ငွေချွေတာချင်တာကြောင့် Wifi အလကားရသည့် မြေအောက်ရထားဘူတာရုံသို့ သွားကာ ညတိုင်း မိသားစုနှင့် ဖုန်းပြောခဲ့သော ဆောက်လုပ်ရေးအမျိုးသားတစ်ဦး

ငွေချွေတာချင်တာကြောင့် Wifi အလကားရသည့် မြေအောက်ရထားဘူတာရုံသို့ သွားကာ ညတိုင်း မိသားစုနှင့် ဖုန်းပြောခဲ့သော ဆောက်လုပ်ရေးအမျိုးသားတစ်ဦး

 

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ အမျိုးသားတစ်ဦးသည် ဇနီးနှင့်သမီးနှစ်ယောက်ရှိကာ စားဝတ်နေရေးအဆင်ပြေအောင် မိသားစုနှင့်ခွဲပြီး မြို့ပေါ်သို့သွားရောက်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

အမျိုးသားသည် သူနာပြုသင်တန်းတက်နေသော သမီးနှစ်ယောက်ရဲ့ စရိတ်သည်လည်း မလွယ်ကူပဲရှိရာ အလုပ်ကြိုးစားပြီး လုပ်အားခအား အတတ်နိုင်ဆုံး ချွေတာစုဆောင်း၍ အိမ်ပြန်ပို့ခဲ့သည်။

အမျိုးသားသည် ဇနီးနှင့် သမီးလေးနှစ်ယောက်ကို အရမ်းချစ်ကာ အလုပ်နားချိန် ညဖက်ရောက်သည့်အခါ စကားပြောချင်သည့်အတွက် လုပ်ငန်းခွင်နှင့် သိပ်မဝေးသော မြေအောက်မီးရထားဘူတာရုံသို့ သွားခဲ့သည်။

 

အမျိုးသားသည် အင်တာနက်ပက်ကေ့ချ်များဝယ်ယူလိုက်လျှင် အိမ်ကိုလစာပို့သည့်အခါ လျော့မည်စိုး၍ Wifi အခမဲ့သုံးလို့ရမည့် ရထားဘူတာရုံမှာပဲ မိသားစုနှင့် ဖုန်းပြောခဲ့သည်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*