အထီးကျန်လွန်းသောကြောင့် သားဖြစ်သူနှင့်ခင်ပွန်းပုံစံတူကို ချည်ထိုးကာ အဖော်ပြုခဲ့သော အမျိုးသမီး

အထီးကျန်လွန်းသောကြောင့် သားဖြစ်သူနှင့်ခင်ပွန်းပုံစံတူကို ချည်ထိုးကာ အဖော်ပြုခဲ့သော အမျိုးသမီး

နယ်သာလန်မှ အမျိုးသမီးတစ်ဦးသည် ချည်ထိုးရခြင်းကို အထူးနှစ်သက်ခဲ့ပြီး ထူးခြားသည့် ဒီဇိုင်းတွေကြောင့်လည်း လူမှုကွန်ယက်တွင် နာမည်ကြီးလျက်ရှိသည်။


အမျိုးသမီးသည် ခင်ပွန်းနှင့်သားလေးတစ်ယောက်ရှိသော်လည်း အမြဲလိုလို တစ်ယောက်တည်း အထီးကျန်ခြင်းတွေကို ခံစားခဲ့ရသည်။

အမျိုးသမီးသည် သားလေးကို ချစ်လွန်း၍ အနားမှာခေါ်ထားပြီး ထွေးဖက်ထားချင်ခဲ့ရာ သားဖြစ်သူမှ အရွယ်ရောက်လာသောအခါ ဖုန်းထဲက ဂိမ်းကစားရခြင်းကို နှစ်သက်ပြီး သူငယ်ချင်းတွေနှင့်အတူ ပျော်ပါးခဲ့ပြီး မိခင်ဖြစ်သူ၏ ခံစားချက်ကို နားမလည်ပေးခဲ့ပါ။

ထို့ကြောင့် အမျိုးသမီးသည် ကိုယ်တိုင်မှာ ချည်ထိုးကျွမ်းသဖြင့် သားဖြစ်သူနှင့်ပုံစံတူသည့် အရုပ်လေးကို ၂လကြာသည်ထိ ချည်ထိုးခဲ့ပြီး တစ်ချိန်လုံး အနားမှာ ခေါ်ထားခဲ့သည်။

ထိုအဖြစ်ကြောင့် ခင်ပွန်းဖြစ်သူမှာ စိတ်ပျက်လာပြီး အိမ်ကနေထွက်သွားခဲ့ပြန်ရာ အမျိုးသမီးသည် နောက်ထပ် ခင်ပွန်းအသစ်တစ်ယောက်ကို ချည်ထိုးခဲ့ပြန်ကာ သူမဘဝကို ပျော်ပျော်ရွှင်ရွှင်နှင့် အဖော်ပြုစေခဲ့သည်။

အထီးကျန်လွန်းလို့ဆိုပြီး သားဖြစ်သူနှင့်ခင်ပွန်းပုံစံတူကို ချည်ထိုးကာ အဖော်ပြုခဲ့သော အမျိုးသမီး




 



 

Be the first to comment

Leave a Reply

Your email address will not be published.


*