400 စတုရန်းမီတာ ကျယ်ပြီး ကုန်သေတ္တာတင် 200 ကျော်နဲ့ တည်ဆောက်ထားပြီး စတိုးဆိုင် 100 နီးပါးနှင့် ခေတ်မှီရေပန်းစားတဲ့ စားသောက်ဆိုင် 20 တို့ကို ဖွင့်လှစ်ထားပါတယ်။


နဂိုက အောက်တိုဘာလ 9 ရက်ကနေ 10 ရက်အထိသာ ဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် Jimin ရဲ့ မွေးနေ့ဖြစ်တဲ့ 13 ရက်အထိ လုပ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ပရိသတ်တွေက ၀မ်းသာအားရနှင့် လာရောက် လည်ပတ်မှုတွေက ပိုမိုများပြားလာခဲ့ပါတယ်။

Jimin မွေးနေ့အတွက် ပူဖောင်းများနှင့်ကြီးမားတဲ့ ပိုစတာများဖြင့် လှပတဲ့ အနုပညာ ပြပွဲလိုမြင်ကွင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားသော ပရောဂျက် My Serendipity Themed ပန်းခြံဟာ လာရောက်လည်ပတ်တဲ့ ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ၎င်းဓာတ်ပုံများကိုမြင်ပြီး ပရိသတ်များကတော့ မှတ်ချက်များစွာပေးခဲကြပါတယ်။

“နေရာတိုင်းမှာ Jimin ရဲ့ လှပတဲ့မျက်နှာရှိနေတာမို့ ကောင်းကင်ဘုံကို ရောက်နေသလိုပဲ။ “

“Jimin ရဲ့ fanbase တွေက Korea မှာရော ပြည်ပမှာပါ အကောင်းဆုံးလုပ်သွားပေးတာ”

“Jimin ရဲ့မွေးနေ့က တစ်ကမ္ဘာလုံးမှာ ပွဲတော်လိုပါပဲ”

“Jimin ရဲ့ပရိသတ်တွေက တကယ့်ကို အံ့သြစရာကောင်းတယ်”

“ဒါ Jimin Land ဘဲ”

 

“ငါအဲဒီကိုသွားခဲ့ပြီးပြီ အရမ်း လှပပြီး ပျော်ရွှင်ခဲ့ရတယ်၊ ညနေအစောပိုင်းကိုသွားခဲ့တာကြောင့် နေဝင်ချိန်နဲ့ဆို တကယ့်ကိုအနုပညာရပ်တစ်ခုပဲ” လို့ ဆိုပြီး မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

တကယ့်ကို အချစ်ခံလေးပါပဲနော်  ။ ARMY တစ်ယောက် ဖြစ်ရတာ ဂုဏ်ယူစရာကြီးဖြစ်ပါလားဆိုတာ ကြည်နူးရတဲ့အခိုက်အတန့်ပါပဲ ။

 

 

ref:allkpop

Be the first to comment

Leave a Reply

Your email address will not be published.


*