နှလုံးမရှိဘဲ (၅၅၅ )ရက်အထိ အသက်ရှင်ခဲ့တဲ့ ပထမဆုံး အမျိုးသား (ရုပ်သံ)

အသက်(25)နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ နှလုံးမရှိဘဲ ရက်ပေါင်း 555 ရက်အထိ အသက်ရှင်နိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ ထိုအမျိုးသားရဲ့ အမည်မှာ Stan Larkin ဖြစ်ပြီး သူဟာ နှလုံးအစားထိုးကုသမှု ခံယူဖို့ အလှူရှင်ကို စောင့်ရင်း နှလုံးအတုနဲ့ ရက်ပေါင်း 555 ရက် အသက်ရှင်ခဲ့ရပါတယ်။
Larkin နဲ့ ညီအစ်ကိုတော်စပ်တဲ့ Dominique ဟာ မွေးရာပါနှလုံးကြွက်သား အားနည်းရောဂါကို ခံစားခဲ့ကြရသူတွေဖြစ်လို့ နှလုံးကြွက်သား ခွဲစိပ်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဖြစ်ပါတယ်။

ဒါပေမယ့် Dominique ကတော့ နှလုံးအတုကို နှစ်ပတ်သာ တပ်ဆင်ဖို့ လိုအပ်ပြီး Larkin ကတော့ 24 နာရီ တပ်ဆင်ထားခဲ့ရပါတယ်။ 2016 ခုနှစ် မေလ 9 ရက်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက်စလုံး နှလုံးကြွက်သားခွဲစိပ်မှုတွေ အောင်မြင်စွာ လုပ်နိုင်ခဲ့ပြီး Larkin ကတော့ နှလုံးအစစ်မရှိဘဲ ရက်ပေါင်း 555 ရက်အထိ အသက်ရှင်နိုင်ခဲ့တဲ့ ပထမဆုံး လူသားတစ်ယောက် ဖြစ်ခဲ့ပါတယ်။

Larkin က အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ” ခွဲစိပ်လို့ နှစ်ပတ်လောက် အကြာမှာပဲ … ကျွန်တော်ဟာ ဖြေးဖြေးမှန်မှန် ပြေးနိုင်နေပါပြီ ကျွန်တော့်ကို ခွဲစိပ်ကုသပေးခဲ့တဲ့ စောင့်ရှောက်ပေးခဲ့တဲ့ ဒေါက်တာတွေကို ကျေးဇူး
တင်ပါတယ် သူတို့မိသားစုတွေဆီကို သွားပြီး ကျေးဇူးတင်စကား ပြောချင်တာမျိုးပါ ” လို့ ဖွင့်ဟခဲ့ပါတယ်။ ခွဲစိပ်မှုမှာပါဝင်ခဲ့တဲ့ University of Michigan ရဲ့ လက်ထောက်ပါမောက္ခ University of Michigan Jonathan Haft က Larkin ကို ရည်ရွယ်၍ ” သူဟာ နှလုံးတုစက်နဲ့ မယုံကြည်နိုင်အောင်ကို ရေစက်ပါသူဖြစ်ပါတယ်လို့ ” ပြောဆိုခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*