ဘွဲ့ရသည်ထိ ရည်းစားမရှိသေးသဖြင့် မိဘက ပေးစားသူနှင့် မဖြစ်မနေလက်ထပ်ရမည်ဆိုသောကြောင့် ဝမ်းနည်းစွာငိုနေခဲ့သည့်အမျိုးသား

ဘွဲ့ရသည်ထိ ရည်းစားမရှိသေးသဖြင့် မိဘက ပေးစားသူနှင့် မဖြစ်မနေလက်ထပ်ရမည်ဆိုသောကြောင့် ဝမ်းနည်းစွာငိုနေခဲ့သည့်အမျိုးသား

လူမှန်ရင် အဖော်အပေါင်းနဲ့နေရမယ်ဆိုတာ လူတိုင်းလက်ခံထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အိမ်ထောင်ပြုကာ ဘ၀လက်တွဲဖော်နဲ့ အတူနေထိုင်ဖို့ လူတိုင်း လိုလားကြတာပါပဲ။ ဒါကြောင့် အသက်အရွယ်အလိုက် ပညာရှာစည်းစိမ်ရှာ လက်တွဲဖော်ရှာ စသဖြင့် အချစ်ရေးကိုလည်း တည်ဆောက်ယူရကြပါတယ်။

အချစ်ရေးဆိုတာကလည်း ကိုယ်လိုသလို ဖန်တီးမရတတ်တာလည်း ထုံးစံပါပဲ။ မိဘ ဆွေမျိုး အပေါင်းအသင်းတွေက တိုက်တွန်း လုပ်ဆောင်ပေးရတာလည်းရှိပါတယ်။

 

ဒီလိုပါပဲ ခုလည်း ကောင်လေးတစ်ယောက်က ဘွဲ့ရပြီးသော်လည်း ရည်းစားမရှိ အသက်သည်မှာလည်း ၂၄နှစ်အရွယ် ရောက်လာတာကြောင့် မိဘများက ကောင်လေးကို လက်ထပ်ရန်အတွက် ရည်စားရှိလားမေးမြန်းခဲ့ပြီး ကောင်လေးမှ မရှိကြောင်း ဆိုခဲ့သောအခါ မိဘတို့က သင့်တော်သည့်မိန်းကလေးနှင့် စီစဥ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမယ့် ကောင်လေးကတော့ ဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ လက်ထပ်လိုခြင်းမရှိသေးပေမယ့် မိဘတွေရဲ့ဆန္ဒကို မလွန်ဆန်နိုင်သောကြောင့် ငိုယိုနေခဲ့တာလည်းဖြစ်ပါတယ်။မိဘများ မင်္ဂလာပွဲကို စီစဥ်ပေးခဲ့ကြပြီး မတတ်သာတဲ့ ကောင်လေးဟာလည်း ဝမ်းနည်းပက်လက်ဖြင့် မင်္ဂလာပွဲကို ဆင်နွဲခဲ့ရတာဖြစ်ပါတယ်။

 

zaw gyi






 

Be the first to comment

Leave a Reply

Your email address will not be published.


*