ပျိုမေတို့ အတွက် ပျားရည်ရဲ့ အသုံးဝင်ပုံ

၁။ ပျိုမေတို့ရဲ့ ချိုင်းသားလေးတွေ လှပ သန့်ရှင်း ချောမွေ့စေဖို့ လျှို့ဝှက်ချက် ကတော့ ပျားရည်ပဲ ဖြစ်ပါတယ်။ ချိုင်းအောက် အရေပြားကို ပျားရည် (သို့မဟုတ်) ပျားရည်နဲ့ သံပုရာသီး ရောပြီး တစ်လ တစ်ကြိမ်လောက် ပုံမှန် လိမ်းပေး သင့်ပါတယ်။ သံပုရာသီး ကတော့ ချိုင်းအောက် အရေပြား မည်းနေသူတွေ အတွက် အသင့်တော်ဆုံး ပါပဲ။ နေ့စဉ်နေ့တိုင်း ရေချိုး ခါနီးတိုင်း သံပုရာသီးနဲ့ ချိုင်းအောက်က မည်းတဲ့ နေရာတွေကို ညင်ညင်သာသာ ပွတ်တိုတ် ပေးသင့်ပါတယ်။

၂။ ဦးရေပြားက အဆီခန်းခြောက်လို့ ဆံပင်တွေ ခြောက်ပြီး ပွယောင်းယောင်း ဖြစ်နေသူတွေ အတွက် ပျားရည်နဲ့ နွားနို့ဟာ အကောင်းဆုံး ဗီတာမင်ပါပဲ။ နွားနို့ဖန်ခွက်နဲ့ တစ်ဝက်ခန့်ကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောစပ်ပြီး ဆံနွယ်ဆံသား တွေကို နှံ့စပ်အောင် ပွတ်လိမ်း ရပါမယ်။ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် ထားပြီး ခေါင်းလျှော်ရည် ပျော့ပျော့လေးနဲ့ လျှော်ပြီး ချိန်မှာတော့ ဆံနွယ်ဆံသား လေးတွေ သိသိသာသာ ပျော့ပျောင်း နူးညံ့လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

၃။ သင့်မျက်နှာနဲ့ လည်ပင်း တစ်ဝိုက်က အသားအရေ နူးညံ့ ချောမွေ့စေဖို့ ပျားရည်က အကောင်းဆုံး အဖော်မွန်ပါပဲ။ ငှက်ပျောသီး မှည့်မှည့် တစ်လုံးနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သမအောင် ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းကို ခပ်ပါးပါးလေး လိမ်းပါ။ ၁၅ မိနစ်လောက် ထားပြီး မျက်နှာသစ်ဆေး ခပ်ပျော့ပျော့နဲ့ ဆေးကြော လိုက်ချိန်မှာတော့ သင့်ရဲ့ အသား အရေဟာ မွေးကင်းစ ကလေးငယ်တွေလို နူးညံ့ချောမွေ့ သွားမှာ သေချာ ပါတယ်။ မနက်အိပ်ရာ ထချိန်မှာလည်း ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း တစ်ဝက် လောက်ကို မျက်နှာမှာ လိမ်းထားပြီး ၁၅ မိနစ်လောက်ကြာရင် ရေခပ် နွေးနွေးလေးနဲ့ ဆေးကြော သန့်စင်လို့လည်း ရပါသေးတယ်။ မနက် အိပ်ရာ ထချိန်မှာလည်း ပျားရည်နဲ့ မျက်နှာ သစ်ခြင်း အားဖြင့် နူးညံ့ချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

“ကိုယ်စိတ်နှလုံး ချမ်းသာပြီး ကျန်းမာ ပျော်ရွင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။”

သုတဘဏ်(KI)

Be the first to comment

Leave a Reply

Your email address will not be published.


*