
ပရိသတ်တွေနဲ့ ဝေးကွားနေပေမယ့် ဒရာမာဇာတ်ကားအသစ်တွေနဲ့ အတူ ပြန်လည် ရောက်ရှိလာတော့မယ့် မင်းသားများ
ခုဖော် ပြပေးချင်တဲ့အကြောင်းအရာကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို လက်ခံရရှိထားပြီး လတ်တလောမတိုင်ခင်ထိ ပရိသတ်နဲ့ အနည်းငယ် ကင်းကွာနေခဲ့တဲ့ အမျိုးသား သရုပ်ဆောင်များ ဇာတ်ကားအသစ်နဲ့အတူ ပရိသတ်ရှေ့ပြန်ရောက်လာတော့မယ့်အကြောင်းလေးဖြစ်ပါတယ်။ သူတို့ကတော့ စစ်မှုထမ်းနေရတာကြောင့် ပရိသတ်တွေနဲ့ ဝေးကွာနေရတာဖြစ်ပြီး ခုတော့ ဇာတ်ကားသစ်တွေနဲ့အတူ ပြန်မြင်ရတော့မှာဖြစ်ပါတယ်။
Lee Jong Suk
မင်းသား Lee Jong Suk ကတော့ tvN ရုပ်သံ ဇာတ်လမ်းတွဲအသစ် “Big Mouse” နှင့် ပရိသတ် အရှေ့ ပြန်လည် ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။“ Big Mouth” ဇာတ်ကားကတော့ သူစစ်မှုထမ်း တာဝန်ပြီးဆုံးပြီးနောက် ရိုက်ကူးသွားမယ့် သူ့ရဲ့ ပထမဆုံးဒရာမာ ဖြစ်ပါ တယ်။
Lee Junho
2PM အဖွဲဝင် သရုပ်ဆောင် မင်းသားအဆိုတော် Lee Junho ကတော့ 2021 ခုနှစ်မတ်လမှာ စစ်မှုထမ်း တာဝန် ပြီးဆုံးခဲ့ပြီး 2PM အဖွဲ့နှင့်အတူ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတာအပြင် အခုတစ်ခါ MBC ရုပ်သံလိုင်းရဲ့ သမိုင်းဝင် စိတ်ကူးယဉ် ဒရာမာ ဇာတ်လမ်းတွဲသစ် တစ်ခုဖြစ်တဲ့ The Red Sleeve Cuff မှာ အဓိကသရုပ်ဆောင်အဖြစ် ဦးဆောင် ပါဝင်သွားမှာလည်း ဖြစ်ကြောင်းသိရပါတယ်။
Park Hyung Sik
အားလုံးနဲ့ ရင်းနှီးပြီးသား Strong Woman Do Bong Soon ကားထဲက မင်းသား Park Hyung Sik ကတော့ tvN ရဲ့ ဒရာမာအသစ်“ Happiness” တွင် ပါဝင်သရုပ်ဆောင် သွားမှာဖြစ် ပြီး 2021 ခုနှစ်နိုဝင်ဘာလမှာ ပြသမှာ ဖြစ်ပါတယ်
Kyung Soo (D.O) EXO
သရုပ်ဆောင်ကတော့ EXO အဖွဲ့ဝင် Kyung Soo (D.O) ကတော့ ည် 2008 ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ ထိုင်ဝမ်၏ Secret ဆိုတဲ့ ထိုင်ဝမ်ဇာတ်ကားကို ကိုရီးယားလို ပြန်လည် ရိုက်ကူးမယ့်ကားမှာ အမျိုးသား ဇာတ်ဆောင် တစ်နေရာကနေ ပါဝင်မှာဖြစ်ပါတယ်။ လက်ရှိမှာလည်း D.O က တရားရုံး အဖွဲ့အစည်းအတွင်း အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်တဲ့ ဇာတ်ကား “ True Sword Match. ဒရာမာထဲမှာ ပါဝင်သွားဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
Yoon Doo Joon
Yoon Doo Joon ကတော့ HIGHLIGHT အဖွဲ့ နှင့်အတူ အနုပညာ လှုပ်ရှားမှုများအပြီးတွင် သရုပ်ဆောင်မင်းသားအဖြစ် ပရိသတ်ရှေ့ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။
သူကတော့ ‘There is No Goo Pil-Soo’ ဒရမ်မာအသစ်တွင် ပါဝင်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။
Leave a Reply