ရင်ခေါင်းထဲက နှလုံးက ရင်ဘတ်အပြင်ဘက် ထိုးကာထွက်ကာ ခုန်နေတဲ့ ကောင်မလေးရဲ့အဖြစ် (ရုပ်သံ)

 

ရုရှနိုင်ငံသူလေးဖြစ်တဲ့ Virsaviya Boru ဟာ ရှားပါးလှတဲ့ ကိုယ်လက်အင်္ဂါပိုင်းဆိုင်ရာ ချို့ယွင်းမှုကို ခံစားနေရပြီး သူမရဲ့ နှလုံးက ရင်ဘက်အပြင်ဘက်ကို ထွက်နေတဲ့အထိ ဖြစ်နေပါတယ်။ Boru ဟာ Pantalogy of Cantrell သို့မဟုတ် Thoraco-abdominal Syndrome (TAS) ကို ခံစားနေရသူဖြစ်ကြောင်းဖြစ်ပါတယ်။

TAS ရောဂါဟာ ရှားပါးကိုယ်လက်အင်္ဂါချို့ ယွင်းမှုဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး၊ လူတစ်သန်းမှာ ငါးယောက်သာ ဖြစ်နိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ သတင်းမီဒီယာခေတ်ကြီးထဲမှာတော့ Boru လို ကလေးမျိုးအကြောင်း၊ သတင်းမီဒီယာထက်မှာ ဖော်ပြခဲ့ဖူးခြင်းကို မတွေ့ရသေးပါဘူး။

Boru ဟာ အသက် 7 နှစ် ရှိပြီဖြစ်ပြီး၊ ဗွီဒီယိုဖိုင်ထဲမှာ လှုပ်စိလှုပ်စိဖြစ်နေတဲ့ သူမရဲ့ နှလုံးကို ခန္ဓာကိုယ်ပြင်ပမှာ အသည်းယားဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။ Boru က ” ဒါက ကျမရဲ့ နှလုံးပေါ့ .. ဒီလိုအခြေအနေက ကျမတစ်ယောက်တည်းပဲ ရှိတာပါ အဝတ်တွေဝတ်တဲ့အခါ နှလုံးကို ထိမိမှာစိုးလို့ အရင်ဆုံး အဝတ်နုနုလေးတွေနဲ့ သူ့ပို အရင်စည်းရတယ် “လို့ ပြောပါတယ်။

Boru က ပြေးလွှားခုန်ပေါက် ဆော့ကစားရတာကို နှစ်သက်ပေမယ့်၊ ဆရာဝန်တွေက မကစားဖို့ အကြံပေးထားကြောင်း၊ အူလှိုက်သည်းလှိုက် ရယ်မောတဲ့အခါမျိုးမှာ နှလုံးဟာ ပေါက်ထွက်မတက် တစ်ဒိတ်ဒိတ်ဖြစ်လေ့ရှိကြောင်း ဆိုပါတယ်။ သူမကို မွေးဖွားစဉ်က မိခင်ဖြစ်သူကို ဆရာဝန်တွေက Dari Borun ကို အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

Boru ရဲ့ နှလုံးကို ဗွီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရတဲ့အတိုင်း ပါးလွှာတဲ့ အရေးပြားအောက်မှ အပြင်ကို ကျွတ်ထွက်တော့မယောင် အသည်းယားဖွယ်ရာ မြင်တွေ့ရပါတယ်။ မွေးဖွားစဉ်မှ အခုအချိန်ထိ သွေးဖိအားအလွန်ကျဆင်းတဲ့ အခြေအနေကြောင့် ခွဲစိတ်ကုသမှု လုံး၀ မလုပ်ရသေးပါဘူး။ ခွဲစိတ်မှုပြုလုပ်ဖို့ စိတ်ချရတဲ့ ကြံ့ခိုင်မှုမရှိဘူးလို့ ဆရာဝန်တွေက ယူဆပါတယ်။

 

Boru ဟာ ဆော့ချင်သလောက် ဆော့လေ့ရှိလို့ မိခင်ဖြစ်သူကတော့ တစ်ခုခုဖြစ်မှာကို စိုးရိမ်နေပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ဆိုးဆိုးဝါးဝါး မရှိသေးပါဘူး။ Boru ရဲ့ အင်စတာဂရမ်မှာတော့ သူမရဲ့ ထူးခြားတဲ့ အခြေအနေကြောင့် Follower တွေ တစ်ဆထက် တစ်ဆပိုများလာတယ်လို့ သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*