အလွယ်ကူဆုံး အိမ်သန့်ရှင်းရေး ပြဿနာကို ဖြေရှင်းနိုင်မည့် လျို့ဝှက်ချက်များ

အိမ်သန့်ရှင်းရေးလုပ်ဖို့ အချိန်တွေအများကြီးပေးနေရပြီလား။လေ့လာချက်တွေအရဆိုရင် ဒီလိုအိမ်သန့်ရှင်းရေးတွေ၊အိမ်အလုပ်တွေလုပ်ရတာ မိန်းကလေးတွေအတွက် ၂.၆နာရီကြာမြင့်ပြီး ယောကျာ်းလေးတွေကတော့ ၂.၁ နာရီကြာမြင့်ပါတယ်တဲ့။အချိန်တွေအကြာကြီးလုပ်နေရရင် အဆင်မပြေ ဘူးလေနော်။ဒါကြောင့် ပရိသတ်ကြီးအတွက် မြန်လည်းမြန်မယ်။အလုပ်လည်းတွင်မယ့်လွယ်ကူတဲ့နည်းလမ်းလေးတစ်ချို့ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

ဝိုင်နီအစွန်းတွေ

ဝိုင်နီစွန်းရင် ဝိုင်ဖြူနဲ့ပြန်ဆေး ပြန်လျှော်ရတယ်လို့ကြားဖူးပေမဲ့ အဲ့လောက်ကြီးအကုန်မခံပါဘူးနော်။အမြန်ဆုံးနဲ့အသန့်ရှင်းဆုံးနည်းလမ်းလေးက စွန်းထင်းသွားတဲ့နေရာတစ်ဝိုက်ကို ဆားဖြူးလိုက်ပါ။အချိန်ခဏလေးစောင့်လိုက်မယ်ဆိုရင် ဆားက ဝိုင်နီတွေကိုစုပ်ယူသွားပါလိမ့်မယ်။ပြီးတဲ့အခါကျမှ ဆပ်ပြာလေးနဲ့လျှော်ဖွပ်လိုက်ရုံပါပဲ။အချိန်ဆွဲနေလေ ဝိုင်နီတွေချွတ်ရခက်လေပါပဲ။

အကျီမှာ မှင်တွေစွန်းကုန်ရင် ဘယ်လိုလုပ်မလဲ

အကျီအိတ်မှာဘောပင်န်ထည့်တတ်တဲ့သူတွေမကြာခဏကြုံရတဲ့ကိစ္စတစ်ခုပါပဲ။ဒါပေမဲ့မပူပါနဲ့တော့။ဒီမှင်တွေကိုဖျက်ဖို့ အရိုးရှင်းဆုံးနည်းလမ်းက အဲ့အစွန်းအကွက်နေရာကို အရက်အနညး်ငယ်ဖြန်းလိုက်ပါ။ပြီးရင် ၁၅မိနစ်လောက်အရက်ထဲမှာစိမ်ထားပါ။အရောင်တွေကျွတ်သွားပြီဆို လျှော်နေကျအတိုင်းလျှော်ပေးလိုက်ရုံပါပဲ။

Young Woman Cleaning Refrigerator With Rag At Home

ရေခဲသေတ္တာကိုအချိန်အကြာကြီးသန့်ရှင်းနေစေချင်ရင်

ရေခဲသေတ္တာတစ်ပတ်တစ်ခါသန့်ရှင်းရေးလုပ်ရမယ့်အစား နှစ်ပတ်တစ်ခါမှဆိုရင် အိမ်ရှင်မတွေ တော်တော်သက်သာသွားမှာပါ။ဒီတော့ဘယ်လိုလုပ်ကြမလဲ?ရေခဲသေတ္တာတစ်ထပ်စီမှာ fridge mat လေးတွေထားပေးရုံပါပဲ။ဒါလေးတွေခင်းပေးထားရင် တစ်ပတ်နဲ့ညစ်ပေရှုပ်ပွတာက ၂ပတ်လောက်သန့်ရှင်းနေပါလိမ့်မယ်။အဲ့အခင်းလေးတွေညစ်ပတ်သွားရင် အဲ့ဒါလေးတွေယူပြီးလျှော်၊ပြီးရင်ပြန်ခင်းပေးလိုက်ပေါ့။ဒါဆို ရေခဲသေတ္တာကိုတိုက်ချွတ်ပေးရတာသက်သာသွားတာပေါ့။

ကြွေထည် အိုး၊ပန်းကန်တွေပေါ်က ခြစ်ရာစင်းရာတွေဖယ်မယ်

ကိုယ့်အကြိုက်ဆုံးကြွေပန်းကန်လေး၊ကြွေအိုးလေးအပေါ်မှာခြစ်ရာစင်းရာတွေရှိနေပြီလား?မပူပါနဲ့။မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းသုံးဇွန်းကို ရေနဲ့ခပ်ပျစ်ပျစ်လေးဖျော်၊ပြီးရင် အစင်းရာအခြစ်ရာတွေပေါ်မှာသုတ်လိုက်ပါ။ခဏကြာရင် ရေစွတ်ထားတဲ့အဝတ်စလေးနဲ့သုတ်ချပေးလိုက်ရုံပါပဲ။အစင်းရာအခြစ်ရာတွေပျောက်သွားပါလိမ့်မယ်။

အနံ့ဆိုးထွက်နေတဲ့မျက်နှာသုတ်ပုဝါတွေ သန့်ရှင်းမယ်

သိမ်းထားတာကြာပြီဖြစ်တဲ့မျက်နှာသုတ်ပုဝါတွေဟာ တစ်ခါတစ်လေ အနံ့တစ်မျိုးမျိုးထွက်နေတတ်ပါတယ်။ပုံမှန်လျှော်ဖွပ်ခြင်းမရှိတဲ့အခါတွေမှာလည်း အနံ့ဆိုးတွေထွက်လာတတ်ပါတယ်။ဒီတော့ မျက်နှာသုတ်ပုဝါအနံ့ဆိုးတွေကင်းစင်သွားအောင် မုန့်ဖုတ်ဆိုဒါ ခွက်တစ်ဝက်ကိုယူ၊အဝတ်လျှော်စက်ထဲ မျက်နှာသုတ်ပုဝါတွေရော၊မုန့်ဖုတ်ဆိုဒါတစ်ဝက်ကိုပါရောထည့့်ပြီးလျှော်ဖွပ်လိုက်ပါ။

ညစ်ပတ်နေတဲ့ဘေစင်

ညစ်ပေနေတဲ့အစွန်းတွေက တော်ရုံဆပ်ပြာမှုန့်အစွမ်းလောက်နဲ့မရပါဘူး။မြန်မြန်ဆန်ဆန်နဲ့သန့်ရှင်းသွားအောင် ဆပ်ပြာမှုန့်အစား ရှာလကာရည်ကိုသုံးပြီးဖော့တုံးနဲ့လိုက်သုတ်လိုက်ပါ။၅မိနစ်လောက်ထားပြီး ဆပ်ပြာနဲ့သေချာပြန်သန့်စင်လိုက်ရင် သန့်ရှင်းသွားပါလိမ့်မယ်။ရှာလကာရည်များများသုတ်ထားရင်ပိုကောင်းပါတယ်။

ကဲ လွယ်ကူတဲ့နည်းလေးတွေဖြစ်လို့ သေချာမှတ်ထားကြနော်

Be the first to comment

Leave a Reply

Your email address will not be published.


*