အရေးတကြီးကိစ္စရှိလို့ အမြန်ဝိတ်ကျချင်သူများအတွက် သုံးရက်တည်းဖြင့် ဘေးကင်းကင်းနဲ့ ဝိတ်ချနည်း

ဒီနည်းနဲ့ ဝိတ်ချရင် သုံးရက်အတွင်း သုံးပေါင်ထက်မက ကျနိုင်တယ်။ စားသောက်ရမယ့်ရက်ကလည်း သုံးရက်တည်းသာ ဖြစ်တယ်။ ကစီဓာတ်က်ု လုံးဝလျှော့ချပြီး အသီးနဲ့ အသားကို အစားထိုးစားသောက်စေတာ ဖြစ်တယ်။ လေ့ကျင့်ခန်းမပါလို့ လိုက်လုပ်သူတွေ သဘောကျကြမယ်။ အာဟာရဓာတ်ကို ကယ်လိုရီ ၁၀၀၀ လောက်သာ ဝင်စေတယ်။ green tea လက်ဖက်စိမ်းရည် အမြဲသောက်ဖို့ လိုတယ်။ ရေကြိုက်သလောက် သောက်နိုင်တယ်။ ကျန်တာကတော့ ကြက်ဥကို အဓိကစားသောက်ရတာဖြစ်တယ်။

 

ပထမရက်တွင် မနက်စာ အတွက် ကြက်ဥပြုတ် နှစ်လုံး၊ ခရမ်းချဉ်သီးနှစ်လုံး၊ Green tea တခွက်သောက်ပါ။ နေ့လည်စာ အတွက် ကြက်ဥအကာ နှစ်လုံး၊ ငါး လက်တဖဝါးစာ၊ Green tea တခွက်သောက်ပါ။ ညနေ အစာပြေ ပန်းသီး နဲ့ ညစာ အတွက်ကိုတော့ ခါကြက်ဥ၊ ပန်းမုန်လာ၊ မုန်လာထုပ်၊ ပဲသီးတောင့် အကြော်၊ Green tea တခွက်သောက်ပါ။


ဒုတိယရက် တွင် မနက်စာ အတွက် ကြက်ဥပြုတ် နှစ်လုံး၊ ငှက်ပျောသီးနှစ်လုံး၊ Green tea တခွက် သောက်ပါ။ နေ့လည်စာအတွက် ကြက်ဥအကာ နှစ်လုံး၊ကြက်သား လက်တဖဝါးစာ၊ Green tea တခွက်သောက်ပါ။ ညနေ အစာပြေကတော့ ဒုတိယရက်နဲ့ တတိယရက်တွေပါ လုံးဝမစားရတော့ပါ။ ညစာ အတွက် ကိတ်(၁)ချပ်၊ အဆီထုတ်ထားတဲ့ နွားနို့တခွက်သောက်ပါ။

တတိယရက်တွင် မနက်စာ အတွက် ကြက်ဥပြုတ် နှစ်လုံး၊ ခရမ်းချဉ်သီးဖျော်ရည်သောက်ပါ။ နေ့လည်စာအတွက် ကြက်ဥအကာ နှစ်လုံး၊ကြက်သား လက်တဖဝါးစာ၊ Green tea တခွက်သောက်ပါ။ ညစာ – ဆလတ်ရွတ်ပြုတ်နဲ့ အာလူး၊ Green tea တခွက် သောက်ပါ။

ကြက်ဥပြုတ်တလုံးမှာ ကယ်လိုရီ (၁၅၀)လောက်ပါတယ်။ အသားကနေ ကယ်လိုရီ (၁၂၀-၁၆၀)ကြား ဝင်နေတယ်။ ပန်းသီးတလုံးမှာ ကယ်လိုရီ ၁၀၀ လောက်ပါတယ်။ စုစုပေါင်း ကယ်လိုရီ (၁၀၀၀)လောက်သာ နေ့စဉ်ဝင်နေတယ်။ ဒါ့ကြောင့် သုံးရက်ပြီးရင် ဆက်မလုပ်ပါနဲ့။ရက်အနည်းငယ်ခြားပါ။ အသက်ကြီးရင့်သူတွေ လုပ်တဲ့အခါ သတိထားသင့်တယ်။ လူငယ်လူရွယ်တွေ လိုက်လုပ်နိုင်တယ်။ သေချာလုပ်နိုင်ရင် သုံးရက်အတွင်း ၃-၆ပေါင်ထိ ဝိတ်ကျစေနိုင်တယ်။ အမြန်ဝတ်ချနည်းဖြစ်လို့ ဝိတ်ကျဖို့အတွက် အချိန်လည်းပေးနိုင် အလျင်လည်း မလိုဘူးဆိုရင်တော့ ကိုယ်နဲ့ကိုက်ညီမယ့် ဝိတ်ချနည်းကို အသုံးပြုနိုင်ပါတယ်။

 

source:Dr Aye Min Htoo

Be the first to comment

Leave a Reply

Your email address will not be published.


*