လောင်းကြေးငွေဒေါ်လာတစ်သိန်းရဖို့ ရင်သားခွဲစိတ်မှုခံယူခဲ့တဲ့အမျိုးသား (ရုပ်သံ)

လောင်းကစားကို ဦးနှောက်မရှိတဲ့လူတွေပဲ လုပ်ကြတာလို့ တစ်ချို့က မြင်ကြပါတယ်။ ဒါပေမယ့် ဒီအလောင်းအစားကိုလုပ်ခဲ့သူရဲ့ နာမည်က Brian ဖြစ်နေတော့ သူ့ရဲ့ ရူးကြောင်ကြောင် လောင်းကစားကြောင့် ဦးနှောက်မရှိတဲ့ Brian လို့ခေါ်ကြမှာ သေချာပါတယ်။ အကြောင်းကတော့ Brian ဟာ သူ့ခန္ဓာကိုယ်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားပုံစံခွဲစိပ်ပြီး ထည့်ခဲ့တာကြောင့်ပါ။ ဒါဟာ သာမာန်ယောက်ျားတစ်ယောက် လုပ်နိုင်ဖို့ ခက်ခဲ့ပြီး မိန်းမလျှာဖြစ်နေတဲ့ အမျိုးသားဆိုရင်တော့ ဒီနည်းကို စဉ်းစားကောင်း စဉ်းစားပါလိမ့်မယ်။

ဒါပေမယ့် Brian ဟာ တကယ့်ကို ယောက်ျားရင့်မာကြီး ဖြစ်လို့ သူရဲ့ ဦးနှောက်ကို လူတွေက ထောမနာပြုမှာ သေချာပါတယ်လို့ ပြောခြင်းဖြစ်ပါတယ်။ ဒါကလည်း သူ့အတွက်တော့ထိုက်တန်တဲ့ လောင်းကြေး ရခဲ့လို့ ဖြစ်ပါတယ်။ သူဟာ သူငယ်ချင်းတစ်ယောက်နဲ့ အမျိုးသမီးရင်သားပုံစံ ခွဲစိပ်ထည့်တယ်ဆိုရင် ပေါင် 68000 (အမေရိကန်ဒေါ်လာ တစ်သိန်း) ပေးမယ်ဆိုတဲ့ သဘောတူညီချက်ကြောင့် ဒီလို လုပ်ရခြင်း ဖြစ်ပါတယ်။ သူဟာ သဘောတူညီချက်အရ ဒီအတိုင်း နှစ်(20)အထိ ခွဲစိပ်ဖယ်ရှားခြင်း မပြုဘဲ နေထိုင်ရတော့မှာ ဖြစ်ပါတယ်။

ယခင်ကလည်း သူ့သူငယ်ချင်းက အခြားသူငယ်ချင်းတစ်ယောက်ရဲ့ အိမ်အခန်းထဲမှာ တစ်လတိတိ အပြင်ကနေ သော့
ပိတ်ထားမယ် … သို့မဟုတ် အဲဒီမြို့မှာရှိတဲ့ တံတားလေးအောက်မှာ ခြေထောက်တွေလက်တွေ ကျိုးချည်ပြီးထားမယ် ..
အဲဒီနည်းနှစ်ခုတည်းက တစ်ခုကို လုပ်နိုင်တယ်ဆိုရင် ပေါင် 10000 ပေးမယ်ဆိုပြီး ကမ်းလှမ်းခံခဲ့ရဖူးပါသေးတယ်။ အဲဒီ
တုန်းကတော့ လောင်းကစား မလုပ်ဖြစ်ခဲ့ဖူးပါဘူး။

Brain က သတင်းမီဒီယာနဲ့ တွေ့ဆုံရာမှာ ” ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းဟာ 1997 ခုနှစ်လောက်က ဥရောပက
စားသောက်ဆိုင်တစ်ခုမှာ အခြားသူငယ်ချင်းစုံတွဲတစ်ခုနဲ့ တွေ့ပြီး သောက်ပွဲလေးတစ်ခု လုပ်ခဲ့ပါတယ် … အဲဒီသူငယ်ချင်းရဲ့ အမျိုးသမီးကို ကြည့်ပြီး ကျွန်တော်က … ငါ့မှာသာ သူ့လိုရင်သားတွေ ရှိရင် သူစွဲဆောင်မှုထက် သာအောင် လုပ်ပြမယ်ဆိုပြီး စကားခဲ့ပါတယ် ” လို့ သူက ဖွင့်ဟခဲ့ပါတယ်။ အဲဒီနောက် Brain ဟာ သူ့သူငယ်ချင်းနဲ့ အမျိုးသမီးရင်သားကို ခွဲစိပ်ပြီး ထည့်ရမယ် … အနှစ်(20)အထိ အဲဒီအတိုင်း နေနိုင်မယ်ဆိုတဲ့ သဘောတူညီမှုရရင် ဒေါ်လာတစ်သိန်းပေးမယ်လို့ ကမ်းလှမ်းခဲ့လို့ နယူးယော်ခ်မှာရှိတဲ့ (Brain နဲ့ပုဂ္ဂိုလ်ရေးအရ ခင်မင်တဲ့-လောင်းကစားလည်း ဝါသနာပါတဲ့) ခွဲစိပ်ဆရာဝန်တစ်ယောက်ရဲ့ အကူအညီနဲ့ ခွဲစိပ်မှုလုပ်ခဲ့ပါတယ်။ ခွဲစိပ်ခအတွက်လည်း Brain က ပေးဖို့ မလိုပဲ ခွဲစိပ်မှု အောင်မြင်တာနဲ့ ထပ်ဆောင်းအပိုငွေ ဒေါ်လာ 5000 ရခဲ့သေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် Brain ဟာ အဲဒီ အမျိုးသမီးရင်သားကြီးနဲ့ အနှစ်(20) အထိ ရှင်သန်အိုမင်းရတော့မှာ ဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*