
ဂျပန်နိုင်ငံ၏ တစ်နေရာမှ အလွန် ကျဉ်းမြောင်းလှသည့်ကွန်ကရစ်လှေကား ထိပ်လေးတွင်တည်ဆောက်ထားသောနေ အိမ်ကြောင့် ဂျပန်လူမှုကွန်ရက်မီဒီယာ ပေါ်တွင် နာမည်ကြီးလျက်ရှိသည်ဟု သိ ရသည်။
အစောပိုင်းတွင် ဓာတ်ပုံပြုပြင်ထား သည်ဟုဝေဖန်ခံခဲ့ရသော်လည်း အိမ်၏ တည်နေရာကို Google Earth တွင် အ မှန်တကယ်ရှာဖွေတွေ့ရှိခဲ့ကြသည်။
ရှီဂါ စီရင်စု၊ တာကာရှီးမားမြို့၊ အာဇူမီဂါ၀ါမြို့ နယ်၊ ဂျိုဘန်ကီစီရင်စု ၂၉၄ လမ်းတွင် တည်ရှိသည်။
မှိုအိမ်ဟု အမည်တပ်ရ လောက်အောင် လှေကားလေးထိပ်တွင် နေအိမ်တည်ဆောက်ထားရသည့်အ ကြောင်းရင်းကို ပိုင်ရှင်က ထုတ်ဖော်ပြော ဆိုခြင်းမရှိသည့်အတွက် အမျိုးမျိုးမှန်းဆ ပြောဆိုနေကြသည်။
အချို့က မြေခွန် သက်သာအောင်လုပ်ဆောင်ခြင်းဖြစ် သည်ဟု ဆိုနေကြသလို အချို့ကလည်း ပိုင်ရှင်သည် မြေကွက်တွင် ကားပါကင်နှစ် နေရာသာပိုင်ဆိုင်သည့်အတွက် အိမ်တစ် လုံးကို မဖြစ်ဖြစ်အောင်တည်ဆောက်ထား ခြင်းဖြစ်သည်ဟု ခန့်မှန်းပြောဆိုနေကြ ကြောင်း သိရသည်။
Leave a Reply